
ဂွ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၄။
ရခိုင်ပြည်၊ ဂွမြို့၌ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီသည် ဒီဇင်ဘာ ၁၄ ရက် ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကား အစီး ၂၀ ကျော်ဖြင့် စစ်အင်အား ထပ်မံ ဖြည့်တင်းကာ မြို့ပေါ်တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။
ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီ၏ စစ်ကား အစီး ၂၀ ကျော်သည် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် စစ်သားများကိုတင်ဆောင်ကာ ငသိုင်းချောင်းမှတဆင့် ရိုးမကိုကျော်ပြီး ဂွမြို့သို့ မောင်းနှင်သွားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကားတစီးလျှင် လက်နက်အပြည့်အစုံနှင့် ယူနီဖောင်းဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်သား ၃၀ ခန့်လိုက်ပါ သွားကြောင်း၊ စစ်သားများမှာ အသက်ကြီးသူ၊ အသက်ငယ်ရွယ်သူ အစုံပါသည်ကို တွေ့မြင့်ခဲ့ရသည်ဟု စစ်ကောင်စီ၏ စစ်ယာဉ်တန်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ တဦးက ဆိုသည်။
“ဒီနေ့ည ဂွမှာ အကြီးအကျယ်ဖြစ်မလား မသိဘူး။ ဂွမြို့ဘက်ကို စစ်ကားတွေအများကြီးသွားကြတာဆိုပြီး (ဒေဿခံတွေက) စိုးရိမ်နေကြတယ်” ဟု သူက ပြောသည်။
လက်ရှိ၌ ဂွမြို့အလယ်ရွာတွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု သိရသည်။



Your point of view caught my eye and was very interesting. Thanks. I have a question for you. https://accounts.binance.bh/register/person?ref=GGYHGRE