Press Photo

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် သံတွဲ-ဂွကြားကကျေးရွာတချို့ရှိ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းများ

သံတွဲ၊ ဩဂုတ် ၁၀၊ ၂၀၂၄။

ရခိုင်ပြည်နယ်၊ သံတွဲမြို့တောင်ဘက် သံတွဲနှင့် ဂွမြို့ကြားရှိ လူနေကျေးရွာများနှင့် ဘင်္ဂလားပင်လယ်ပြင်အတွင်း အထိုင်ချထားသည့် စစ်ကောင်စီက ကြည်း၊ ရေ တပ်များက တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများ ပြုလုပ်နေသည်မှာ ရက်သတ္တ တပတ်ဝန်းကျင်ရှိခဲ့ပြီဖြစ်သည်။

မည်သည့်နေရာသို့ ပစ်ခတ်သည်ကို မသိရ၊ ထိခိုက်မှု မရှိခဲ့သော်လည်း လက်နက်ကြီး၊ လက်နက်ငယ်သံများကြောင့် အများပြည်သူ နေ့ရောညပါ ထိတ်လန့်နေခဲ့ရသည်မှာလည်း ရက်အတန်ကြာခဲ့ပြီဖြစ်သည်။

ထို့နောက် စစ်ကောင်စီက လူနေကျေးရွာများကို လေကြောင်းဗုံးကြဲခြင်းကို ဆက်လက်ကျူးလွန်လာခဲ့ကာ ထိခိုက်သေဆုံးမှုများ ရှိလာခဲ့ပြီဖြစ်သည်။

ဩဂုတ် ၈ရက် နံနက် ၂နာရီ လူခြေတိတ်ဆိတ်ချိန်တွင် စစ်ကောင်စီက လေကြောင်းစတင်အသုံးပြု ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ညောင်ပင်ကွင်း ကျေးရွာတွင် အရပ်သား ၁ဦးနှင့် ကျောက်ခေါင်းကွင်းကျေးရွာတွင် စစ်ရှောင်ပြည်သူတဦး ထိမှန်သေဆုံးခဲ့သည်။

ထို့ပြင် ကျောက်ခေါင်းကွင်းကျေးရွာတွင် အရပ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ကျောက်ခေါင်းကွင်း၊ စေတီကွင်းကျေးရွာများတွင် လူနေအိမ်များ၊ သာသနိက အဆောက်အအုံများ နှင့် လယ်ယာသုံးတိရိစ္ဆာန်အချို့ ထိခိုက်ခဲ့ကြောင်း သိရသည်။

ယခု မှတ်တမ်းတင်ထားသည့် ပုံများသည် အဆိုပါလေကြောင့်ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် အဆောက်အအုံနှင့် ကွမ်းသီးစိုက်ခင်းအချို့၏ ဓာတ်ပုံများ ဖြစ်ပါသည်။

စစ်ကောင်စီရေတပ်သည် စစ်ဘေးရှောင်များခိုလှုံနေသည့် မဲနယ်ကွင်း၊ သရက်ပင်ကွင်း၊ အဘဲ၊ ကျောက်ကြီး စသည့် ကျေးရွာ များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကို ဇူလိုင်လလယ်ကလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး အဘဲကျေးရွာ နှင့် သရက်ပင်ကွင်းကျေးရွာတို့တွင် မူလတန်းကျောင်းသားအရွယ် ကလေးငယ်တဦး အပါအဝင် စစ်ရှောင်နှင့် ရွာသား အရပ်သား ၆ ဦးသေဆုံးခဲ့ဖူးသည်။

ဩဂုတ် ၈ရက်တွင် ကျောက်ခေါင်းကွင်း နှင့် ညောင်ပင်ကွင်းကျေးရွာများမှ ထပ်မံသေဆုံးသူများနှင့် ပေါင်းလျှင် ၈ ဦး အထိ ရှိလာပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူများလည်း တိုးလာနေသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button