
သံတွဲ၊ ၁၁၊ ဇူလိုင်၊ ၂၀၂၄။
တိုက်ပွဲများပြင်းထန်နေသဖြင့် စစ်ဘေးရှောင်နေရသည့် သံတွဲသူ၊ သံတွဲသား လူငယ်များအား လစာကောင်းကောင်း ပေးမည့် အလုပ်ခေါ်စာများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး၊ ယင်းကြော်ငြာများသည် လူလိမ်ဂိုဏ်းများဖြစ်နိုင်သည့်အတွက် အထူး သတိထားရန်လိုအပ်ကြောင်း သံတွဲဒေသခံများအချင်းချင်း သတိပေးလျှက်ရှိကြသည်။
အလုပ်ခေါင်းစဉ်အမျိုးမျိုးဖြင့် အသက် ၁၈နှစ်မှ ၂၅နှစ်ဝန်းကျင်အတွင်း လူငယ်များကို လူအင်အားများများခေါ်နေသော အလုပ်ကြော်ငြာများသည် အဖွဲ့လိုက် လိမ်လည် နေသည့် လူလိမ်ဂိုဏ်းများ ဖြစ်နိုင် ကြောင်း သံတွဲဒေသခံအမျိုးသမီးတဦးက ပြောသည်။
သူက “အယုံလွယ်တဲ့သူကတော့ ယူနီဖောင်းကြေး၊ လျှောက်လွှာကြေးဆိုပြီး အရင် ငွေတောင်းခံရလိမ့်မယ်၊ ကိုယ့်ဒေသကလူတွေကို သတိပေးချင်တာက အယုံမလွယ် ကြပါနဲ့” ဟု သတိပေးသည်။
အဆိုပါအလုပ်ကြော်ငြာများတွင် အတွေ့အကြုံရှိရန်မလိုကြောင်း၊ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့်ရှိရင် လစာ ၄သိန်းခွဲနှင့် အချိန်ပိုကြေးများ၊ အခြား ခံစားခွင့်များရနိုင်ကြောင်း၊ အင်တာဗျူးဝင်ပြီးသည်နှင့် ချက်ချင်းအလုပ်ဆင်းနိုင်ရမည် စသည့် အချက်များကို တွေ့ရသလို၊ စက်ရုံ၊ အလုပ်ရုံလိပ်စာများကို တိတိကျကျ ဖော်ပြထားခြင်းမရှိကြောင်း တွေ့ရှိရသည်။
အလားတူ သံတွဲမြို့ခံတဦးကလည်း “အခုကာလမှာ အခြေအနေအရပ်ရပ်ကြောင့် ရွှေ့ပြောင်းနေထိုင်ကြသူတွေမှာ ငွေကြေးနဲ့ အလုပ်အကိုင်လိုအပ်ချက်တွေ မြင့်မားနေတာကို အခွင့်ကောင်းယူပြီး အလုပ်ရှာပေးမယ့်ပုံစံနဲ့ ငွေကြေးလိမ်လည်မှုတွေ ဆက်တိုက်ဖြစ်နေတယ်၊ အလုပ်ရှာတဲ့ခါ သတိထားဖို့နဲ့ လူကိုပါ အန္တရာယ်ဖြစ်နိုင်တဲ့ အတွက် သတိအထူးပြုကြပါ” ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် သတိပေးထား သည်။
“အွန်လိုင်းရဲ့အထာကို မသိတဲ့လူတွေက ရှယ်ရင်းနဲ့ ငွေရ၊ အလုပ်ရ ဖြစ်တော့မယ် အခြေအနေမှာ အလိမ်ခံရတဲ့ သဘောမျိုးကို တွေ့ရတယ် ” ဟု အထက်ပါ ဒေသခံက ပြောသည်။
အလားတူ အလုပ်ခေါ်စာများတွင်ပါရှိသည့် ဖုန်းနံပတ်မှတဆင့် ဆက်သွယ်စုံစမ်းခဲ့သူ တဦးကလည်း “မသင်္ကာတဲ့ ကြော်ငြာတခုကို ဆက်သွယ်ကြည့်တော့ လူကိုယ်တိုင် ရုံးကို လာလျှောက်ရမယ်ပြောတယ်၊ ရုံးလိပ်စာ အတိအကျမပြောဘူး၊ လာလျှောက်တဲ့အခါ ဖုန်းဆက်လိုက် ဆိုတာမျိုးပြောတယ်၊ ဒညင်းကုန်းမှတ်တိုင်ကို အရင်လာခဲ့၊ အဲ့ကို ရောက်ရင်ဖုန်းဆက် လိပ်စာပေးမယ်လို့ပြောတယ်၊ ကျန်တာထပ်မေးတဲ့အခါ မပြောတော့ဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေတယ်၊ အဲဒါက ပြဿနာပိုကြီးတယ်၊ သူတို့က ကြိုစောင့်ကြည့်နေပြီး လူကိုပါ အန္တရာယ်ပေးနိုင်တယ် ”ဟု သူ၏ အတွေ့အကြုံကို ဒွါရာဝတီသို့ ပြောသည်။
အဆိုပါ အလုပ်ခေါ်စာများကို သံတွဲသူ၊ သံတွဲသားများရှိရာ လူမှုကွန်ရက် စာမျက်နှာ များတွင်လည်းကောင်း၊ တဦးနှင့်တဦး အလုပ်ရရှိစေရန် စေတနာဖြင့်လည်းကောင်း ပြန်လည်မျှဝေနေသူများ အများအပြားရှိနေသည်ကို တွေ့ရသည်။



Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://www.binance.com/hu/register?ref=IQY5TET4
Your point of view caught my eye and was very interesting. Thanks. I have a question for you.
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.