
မင်းသစ်
ဂွ၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၄။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား နှစ်ဘက်တိုက်ပွဲများပြင်းထန်နေသည့် ဂွမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာ ၁၅ ရက် ယနေ့ နေ့လယ် ၁၂ နာရီနှင့် မွန်းလွဲ ၁ နာရီအချိန်၌ စစ်ကောင်စီသည် ဂွမြို့ပေါ်သို့ လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံတွဲမြို့ဘက်သို့သွားသည့် ဂွမြို့အထွက်ရှိ ကျော်စံစက်သုံးဆီအရောင်းဆိုင်နှင့် ဂွမြို့ ပြည်သူ့ဆေးရုံးကြီးကို ဗုံးထိမှန်ခဲ့သည်ဟု ဒေသခံနှင့် နီးစပ်သူတဦးက ပြောသည်။
“ဂွမြို့အထွက် သံတွဲဘက်ကို ထွက်တဲ့ဘက်က ကျော်စံဆီဆိုင်နားကို ၂ စီးလာကြဲသွားတယ်။ ဂွဆေးရုံလည်း ထိထားတယ်လို့ပြောတယ်” ဟု မြေပြင်နှင့်အဆက်အသွယ်ရသည့် စစ်ရှောင်ဂွမြို့ခံတဦးက ပြောသည်။
ဂွမြို့ ပြည်သူ့ဆေးရုံ ဗုံးထိမှန်ခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို စုံစမ်းမသိရသေးဘဲ သွားရောက်ကြည့်ရှုရန်လည်း မဖြစ်နိုင်သေးကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားပြီး စစ်ရှောင် မြို့ခံတဦးက ရှင်းပြသည်။
လက်ရှိ၌ ဂွမြို့ပေါ်ရှိ စစ်ကောင်စီ၏ တပ်ရင်းနှင့် ကင်းစခန်းများကို အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
စစ်ကောင်စီသည် ဂွမြို့ပေါ်ရှိ အမှတ် ၅၆၂ တပ်ရင်း၊ အမှတ် ၅၆၃ တပ်ရင်းနှင့် လေယာဉ်ကွင်းဟောင်းနေရာ များ၌ လက်နက်ကြီးများတပ်ဆင်ထားခြင်း၊ ရခိုင်ရိုးမပေါ်၌လည်း စွမ်းထက်ထမင်းဆိုင်ရှေ့၊ ၁၉ မိုင် နှင့် ဗေဒါစစ်ဆေးရေးဂိတ်များ၌လည်း လက်နက်ကြီးများတပ်ဆင်ထားပြီး ခံစစ်ပြင်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
#ဂွ #စစ်ကောင်စီ #လေယာဉ် #ဆေးရုံ



Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://accounts.binance.com/kz/register?ref=K8NFKJBQ