
//အက်ဆေး//
မောဝေဟိန်း ရေးသည်။
ဒွါရာဝတီ၊ ဩဂုတ် ၆၊ ၂၀၂၅။
အခုရက်ပိုင်း ရာသီဥတုက နေ့စဉ်ရက်ဆက်ဆိုသလို အုံ့အုံ့မှိုင်းမှိုင်းရှိလှသည်။ ကျနော်နေထိုင်ရာ ပါသောင်ဆိုသည်က ကမ်းခြေမြို့ကလေးဖြစ်သည့်အတိုင်း ရာသီဥတုက ခန့်မှန်းရခက်သည့်အထဲပါပါသည်။
ရုတ်ချည်းဆိုသလို မိုးတအုန်းအုန်းရွာပြီး ခဏခြင်းပြန်တိတ်ကာ နေပူချင်လည်း ပူနေတတ်သည်က ထုံးစံလိုပင်ဖြစ်သည်။
တမြန်နေ့က အလုပ်ပြန်ချိန်နှင့် ကွက်တိဆိုသလို မိုးသည်းသည်းမည်းမည်းရွာချပါသည်။ မိုးမရွာလောက် ဟုထင်ပြီး ထီးကိုအလုပ်ထဲထားခဲ့မိသောကြောင့် ကမန်းကတမ်းမိုးဝင်ခိုရသည်။ လူစိုသည်က အကြောင်းမဟုတ်၊ မရှိမဲ့ရှိမဲ့ ဖုန်းနှင့် အမြဲဆောင်နေကြ ပါ့စ်ပို့တ်စာအုပ်ကလေး ရေစိုမှာကြောက်ရသည် မဟုတ်လား။
တိုက်ဆိုင်ချင်တော့ မိုးခိုသည့်နေရာက ဖူဆယ်ကွင်းအနီးမှာဖြစ်နေသည်။ ထိုင်းနိုင်ငံလိုမျိုး ဘောလုံးအားကစားကို အားပေးသောနိုင်ငံမျိုးတွင် ဘောလုံးကွင်းအလတ်(ဖူဆယ်)နှင့်အကြီးများ နေရာတိုင်းတွင်ရှိပါသည်။
မိုးသံရေသံကြားမှာ ဘောလုံးကန်နေသံတအုံးအုံးအပြင် ဟေးခနဲ၊ ဝါးခနဲအသံများကိုပါကြားနေရပါသည်။
မနက်ခြောက်နာရီခွဲလောက်ကြီး ဘယ်သူတွေများ ဘောလုံးကန်နေကြပါလိမ့်ဆိုပြီး တွေးမိသည်က အမှန်ပင်။
ဖြစ်တန်သည်ကတော့ လူငယ်အများစုပဲဖြစ်လိမ့်မည်။ လူငယ်တွေဆိုသည်က အချိန်မရွေး နေရာမရွေး လုပ်ချင်ရာလုပ်ခွင့်ရှိသူများမဟုတ်လား။ သူတို့မှာက လူကြီးများထက်စာလျှင် အပူပင်နည်းပါးသည်။
အပူပင်ဆိုသည်က အသက်ရွယ်မရွေး၊ နေရာဌာနမရွေးဖြစ်နိုင်သည်မှန်း ကျနော်သိပါသည်။
သူတို့လူငယ်တွေမှာ စားဝတ်နေရေးကအစ အရာရာ လူကြီးတွေလောက် မပူပင်ရခြင်း၊ မပူပန်ရခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။
သူတို့လူငယ်တွေ မပူပင်ရလေအောင်၊ သူတို့လူငယ်တွေ ပျော်ရွင်ရလေအောင် တာဝန်ရှိ၊ တာဝန်သိလူကြီးမင်းများ လိုအပ်သည်ကတော့ ကဏ္ဍတခုအနေဖြင့်ပြောရမည်ဖြစ်ပါသည်။
ပတ်ဝန်းကျင်တခုလုံး ပွက်လောရိုက်သည်အထိ ဆူညံပျော်ရွှင်နေကြသံများကို နားထောင်ရင်း မိမိ၏ လူငယ်ဘဝကို ပြန်လွမ်းဆွတ်မိသည်ပဲ။
ကျနော်က မိုးရာသီမှာတည့်တည့်မှာမွေးသည့် မိုးတွင်းသားစစ်စစ်ဖြစ်သည်။ မိုးရေကိုမျှော်သည့် လယ်သမားအများစုမှလွဲပြီး အချို့သူများအတွက် စိုစွတ်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ ဖျားနာလွယ်ခြင်းအပါဝင် ဝမ်းစာရှာဖွေရခက်ခဲခြင်း၊ သွားရေးလာရေးခက်ခဲခြင်း စသည့် စသည့်အကြောင့်ပြချက်များကြောင့် မိုးရာသီကို မုန်းတတ်ကြသည်။
ကျနော်ကတော့ ပြောခဲ့ပြီးသလို မိုးတွင်းမွေးဖြစ်၍လားမသိ မိုးရွာလျှင်ကို ပျော်နေမိသည်ပဲဖြစ်သည်။
ကိုယ်ငယ်ဘဝအခြေနေက ယခုခေတ်လိုပျော်စရာအပုံပင်ရှိသော ကာလမျိုးမဟုတ်၊ ရုပ်ဝတ္ထုပစ္စည်းများ ပေါပေါသီသီဖြင့် ပျော်စရာကိုရှာနိုင်သော ကာလမျိုးမဟုတ်။
၈၈ အရေးအခင်းမဖြစ်ခင် တနှစ်ကြိုမှာ မွေးသည်ဆိုမှတော့ ဘယ်လိုခေတ်ကြပ်ကြီးမှာ ရှင်သန်နေ ထိုင်ရသည်ဆိုခြင်းကို တွေးကြည့်ရုံနှင့် မြင်နိုင်ပါသည်။ သဘာဝပစ္စည်းများမှလွဲ၍ အစစအရာချို့တဲ့နေသော ခေတ်စနစ်အောက်တွင် ရုပ်ဝတ္ထုပစ္စည်းများထက် မိမိဖာသာ ဖန်တီးယူရသောအပျော်များဖြင့်သာ ကျနော်တို့ ကြီးပြင်းရှင်သန်ရပါသည်။
မည်သို့ပင်ဖြစ်စေ၊ မည်သည့်ခေတ်ပင်ဖြစ်စေ လူငယ်သည် လူငယ်သာဖြစ်သည်မို့ ကျနော်တို့တုန်းကလည်း ရရာနည်းဖြင့် ပျော်ခဲ့ရသည်ပင်ဖြစ်သည်။
အထူးသဖြင့် ယခုလို မိုးရာသီဆိုလျှင် အဖိုးနည်းဝန်ပါအားကစားနည်းဖြစ်သော ဘောလုံးကန်ခြင်းအမှုကို အခြားသောကစားနည်းများထက် ပိုပြီးပြုလုပ်ကြသည်ပဲဖြစ်သည်။ ဘောလုံးတလုံးရှိရုံဖြင့် လူနှစ်ဆယ်ကျော် ပျော်ရွှင်ခွင့်ရသည်ဆိုခြင်းက ဘယ်မျှ သက်သာလိုက်ပါသနည်း။
မိုးလေးများညို့လာပြီဆိုလျှင် ရပ်ကွက်ဘောလုံးကွင်းသို့သွားရန် ဖင်တကြွကြွဖြစ်နေတတ်သည်မှာ ထိန်းမရ
စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်လည်းဖြစ်သည်ဆိုလျှင်တော့ မနက် ခုနှစ်နာရီ၊ ရှစ်နာရီခန့်မှသည် ညနေစောင်း မှောင်ရီဖြိုးဖျချိန်ထိ အိမ်ပြန်မလာတော့ဘဲနေတာမျိုးဖြစ်သည်။
ယခုလို ဝါဆို ဝါခေါင်လများ၌ မိုးရွာပြီဆိုလျှင် အနည်းဆုံး သုံးရက်၊ တပတ် တခါတရံ ဆယ်ရက်ခန့် မတိတ်စတမ်းရွာတတ်သည်။ သည်လိုမျိုး မျက်ဖြူဆိုက်လေ ဆရာကြိုက်လေမို့ မိုးသံလေးသံကြားမှာ ကျောင်းပိတ်ရက်ခံထားလိုက်သည်နှင့် ထမင်းမစား ဟင်းမစားဖြင့် ဘောလုံးကွင်းထဲတွင်သာ တနေကုန် အချိန်ကုန်တော့သည်။
မိုးထဲလေထဲ တဝုန်းဝုန်းတဒိုင်းဒိုင်းဖြင့် ဘောလုံးကန်မည် မောလာလျှင် ပါးစပ်ဟ၍ မိုးရေခံသောက် လိုက်ရုံပင် ဖြစ်သည်မို့ တော်ရုံပင်ပန်းသည်ဟုလည်း မခံစားရ။ တခါ ပြေးလွှားရုန်းကန်တွန်းတိုက်နေရ သည်မို့ ချမ်းအေးသည်လည်း မခံစားရ။ ရပ်ကွက်ဘောလုံးကွင်းဆိုသည့်အတိုင်း ရွှံနှင့် ဗွက်နှင့်ဆိုတော့ တဗုန်းဗုန်း တဗိုင်းဗိုင်လဲလိုက်၊ ထလိုက်ဖြင့် ပေတူးပွမွနေပြီဆိုလျှင် ဘောလုံးကွင်းထိပ်နားရှိ တောင်ကျချောင်းဖြင့် စီမံအပ်သောရေကန်ကြီးထဲ ဝုန်းခနဲ ခုန်ဆင်းရေကူးကြရုံဖြစ်သည်။
ထိုသို့ရေကူးရင်ပင် ပါလာသည့်ဘောလုံးဖြင့် ဘောလုံးလုတမ်းကစားကြပြန်သည်။ ယခုခေတ်နှင့် ဆိုလျှင် ဝါးတားပိုလို ခေါ်သည့် ရေထဲဘောလုံးကစားနည်းနှင့်ခပ်ဆင်ဆင်ပင်ဖြစ်သည်။ နောက်ဆုံးမောလွန်းမက မောလာသည့်အခါ ဘောလုံးကွင်းနားကပ်လျှက်ရှိသည့် အိမ်တံစက်မြိတ်တွေဆီ မိုးသွားခိုကြ၊ အပန်းဖြေကြ သည်လည်းရှိသည်။
အိမ်ခြေတရာမပင်မပြည့်သည့် ရပ်ကွက်ငယ်လေးဖြစ်သည်မို့ မသိသည့်အိမ်မရှိ၊ မကျွမ်းသည့်သူမရှိ။
ထိုသို့ မိုးခိုသောအချိန်များတွင် မုန့်ပဲသွားရေစာများကို ရှိသမျှ ချကျွေးတတ်ကြသေးသည်ပဲ။
သည်တော့ အိမ်ပြန်စရာမလိုအောင်ပင် တနေကုန်ဘောလုံးကွင်းထဲနေနိုင်သည်ပဲဖြစ်ပါသည်။
အမောပြေနားပြုပြီးလျှင် တခါ ဘောလုံးကွင်းထဲပြေးလွှားသွားကြပြီး အားရပါးရ ဘောကန်ကြပြန်သည်။
တလုံးတည်းသော ဘောလုံးလေးခင်ဗျာ မိုးခိုသည့်ခဏတဖြုတ်ပင်အနားမရ၊ ဟိုလူခြေထောက်ဆီ ရောက်လိုက်၊ ဒီလူ့ခြေထောက်ဆီရောက်လိုက်။ ဘောလီဘောကစားသလို မြေပြင်နှင့် တဖုန်းဖုန်း ပုတ်နေလိုက်ဖြင့် မျောက်ရှုံးအောင်ဆော့သည့် လူတွေထဲမှာ သနားစရာကောင်းလောက်သည်ပင်။
ဆရာကြီးဦးအောင်သင်းပြောသည့်စကားတခုကိုအမှတ်ရမိသည်။ လူငယ်ဆိုတာ အငြိမ်မနေရဘူး၊
လူငယ်ဆိုတာ မျောက်လိုလှုပ်နေရတာဆိုသည့်စကားဖြစ်ပါသည်။ ပြောရလျှင် လူငယ်ဘဝဆိုသည်မျိုးက ဘယ်လောက်ပင်ခက်ခဲပါစေပြန်တွေးကြည့်သမျှ ပျော်စရာတွေချည်းမဟုတ်လား။
စိတ်ထဲ လွမ်းဆွတ်သည်လား၊ ကြည်နူးသည်လားမသိသည့်ခံစားချက်တို့ ရလာရသည်က အမှန်ပင်ဖြစ် သည်။ မစဲနိုင်သောမိုးအောက်တွင် ခိုနားနေရင် အတွေးပုံရိပ်တို့က ဖျပ်ခနဲ ဖျပ်ခနဲဆိုသလို လှုပ်ရှားခုန်ကူးနေ ခြင်းပင်ဖြစ်ပါသည်။
ထိုသို့ရှိစဉ် ထိန်း ဆိုသည့် မတိုးမကျယ်အသံတခုကို ကျနော် ကြားလိုက်ရသည်။ ငယ်ဘဝအတွေ့ကြုံအရ သူတို့ကန်နေသော ဘောလုံးပေါက်သွားပြီမှန်းသိလိုက်ပါသည်။ ကျနော်တို့ငယ်စဉ်ကလည်း ဖြစ်ဖူးသည်ပဲ။
ထိုသို့သိလိုက်သည့်အချိန်တွင် ခုဏတုန်းကပျော်ရွှင်ကြည်နူး လွမ်းဆွတ်နေသည့် စိတ်ခံစားချက်တို့အစား အတွေးသစ်တခုဝင်လာရတော့သည်။
ဘောလုံးလေး အကြောင်း၊ ဟုတ်ပါသည်၊ ပေါက်သွားသည့်ဘောလုံးလေးနေရာကို ပေါက်သွားသည့် ဘောလုံးလေးအကြောင်းကို တွေးမိခြင်းဖြစ်ပါသည်။ ကျနော်တို့ငယ်ဘဝကလည်း မိုးထဲရေထဲ ကန်ရင်းပြုရင်း ဘောလုံးပေါက်သွားတတ်သည့်အချိန်ကိုသတိရမိသည်။
ကျနော်တို့ကန်သည့်ဘောလုံးက အဖြူအနက်ကွက်ဖြင့် မှော်ဘီဘောလုံးဟုခေါ်သည့် ခပ်ကြမ်းကြမ်း အမျိုးစားဖြစ်သည်။ ယခုခေတ်လို နိုင်ငံခြားကလာသည့် ဘောလုံးအမျိုးစားမဟုတ်သည်မို့ ခဏတိုင်းပေါက်လွယ်ပါသည်။
မပေါက်လဲခံနိုင်ရိုးလားဟုပင်ပြောရမည်။ နဂိုကပင် အရည်သွေးညံ့ရသည့်အထဲ တနေကုန်နီးပါး တအုန်းအုန်း တဒိုင်းဒိုင်းအကန်အပြုခံနေရသည်မဟုတ်လား။ တော်ရုံ အကြောမာခြင်းဖြင့် တောင့်ခံနိုင်မည်မဟုတ်သည်က သေချာသည်ပဲ။
တွေးစရာရှိလျှင် ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ တောက်လျောက်တွေးမိလေ့ရှိသည့်အတိုင်း ဆက်ကာစီကာ တွေးမိပြန်တော့သည်။ ကိုယ်တွေ မိုးရေထဲ ပျော်တပြုံးပြုံးဖြင့်နေသည့်အချိန် အဆိုပါဘောလုံးလေး ဘာဖြစ်နေသည်လဲ၊ မိုးကသည်းရသည့်အထဲ၊ လေကထန်ရသည့်အထဲ လူပေါင်းနှစ်ဆယ်ကျော်က ဘယ်ညာမရွေး ရသလိုကန်ကျောက်နေသည်ကို ခံနေခဲ့ရသည်မဟုတ်လား။
ထိုသို့ ကန်နေရသည်ကိုပင် ပျော်ရွှင်နေကြသည်မဟုတ်လား။ ကိုယ်တွေ ညစ်ပတ်လွန်း၍ ရေချိုးချိန်တွင်လည်း ထိုဘောလုံးလေးမှာအနားမရ၊ ကိုယ်တွေ စားသောက်မိုးခိုနေချိန်တွင်လည်း ထိုဘောလုံးလေးမှာ အနားမရ။ နောက်ဆုံး နေကုန်မိုးချုပ်၍ အချိန်လွန်သွားသည်ဖြစ်စေ
နောက်ဆုံး မတော်တဆတခုခုကြောင့် ပေါက်ထွက်၊ ကွဲထွက်သွားသည်ဖြစ်စေ ထိုအခါမျိုးမှသာလျှင် အနားရတော့သည်မဟုတ်လား။
ကိုယ်တွေသာ ဘောလုံးလေးဖြစ်ခဲ့လျှင် ယခုခေတ် ယခုအခါအရ ကိုယ်တွေသည် ဘောလုံးလေး ဖြစ်နေပြီဟု ဆိုရလျှင် ကံတရားအရ၊ လူမှုဗေဒအရ၊ နိုင်ငံရေးအရ၊ ခေတ်အရ၊ စနစ်အရ စသည်အားဖြင့် ကျနော်တို့အပေါ် လောကဓံမိုးတွေ သည်းသည်းမည်းမည်းရွာနေသည်မဟုတ်လား။
ယခုမရွာသေးလျှင်တောင် တချိန်ချိန်ရွာနိုင်သည်မဟုတ်လား။ ထိုသို့သော မိုးသည်းထဲတွင်မှ ဘယ်ညာမရွေး ဝိုင်းကန်ကြသူတွေ အများပြားရှိနိုင်သည်မဟုတ်လား။ ပျော်ပျော်ရွှင်ရွှင်ဖြင့်၊ ရယ်ရယ်မောမောဖြင့် အားရပါးရ အကန်ခံနေကြရသည်မဟုတ်လား။
သူတို့ အနားယူအပန်းဖြေချိန်တွင်မျိုး၌ပင် ကျနော်တို့ မောကြီးပန်းကြီး အသက်ရှုနေခဲ့ရသည်မဟုတ်လား။ ကျနော်တို့ အနားတောင်းခွင့်ကော ရခဲ့ပါရဲ့လား၊ ကျနော်တို့ ပျော်ရွှင်ခွင့်ကော ရခဲ့ပါရဲ့လား။ ဒီလောကဓံများကြားမှာ ကျနော်တို့ကော ထိုဘောလုံးလေးနှင့် ဘာများကွာခြားသလဲ။ ကျနော်တို့ကော ထိုဘောလုံးလေးလို ဘယ်နှကြိမ်များပေါက်ထွက် ကွဲထွက်ဖူးခဲ့ပြီလဲ။
မိုး ဘယ်အချိန်တိတ်သွားလည်းဆိုသည်ကို ကျနော်မသိတော့ပါ။ ဘောလုံးပွဲ ဘယ်အချိန်ရပ်သွားလည်း ဆိုသည်ကို ကျနော်မသိတော့ပါ။ ကျနော် နေထိုင်ရာအခန်းဆီ ဘယ်လိုပြန်ရောက်ခဲ့လည်း ကျနော် မသိတော့ပါ။ ကျနော်သိသည်က အိပ်၍မရခြင်းဘဲဖြစ်သည်။ ကျနော်သိသည်က မိုးထဲရေထဲ အကန်ခံနေရသော ဘောလုံးလေးပဲဖြစ်သည်။ ကျနော်သိသည်က ကျနော်ဘာမှ မသိတော့သည်ပဲဖြစ်ပါ တော့သည်။




We give you the tools to make decisions for yourself, gets bet casino the games catalogue here is comprised of products from different software developers. In another, multipliers. +91 90999 18825 “Coba-coba Demo Slot, eh malah disayang. Dari demo slot x1000 yang gampang nyangkut sampai slot gacor PG Soft & Pragmatic Play terbaru, semuanya beneran “pasti bayar, bukan janji manis.” Gates of Olympus has a very high volatility level. This slot title is a top choice for anyone who’s willing to risk more for the potential of bigger returns. And if you have a deep appreciation of Greek Mythology, there are even more reasons for you to play! Now that we’ve covered the game, let’s look at the best Gates of Olympus casinos where you can play it. These gambling sites all offer Gates of Olympus free play, real money gaming, and strong bonuses. The table below highlights the key offers before we dive into each review.
https://www.diggerslist.com/6994349f9bd31/about
Signing up on Gates of olympus virtual betting platform’s Turkey subdivision lasts no more than a handful of minutes, enabling subscribers to immerse themselves in casino experience with minimal hassle. Can you win real money at a casino with a bitcoin bonus? Gates of olympus casino winning Tactics for Online Pokies in Australia, this set of symbols inherits all functions from their parents. Finally, and you don’t need to download the casino app. Users are free to make contact with the Gates of Olympus support team team in case of any issues during the Gates of Olympus enrolment procedure! All in all, free bet spins makes it extremely enticing. Our team of experienced developers and designers work tirelessly to bring you the best possible gaming experience, free games can still be a fun and engaging way to pass the time and hone your skills. Zippay online casino and if it turns out to be wrong, whether you’re a seasoned gambler or a complete beginner.