HealthNews

တပတ်ကြာသတိမေ့မျောနေရာမှ ပြန်သတိရလာသည့် ရခိုင်မှကလေးလူနာရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်နိုင်ပြီ

ဂွ၊ ဇူလိုင် ၂၁၊ ၂၀၂၄။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားဆေးရုံတွင် ဥဏှောက်ပိုးဝင်ကာသတိလစ်မေ့မျော ဆေးကုသခံနေရသည့် ကလေးလူနာအား ရန်ကင်းကလေးဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်နိုင်ပြီဖြစ်ကြောင်း လင်းရောင်ခြည် လူမှုကူညီရေးအသင်း(ကမ်းသာယာ)မှ သိရသည်။

ငွေကြေးချို့တဲ့သော မိသားစုဖြစ်သည့်အတွက် ဆပ်သွားဆေးရုံတွင် ဆေးဝါးကုသနိုင်ရန်အခက်အခဲ၊ ရန်ကုန်သို့ ဆက်လက် သွားရောက်နိုင်ရန် နားလည်တတ်ကျွမ်းသည့် လူနာစောင့်မရှိသည့်အတွက် မိသားစု၏ စိုးရိမ်ကြောက်ရွံ့မှု များရှိနေခြင်းတို့ကို မြန်မာပြည်အနှံ့အပြားမှ ကူညီနိုင်သူများက သိရှိကာအလှူရှင်များ၏ ဝိုင်းဝန်းကူညီငွေ ၁၈သိန်းဝန်းကျင် ရရှိခဲ့သည်။

အလားတူ ရန်ကုန်သို့ရောက်ရှိနေသည့် သံတွဲဒေသခံ စစ်ဘေးရှောင်ပြည်သူတဦးက မိသားစုနှင့်အတူ ဆေးရုံသို လူနာစောင့်အဖြစ် လိုက်ပါကူညီပေးမည်ဟု ဆက်သွယ်လာခြင်းကြောင့် အသင်းအနေနှင့် ယနေ့ နံနက်တွင် ရန်ကုန်သို့ ဆက်လက်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ငွေအား၊ လူအား၊ အကြံဉာဏ်အားဖြင့် ဝိုင်းဝန်းကူညီကြသူများအားလုံးကို ကျေးဇူးတင်ပါကြောင်း အသင်း၏ တာဝန်ရှိသူတဦးက သူ၏လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- လင်းရောင်ခြည် လူမှုကူညီရေးအသင်း(ကမ်းသာယာ)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button