Press Photo
//Photo News//
သံတွဲမြို့ကနေ စစ်ရှောင်လာတဲ့ မိသားစုပါ။ ကလေး ၂ ယောက်ပါလာတယ်။ တွန်းလှည်းလေးကို ပလပ်စတစ်မိုး အိမ်ပုံစံလုပ်ပြီး ခရီးနှင်လာခဲ့ကြတာပါ။ အဲဒီတွန်းလှည်းလေးပေါ်မှာ ပစ္စည်းတွေလည်းပါတယ်၊ ကလေးတွေလည်း သယ်လာတယ်။ လမ်းမှာ ၉ ညအိပ်ခဲ့ပြီး ခရီးနှင်လာခဲ့ရတယ်လို့ သိရတယ်။
သူတို့မိသားစု လေးဦးကို ဂွမြို့က ထာဝရမေတ္တာလူမှုကူညီရေးအဖွဲ့က စားဖို့သောက်ဖို့နဲ့ တညတာ တည်းခိုဖို့ကို ကူညီပေးခဲ့တယ်လို့ သိရတယ်။
ဒီမိသားစုလေးဟာ ဂွမြို့ကနေ ခရီးဆက်ကြမယ်လို့ သိရပါတယ်။ အခုတော့ ကားလမ်းကြုံလိုက်ရဖို့ မျှော်နေကြတယ်လို့ သိရပါတယ်။ ရခိုင်ပြည်သူ၊ ပြည်သားအားလုံး ဘေးရန်အပေါင်းက ကင်းဝေးကြပါစေလို့ ဆုတောင်းပေးပါတယ်။
ဓာတ်ပုံ- ဂွမြို့ခံတဦး၏ ဖေ့ဘွတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။