
ဒွါရာဝတီ
သံတွဲ၊ ဇွန်၊ ၂၄၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ သံတွဲမြို့ ၊ အနော်ရထာလမ်းရှိ လူနေအိမ်တလုံးပေါ်သို့ ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည် ပထမဆုံးအကြိမ် ကျရောက်ခဲ့ကြောင်း ဒေသခံတဦးထံမှသိရသည်။
အဆိုပါလက်နက်ကြီးကျည်ကျရောက်ခဲ့ခြင်းကြောင့် အိမ်အပေါ်ဘက်ရှိ ဘေးနံရံ ၂ပေပတ်လည်ခန့် ပြိုကျသွားကြောင်း သံတွဲဒေသခံတဦးက လူမှုကွန်ရက်စာမျက်နှာတွင် တင်ပြထားသည်။
“သံတွဲမြို့ထဲကိုလက်နက်ကြီး ကျလာပြီ၊ ကိုခိုင်၊ မမလေးအိမ်အပေါ်ဘက် ဒါဘာက ဘေးနံရံ၂ပေပတ်လည်လောက်ပြိုကျသွားတယ်၊ နားလည်တဲ့လူတွေကတော့ ရှော့တိုက်ဒုံးလို့ပြောတယ်၊ ကျနော်ကတော့ နားမလည်ပါ” ဟု ရေးသားဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် မိုင် ၂၀ ကျော်အကွာတွင် လွန်ခဲ့သည့် ၂လကျော်ကည်းက အာရက္ခတပ်တော် အေအေနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများစတင် ဖြစ်ပွားနေခဲ့ပြီး၊ မြို့နှင့် တဖြည်းဖြည်း နီးကပ်လာရာမှ ယခုကဲ့သို့ လက်နက်ကြီးကျည် မြို့ပေါ်သို့ ပထမဆုံးအကြိမ် ကျရောက်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျည်အမျိုးအစားနှင့် ပတ်သက်၍ ယခုကဲ့သို့ ဖော်ပြထားသည်ကို တွေ့ရသည်။




Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?