LifestyleProfile

သံတွဲ သစ္စာ အပိုင်း (၇)

နိုင်ဝင်းအောင် ရေးသည်။

ဒွါရာဝတီ၊ မေ ၁ ၊ ၂၀၂၅။

သံတွဲမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ၅ ရက်မြောက်နေ့မှာ အမျိုးသားတဦးအဖမ်းခံလိုက်ရတဲ့ နောက် လမ်းပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုရဲ့ အင်အားဟာ ၆ ရက်မြောက်နေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ သိသိသာသာလျော့နည်းသွားတယ်လို့ ဆိုရမယ်။

ဖေဖော်ဝါရီ ၈ ရက်ကတည်းက တရက်မှ မရပ်အနားဘဲ ဆက်တိုက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ သံတွဲ ပြည်သူတွေဟာ စစ်တပ်ရဲ့ လက်နက်နဲ့ ခြိမ်းခြောက်၊ အတင်းအဓမ္မဖမ်းဆီးမှုတွေ လုပ်လာတဲ့အခါ ဆန္ဒပြပွဲ ကိုယ်ရှိန်သတ်လိုက်ကြတယ်။ ဒါပေမဲ့ လုံးဝရပ်တန့်သွားတာမျိုးတော့ မဟုတ်ဘူး။ သောင်းချီနေတဲ့ လူအုပ်ကြီးဟာ ထောင်ဂဏန်းလောက်သာ ကျန်တော့တယ်။ အဲဒီကျန်ရှိနေတဲ့ ထောင်ဂဏန်ဟာ တကယ့်အမာခံဆန္ဒပြလူထုလို့ ဆိုရမယ်။

သံတွဲမြို့ဟာ နယ်မြို့ငယ်လေးတခု၊ မြို့သူမြို့သားတွေဟာ မိသားစုတွေလို နေထိုင်ကြတဲ့ မြို့လေးတမြို့၊ မြို့ပေါ်တက်၊ လမ်းပေါ်ထွက်လိုက်တာနဲ့ ဒါကတော့ဖြင့် ဘယ်သူ၊ ဘာလုပ်တယ်၊ ဘယ်မှာနေတယ်ဆိုတာ သိနိုင်နေတဲ့အခြေအနေတခုမှာ စစ်တပ်ကို အန်တုပြီး လမ်းပေါ်ထွက်၊ သေနတ်ကိုင်ထားတဲ့ ရဲ နဲ့ စစ်သားတွေ ရှေ့မှာ မျက်နှာချင်ဆိုင်ရဲတဲ့သတ္တိဟာ ဩချလောက်တယ်။ သေနတ်ပြောင်းဝတွေရဲ့ ရှေ့မှာ မတ်တပ်ရပ်ရဲတဲ့ သတ္တိဟာ တခြားမြို့ကြီးတွေနဲ့အတူ ရင်ပေါင်တန်းပြလိုက်တယ်။

စစ်တပ်က မတရားလုယူသွားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြန်ရဖို့ ဒီလောက်မလွယ်ကူဘူးဆိုတာ သိသိရက်နဲ့ သံတွဲပြည်သူတွေဟာ လမ်းပေါ်ထွက်ခဲ့ကြတယ်။ သေနတ်ကိုင်ထားတဲ့ အကြမ်းဖက်သမားတွေကို ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြကြမယ့် တော်လှန်ရေးလမ်းခရီးမှာ အထိအခိုက်၊ အဖမ်းအဆီးတွေရှိမယ်၊ အကျဉ်းချ အပြစ်ပေးခံရနိုင်တယ်၊ အခန့်အသင့်ရင် အသက်ပါ ပေးရနိုင်တယ်ဆိုတာ သိသိကြီးနဲ့ သံတွဲပြည်သူတွေဟာ သူတို့တန်ဖိုးထားတဲ့ အရာတွေကို ပြန်ရဖို့ ဘဝတွေ၊ အသက်တွေနဲ့ အလဲအထပ်လုပ်ခဲ့ကြတယ်။

ဒီလူတွေဟာ သာကူး မလုပ်ဘူး၊ ရေသာခို ရေစုန် မလိုက်ဘူး၊ နေသာသလို အချောင် မနေဘူး၊ အချောင်သမား မလုပ်ဘူး၊ အာမချောင်ဘူး။ ကိုယ့်ထမင်းကိုယ်စား ကိုယ့်အားကိုယ်ကိုးပြီး မတရားမှုကို မတရားမှုအတိုင်း ဓမ္မဓိဌာန်ကျကျရှုမြင်တယ်၊ တရားမှုကို လက်ကိုင်ထားတယ်။ အမှန်တရားအတွက် ရဲရင့်တဲ့စိတ်တွေ အပြည့် ရှိတယ်။

ဒါကြောင့်လည်း စစ်တပ်နဲ့ ရဲ တွေ သေနတ်ကိုင် တားဆီးနေတဲ့ကြားက၊ ခြောက်လုံး၊ မြှောက်လုံးတွေကို လော်စပီကာနဲ့ တတွတ်တွတ်ပြောဆိုနေတဲ့ကြားက သံတွဲမြို့ရဲ့ ဆန္ဒပြ ပြည်သူလူထုဟာ ၆ ရက်မြောက်နေ့မှာ လည်း ပုံမှန်အတိုင်းလမ်းပေါ်ထွက်လာခဲ့ကြတယ်။

လူငယ်တွေ ထိပ်ဆုံးက ဦးဆောင်ကြတယ်။ ဆန္ဒပြသပိတ်စစ်ကြောင်းရဲ့ ထိပ်ဆုံးမှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ကြောက်ရွံ့ခဲ့ကြတဲ့ ကျောင်းသားသမဂ္ဂအလံ တလူလူနဲ့။ အဲဒီနေ့က မာဃလမ်းထဲမှာ လူစုလိုက်ကြတယ်။ စစ်အာဏာရှင် အလိုမရှိ ဆိုတဲ့ အဖြူရောင်ဆိုင်းဘုတ်ကြီးကို ဆန္ဒပြလူတန်းရဲ့ ထိပ်ဆုံးမှာ လူငယ်တွေက ကိုင်ထားကြတယ်။

ဆန္ဒပြပြည်သူတွေ ဦးတည်ရာအရပ်ရဲ့ မလှမ်းမကမ်း မာဃလမ်းနဲ့ ဦးဥတ္တမလမ်းဆုံရာမှာ လက်နက်ကိုင် ရဲတပ်ဖွဲ့ကလည်း ချက်ချင်း လမ်းပိတ်လိုက်ကြတယ်။ ပြောက်ကျားစစ်ယူနီဖောင်ဝတ်ထားတဲ့ လက်နက်ကိုင် စစ်သားတွေလည်းပါတယ်။

ဆန္ဒပြကျောင်းသားတွေနဲ့ ပြည်သူတွေဟာ လက်နက်ကိုင် စစ်တပ်နဲ့ ရဲလုံခြုံရေးဝန်ထမ်းတွေ စောင့်နေတဲ့ တည့်တည့်ကို ကြွေးကြော်သံတွေ အော်ဟစ်ရင်း လျှောက်လှမ်းသွားကြတယ်။ လုံခြုံရေးရဲတွေဟာ သံဆူးကြိုး အတားအဆီးတွေကို သူတို့ရဲ့အရှေမှာ ချလိုက်ပြီး လမ်းကို လုံးဝပိတ်ပစ်လိုက်တယ်။ ဆန္ဒပြသူတွေကို ရှေ့မတိုးလာအောင် တားဆီးလိုက်တယ်။

ဒါကြောင့် ဆန္ဒပြပြည်သူတွေဟာ ရှေ့ကိုဆက်လက်မချီတက်တော့ဘဲ ရပ်လိုက်ကြတယ်။ ပြီးတော့ အဲဒီ မာဃလမ်းထဲမှာပဲ ထိုင်သပိတ်သဘောလုပ်ပစ်လိုက်ကြတယ်။ ကြွေးကြော်သံတွေကို အော်ဟစ်တောင်းဆို ကြတယ်။ လုံခြုံရေးရဲဝန်ထမ်းတွေဟာ ရှေ့လည်း မတိုး၊ နောက်လည်း မဆုတ်။ နောက်ထပ် သစ်သားနဲ့ လုပ်ထားတဲ့ သံဆူးကြိုးအတားအဆီးတွေကို ကားနဲ့သယ်လာပြီး ထပ်ချလိုက်ကြတယ်။

တကယ်တော့ အဲဒီနေ့က စစ်တပ်နဲ့ ရဲက ဆန္ဒပြပြည်သူတွေကို ဖမ်းဆီးတော့မယ်လို့ စိတ်ထဲ တွေးမိခဲ့တာပါ။ ပစ်ခတ်ဖမ်းဆီးမှုတွေလုပ်တော့မယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ နှစ်ဖက်စလုံးက ရှေ့မတိုး၊ နောက်မဆုတ် သဘောမျိုး မျက်နှာချင်းဆိုင်နေကြတယ်။ ပြီးတော့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဦးဥတ္တမလမ်းကို ဟ ပေးထားပြီး ဆန္ဒပြလူတန်းဝင်လာတဲ့အခါ ပိတ်ဖမ်းချင်တဲ့သဘောရှိတယ်။ ဆန္ဒပြပြည်သူတွေကလည်း သူတို့ဖမ်းမှာကို သိနေတဲ့အလား ရှေ့မဆက်ဘဲ ထိုင်နေကြတယ်။

ဆန္ဒပြပြည်သူတွေဟာ တနာရီကျော်၊ နှစ်နာရီခန့် ထိုင်သပိတ်လုပ်ပြီး စစ်အာဏာရှင်အလို မရှိကြောင်း ကြွေးကြော်သံတွေ အော်ဟစ်တောင်းဆိုးကြတယ်။ တော်လှန်ရေးသီချင်းတွေဖွင့်ပြီး သီဆိုကြတယ်။ ပြီးတော့ လက်ခုပ်လက်ဝါးတီး အောင်ပွဲခံပြီး လူစုခွဲလိုက်ကြတယ်။ စစ်အာဏာရှင်ကို အလိုမရှိကြောင်း တနည်းနည်းနဲ့တော့ ဖော်ထုတ်နိုင်ခဲ့ကြတယ်။ မတရားမှုတွေကို လက်မခံနိုင်ကြောင်း ပြသနိုင်ခဲ့ကြတယ်။ သံတွဲမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆ ရက်မြောက်နေ့ကို အဆုံးသတ်လိုက်ကြတယ်။

မနက်ဖြန်မှာ အာဏာသိမ်းစစ်တပ်နဲ့ မင်းအောင်လှိုင်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲလုပ်လိမ့်မယ်လို့ ကျနော်တို့ သတင်းရတယ်။ အဲတော့ ကိုယ်တွေဆန္ဒ ထွက်ပြလို့ မဖြစ်ချေဘူး။ အုတ်ရောရော၊ ကျောက်ရောရောနဲ့ မတော်ရင် ပြဿနာ ဖြစ်နိုင်မယ့်အခြေအနေ။ ဒါကြောင့် အဲဒီနေ့မှာ အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲမလုပ်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီနေ့ဟာ ဖေဖော်ဝါရီ ၁၄ ရက်၊ တကမ္ဘာလုံးမှာတော့ ချစ်သူများနေ့ပေါ့။ ဒါပေမဲ့ သံတွဲမှာတော့ ဖွတ်တွေ မြူးခဲ့ ကြတဲ့နေ့လို့ ဆိုရမယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့မှာ စစ်တပ်ကိုထောက်ခံကြောင်း၊ မင်းအောင်လှိုင်ကို ချစ်ခင်နှစ်သက်ကြောင်း ကြံ့ဖွတ်လို့ခေါ်ကြတဲ့ ကြံ့ခိုင်ရေးပါတီက ပါတီဝင်တွေ လမ်းပေါ်ထွက်မယ့်နေ့ဖြစ်လို့ပါ။

ကျနော့်အနေနဲ့ ပါတီတွေ မျိုးစုံရှိကြတာ၊ အယူအဆတွေမျိုးစုံရှိကြတာတွေကို လက်ခံပါတယ်။ သူ့အယူအဆ၊ သူ့ခံယူချက်နဲ့ သူ၊ သူနှစ်သက်တဲ့ပါတီအဖွဲ့အစည်းကိုထောက်ခံအားပေးကြတာ လက်ခံပါတယ်။ ဒါပေမဲ့ လက်နက်အားကိုးနဲ့ အတင်းအဓမ္မ ထင်ရာစိုင်း လုပ်ချင်သလိုလုပ်၊ ဖမ်းချင်သလိုဖမ်း၊ သတ်ချင်သလို သတ်နေကြတဲ့အဖွဲ့အစည်း၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လက်သင့်မခံဘဲ တိုင်းပြည်ကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်ကို ထောက်ခံတာကိုတော့ ဘယ်လိုမှ လက်သင့်မခံနိုင်ဘူး။

ဘာအယူအဆ၊ ဘာဝါဒမှ မရှိဘဲ လက်နက်အားကိုးနဲ့ လူတစုကောင်းစားရေး၊ အမျိုးကောင်းစားရေးအတွက်ပဲ ကြည့်တတ်၊ လုပ်တတ်ကြတဲ့ ဒီအာဏာရှင်ကိုမှ ထောက်ခံနေကြတာကိုတော့ ဘယ်လိုမှ လက်ခံနားလည်ပေးလို့ မရဘူး။ ဒီလိုအဓမ္မသမားတွေကို ထောက်ခံအားပေးနေတဲ့ လူဖြစ်ဖြစ်၊ ဘုန်းကြီးဖြစ်ဖြစ် အဲလိုလူတွေဟာ အဓမ္မသမားတွေလို့ပဲ ကျနော်ယူဆတယ်။

အခုလည်း စစ်တပ်ဟာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေ၊ စစ်တပ်ရဲ့ အဓမ္မဝါဒီကို မနှစ်သက်ကြတဲ့ ပြည်သူတွေကို အဓမ္မဖမ်းဆီးတာတွေ ခြိမ်းခြောက်တာတွေစလုပ်နေကြပြီ၊ နေပြည်တော်မှာ ဆန္ဒပြ အမျိုးသမီးတဦးကို သေနတ်အစစ်နဲ့ပစ်ခတ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ရပြီ။ စစ်တပ်ဟာ ဆိုးရွားတဲ့ အကြမ်းဖက်မှု တွေကို ကျူးလွန်တော့မယ်ဆိုတာ ခန့်မှန်းလို့ရနေပြီ။ ဒီလိုအခြေအနေမှာ ဒီစစ်တပ်ကြီးကို ထောက်ခံအားပေး တယ်ဆိုတာ တော်ရုံဦးနှောက်နဲ့တော့ မဟုတ်ဘူး။ သံတွဲမြို့ခံ ဘယ်သူတွေက ထောက်ခံကြမှာလဲဆိုတာ ကျနော်သိချင်နေခဲ့တယ်။ ဘယ်လိုမျက်နှာတွေနဲ့ ထွက်လာကြမလဲဆိုတာ မြင်ကြည့်ချင်မိတယ်။

ဒါကြောင့် ဖေဖော်ဝါရီ ၁၄ ရက်မှာ စစ်တပ်ထောက်ခံကြောင်း ဆန္ဒပြမယ့်လူတွေကို ကြည့်ဖို့ ကျနော် စောစောစီးစီးအိမ်က ထွက်ခဲ့တယ်။ သူတို့ရဲ့ စုရပ်က သံတွဲချောင်းတဖက်ကမ်း၊ အံတော်ဘက်ခြမ်း၊ အံတော်တံတားထိပ်၊ သံတွဲမြို့နယ် ဘောလုံးကွင်းအနားမှာပါ။ ကြံ့ခိုင်ရေးပါတီရုံးရှေ့အနားလည်းဖြစ်ပါတယ်။

စစ်တပ်ကိုထောက်ခံမယ့်သူတွေဟာ လိုင်းကားတွေနဲ့ရောက်လာကြတယ်။ ကားအကြိုအပို့ စီစဉ်ပေးထား ဟန်ရှိတယ်။ သူ့ရွာနဲ့ သူ၊ သူ့အုပ်စုနဲ့သူ အဖွဲ့လိုက်တွေ တန်းစီလိုက်ကြတယ်။ သံတွဲမြို့ပေါ်က ယာဉ်ထိန်းရဲတွေက လမ်းရှင်းပေးတယ်။ လုံခြုံရေးရဲတွေကလည်း ဟီးဟီးဟားဟားတွေနဲ့ လုံခြုံရေးယူပေးကြတယ်။

တောရွာတွေကနေ လိုင်းကားတွေနဲ့ တက်လာသူတွေကို သံတွဲမြို့က ကြံ့ခိုင်ရေးအမတ်နဲ့ ကြံ့ခိုင်ရေးအမာခံ တွေက ဧည့်ခံကြတယ်၊ နေရာချထားပေးတယ်။ အဲဒီစစ်တပ်ကိုထောက်ခံနေတဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေဟာ သံတွဲမြို့ပေါ်မှာ နေ့စဉ်လိုလိုမြင်နေရတဲ့သူတွေ၊ တခါတလေ ပြုံးပြနှုတ်ဆက်မိတဲ့သူတွေ။ အားကြိုးမာန်တက်နဲ့ အကြမ်းဖက်စစ်တပ်ကြီးကို ထောက်ခံဖို့လုပ်နေကြတာကို မြင်ရလေတော့ တော်တော်လေးကို အံ့ဩမိတယ်။

အရင်တုန်းက ခင်မင်ပြုံးပြမိတဲ့မျက်နှာတွေ၊ ချစ်စရာကောင်းတဲ့ မျက်နှာတွေဟာ ချက်ချင်းဆိုသလို ကြောက် စရာ၊ ရွံစရာတွေအဖြစ် ပြောင်းသွားတယ်။ အော့နုလုံးနာစရာတွေဖြစ်လာတယ်။ ဒီလူတွေကို မဆက်ဆံဖို့၊ ဒီလူတွေနဲ့ မပေါင်းသင်းဖို့၊ ဒီလူတွေရောင်းတဲ့ဈေးဆိုင်တွေမှာ ဈေးမဝယ်ဖို့ ကျနော် ဆုံးဖြတ်မိတယ်။

သူတို့တွေဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ထောက်ခံပါသည် ဆိုတဲ့ အစိမ်းရောင် ဆိုင်ဘုတ်ကိုကိုင်၊ မြန်မာနိုင်ငံအလံတွေထောင်ပြီး ချီတက်ဖို့ ပြင်ဆင်ကြတယ်။ သူတို့ စုဝေ၊ ချီတက်ရာ နေရာဟာ သံတွဲချောင်း တဘက်ကမ်း အံတော်ဘက်မှာပါ။ တံတားကိုဖြတ်ပြီး သံတွဲဈေးဘက်ကို ချီတက်လာကြတယ်။

စစ်တပ်ကိုထောက်ခံကြောင်း၊ မင်းအောင်လှိုင်ကိုထောက်ခံကြောင်း ကြွေးကြော်ချီတက်ကြတယ်။ သူတို့ဟာ သံတွဲဈေးအရှေ့ကနေ ဘုရင့်နောင်လမ်း၊ မာဃလမ်း၊ ဦးဥတ္တမလမ်းအတိုင်း လက်နက်ကိုင် စစ်တပ်၊ ရဲတွေရဲ့ လုံခြုံရေးနဲ့ ချီတက်ဆန္ဒပြကြတယ်။ စစ်တပ်နဲ့ ရဲဟာ သူတို့ကို လုံခြုံရေးယူပေးထားကြတယ်။ တော်တော်ကို စွန့်စားချီတက်ရတဲ့ ဆန္ဒပြပွဲကြီး။

အဲဒီလူအုပ်ကြီးဟာ တံတားကိုဖြတ်ပြီး သံတွဲမြို့နယ် ဘောလုံးကွင်းအနားမှာ လူစုခွဲလိုက်ကြတယ်။ ကားစက်နှိုးသံတွေ၊ ကားဟွန်းသံတွေ၊ ဆိုင်ကယ်သံတွေ၊ လူတွေရဲ့ အော်ဟစ်သံတွေနဲ့ ဆူညံသွားတယ်။ တချို့တွေလည်း ပိုက်ဆံမရကြလို့ ပြဿနာတက်ကြတယ်လို့ ကြားရတယ်။ လူပြောများတဲ့ ၅၀၀၀ စားအကွက်တွေ လုပ်ကြပုံရတယ်။

တောသူ၊ တောင်သားတွေကို သံတွဲမြို့ပေါ် ကားအကြိုအပို့လုပ်ပေး၊ ပိုက်ဆံနဲ့ မက်လုံးပေးပြီး ခေါ်လာကြ ပုံရတယ်။ သူတို့ဆန္ဒ၊ သူတို့အသိနဲ့ စစ်တပ်ကိုထောက်ခံကြောင်း ဆန္ဒလာပြတာတော့ ဘယ်လိုမှ ဟုတ်ပုံမရဘူး။ ဘာကြောင့်လဲဆိုတော့ စစ်တပ်နဲ့ ရဲက ဒီလောက် လုံခြုံရေးယူပေးတာတောင် စစ်တပ်ထောက်ခံတဲ့ဆန္ဒပြပွဲဟာ သံတွဲမြို့ပေါ်မှာ တကြိမ်သာ လုပ်နိုင်ခဲ့တယ်။

စစ်တပ်ကို လှိုက်လှိုက်လှဲလှဲနဲ့ တကယ်ကိုထောက်ခံတယ်၊ ယုံကြည်တယ်ဆိုရင် အဲဒီလူတွေ လမ်းပေါ်ကို ထွက်လာသင့်တယ်။ အခုတော့ စီမံချက်နဲ့ လုပ်တဲ့ဆန္ဒပြပွဲ၊ အကျိုးလိုလို့ ညောင်ရေလောင်းကြတာ၊ ရလိုမှုကြောင့်သာ လမ်းပေါ် ထွက်လာကြတာ။ အဲတော့ သူတို့ရဲ့ ဆန္ဒပြမှု၊ ယုံကြည်မှုဆိုတာ ဘာတန်ဖိုးမှ မရှိဘူး၊ ဘယ်သူမှ အသိအမှတ်မပြုဘူး၊ ရေပေါ်မှာ အရုပ်ရေးသလိုပဲ။ ခေတ်အဆက်ဆက် စစ်တပ်နဲ့ အာဏာရှင်ကို ထောက်ခံခဲ့တဲ့ ဆန္ဒပြပွဲလှုပ်ရှားမှုဆိုတာ ဘယ်တုန်းကမှ မှတ်တမ်းတင်မခံရဘူး၊ သမိုင်းမရှိဘူး။ လူ့အဆံချောင် တွေ၊ အသုံးချခံ သက်သက်တွေပဲ။

၂၀၂၁ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ ရှောင်ရှားရမယ့်သူတွေကို တန်းစီမြင်လိုက်ရတယ်။ သံတွဲမြို့ပေါ်မှာ ဘယ်သူတွေက ဘယ်လိုတွေဆိုတာ ထင်ထင်ရှားရှားကြီးကို တွေ့လိုက်ရတယ်။

စစ်တပ်အာဏာသိမ်းမှု၊ မတရားမှုကြီးအပေါ် တုန့်ပြန်ကြတဲ့အခါ သံတွဲမြို့ပေါ်မှာ ဘယ်သူတွေက ဘယ်ဆိုတာ ဖုံးဖိမရအောင် မျက်ဝါးထင်ထင် မြင်လိုက်ရပါတယ်။ ချစ်စရာကောင်းတဲ့သူတွေကိုလည်း ကြုံရ၊ ဆုံရတယ်။

တဦးနဲ့တဦး မရင်းနှီး မသိကျွမ်းကြပေမယ့် စစ်အာဏာရှင်ကို ရွံမုန်းတဲ့စိတ်၊ မတရားမှုကို လက်မခံကြတဲ့စိတ်၊ တူညီတဲ့ယုံကြည်ချက်စိတ်တွေနဲ့ မိတ်ဆွေရင်းတွေလို ဖြစ်ကုန်ကြတယ်။ မိသားစုဝင်တွေလို ခင်မင်ရင်းနှီးကုန် ကြတယ်။ ရဲဘော်ရဲဘက်စိတ်တွေ ဖြစ်လာကြတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဘယ်လိုပင်တားဆီးခြိမ်းခြောက်နေသည်ဖြစ်စေ ကြံ့ဖွတ်တွေ ဆန္ဒပြပြီးနောက်ရက် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြမယ့် သံတွဲပြည်သူတွေ လမ်းပေါ်ထပ်ထွက်ဖို့ ပြင်ဆင်ကြတယ်။

သူတို့ဟာ ကားအကြိုအပို့မလိုဘူး၊ ပိုက်ဆံနဲ့ မက်လုံးပေးမျှားစရာ မလိုဘူး၊ ဘယ်သူမှ စေခိုင်းစရာ မလိုဘူး၊ သူတို့တွေဟာ ရာထူး၊ နေရာ မမက်ဘူး၊ အသိအမှတ်ပြုခံစရာ မလိုဘူး၊ သူတို့ရင်ထဲ ယုံကြည်ထားတဲ့ အမှန်တရားအတွက်ပဲ ရဲရဲရင့်ရင့် လမ်းပေါ်ထွက်ခဲ့ကြတာဖြစ်တယ်။

-ဆက်လက်ဖော်ပြပါမည်။

Related Articles

4 Comments

  1. Sugar Rush 2015 door Pragmatic Play Je kunt de Sugar Rush demomodus vandaag gratis uitproberen op BETO. Sugar Rush 1000 Gokkast – Ons Verdict Sugar Rush door Pragmatic Play Sugar Rush 1000 van Pragmatic Play is een slot die je zal overdonderen met zoete winsten op een 7×7 raster. Je wint wanneer je clusters van ten minste vijf gelijke symbolen verticaal of horizontaal krijgt. Het spel beschikt over de Tumble-functie, waarbij winnende symbolen exploderen en nieuwe op hun plaats vallen, waardoor je continu kunt winnen totdat er geen gelijke symbolen meer beschikbaar zijn. Vergeet niet dat het kiezen van een gerenommeerde spelaanbieder essentieel is voor een bevredigende online gokervaring. Met Pragmatic Play kan he er zeker van zijn dat je in goede handen bent, dankzij hun niet aflatende inzet voor kwaliteit, eerlijkheid en veiligheid.
    https://theforuminternational.com/teen-patti-online-with-live-dealers-a-review-for-pakistani-players/
    Hier speel je de slot met de hoogste RTP (96,49%) en pak je direct een welkomstbonus tot €250,- extra speelgeld bij je eerste storting. Sugar Rush Dice-slot van Pragmatic Play werd uitgebracht in juni 2022 en heeft een candythema. Vol met jellybaby’s en gummibeertjes, word je meegenomen naar een wereld vol snoep. Door gebruik te maken van zachte pastelkleuren zijn de beelden helder en kleurrijk. Bij CoinCasino betaal je alleen met crypto, wat het allemaal heel direct en overzichtelijk maakt. Er worden meer dan twintig munten geaccepteerd, waaronder Bitcoin, Ethereum, Dogecoin en USDT. Als je nog geen crypto hebt, kun je het gewoon op de site kopen met je bankpas, via een dienst als Changelly. Alles werkt zonder KYC, dus je hoeft geen persoonlijke gegevens op te geven. Kom je er niet uit? Neem dan contact op met onze klantenservice, die 24 7 bereikbaar is! Onze klantenservice is daarnaast ook beschikbaar in het Nederlands. Zo krijg je snel de hulp die je nodig hebt!

  2. FilmoraGo is one of the better Android and iOS video editors outright, but what takes it over the top is the fact that it’s one of the best video free video editors for Android and iOS — and we mean completely free. No watermarks to be removed by going premium, and it works as a video filter app as well. Edit videos faster with VEED’s all-in-one video editor. Trim, crop, and add text with drag-and-drop simplicity. Use text-based editing to cut clips by editing the transcript, or let Auto Edits add subtitles, clean audio, and insert B-roll. Unlike other editors that specialize in one thing, VEED offers the complete workflow: create, edit, and enhance videos in a few clicks. Another free iPhone video editor is Clips. iPhone video editors befit the spectrum of both professionals and non-professionals perfectly as it is economical, time-saving, allows working remotely, and boosts productivity. However, they often aren’t feature-rich and lack the power to make advanced edits. That is why it might be a better option to download your video and edit it in a full featured editing software.
    https://trros.com/2026/04/01/gates-of-olympus-1000-logo-ulevaade/
    Bigger Bass Bonanza is a five reel, four row slot with 12 win lines. Big Bass Bonanza is an iconic game in the online slot world and has spawned many variations. It is easy to see why players enjoy this game so much as it offers simple but exciting gameplay. The fishing theme will appeal to many players and the range of bonus features is good. Players will particularly enjoy the free spins round with fish cash values being caught and big multipliers being awarded. With wins of up to 2,100x your stake up for grabs, see what kind of win you can potentially hook today. Big Bass Bonanza is an iconic game in the online slot world and has spawned many variations. It is easy to see why players enjoy this game so much as it offers simple but exciting gameplay. The fishing theme will appeal to many players and the range of bonus features is good. Players will particularly enjoy the free spins round with fish cash values being caught and big multipliers being awarded. With wins of up to 2,100x your stake up for grabs, see what kind of win you can potentially hook today.

  3. The **bigger bass bonanza demo** serves as big bass bonanza rtp an excellent way for players to familiarize themselves with the mechanics of the game. This demo version allows users to: Bigger Bass Bonanza is a vibrant, fishing-themed online slot game that captivates players with its simple yet engaging mechanics. Here’s what you need to know about the gameplay: When should the betting options be changed in the bigger bass bonanza game: Follow the link on our lists to claim your bonus, the payout is processed. However, playing bigger bass bonanza on mobile casino theres a huge potential of finding value on such exchanges. Technology continues to make an impact on the way we wager in online casinos, Tiger hit shots nobody else could hit. Big Bass Bonanza slot has gained a strong following due to its straightforward gameplay and engaging bonus features, including multipliers, wild symbols and a fisherman collection mechanic that adds extra ways to win.
    https://hiphopmasters.de/sugar-rush-pragmatic-play-incelemesi-tuerkiyedeki-oyuncular-icin-renkli-bir-mobil-slot-deneyimi-2/
    The games are designed to work on both Android and iOS devices, a cat. They commence as soon as enough players have registered, a cheese grater and crackers and cheese. Look at you, scrolling all the way to the bottom like a legend. You’ve unlocked the unofficial bonus round: unlimited free spins on the best demo slots from the wildest devs out there. It’s raw. It’s ridiculous. It’s Demo Slots Fun. So buckle up, click something shiny, and let’s turn that reel chaos into pure entertainment. If you get all seven reels to open, with three cards of gold and a lever with the worker standing at the bottom. All images are broadcast in Ultra-HD, Malta Gaming Authority. Although the jackpot size isnt huge per payline, UK Gambling Commission. This point may be important to some players but most high rollers are happy to play at the casino they like the most and to achieve high roller status in the more conventional manner, 10 online casino this game is not conventional as far as pay lines go.

  4. While it makes sense to use dedicated desktop apps for pragmatic animation, but if you just want to do small animation on your Android tablet to sketch out ideas, here are some of the best animation apps for the Android platform that will help. These apps are also super useful for your kids helping them channelize their creative energy. How it works: When the app launches, you can choose between three different story modes. Short, classic, and science report. The app will guide you nicely through the process. Choose a setting, background, props, characters, and so on. I liked the spooky camp. Comes with strange and funny looking monsters and robotic dogs. You can move around characters while everything is being recorded. There are different moods with their respective intensity. When you are done, save and share.
    https://www.eyecaredirect.com/?p=166771
    With Powtoon, you can create explainer videos, marketing videos, internal communications, training videos, YouTube content, animated presentations, social media videos, and more – all in just a few clicks. You can choose from male or female human voices using our AI cartoon video generator, you can even select a language and an accent. Choose from a rich variety of animation styles: Japanese anime, Pixar-inspired, claymation, flat design, and more. Find the perfect aesthetic for your project. It also creates a voiceover for the submitted script, adds background music, and incorporates elements like transitions to match your prompt seamlessly. Appy Pie’s Animation Generator is an advanced generative AI-powered tool designed to create professional animations in a couple of clicks. Animation is a video-making method in which figures are manipulated to appear as moving images, such as an animated character. This form of art can be used in cartoons, movies, and video games to create the illusion of motion.

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button