Press Photo

စစ်ကောင်စီ၏ မိုင်းခွဲဖျက်ဆီးခြင်းခံထားရသည့် တံတားအချို့

ဒွါရာဝတီ၊ဇူလိုင်၂၅၊၂၀၂၄။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းတွင် ဇူလိုင် ၁၉ရက်နေ့က စစ်ကောင်စီ မိုင်းခွဲဖျက်ဆီးလိုက်သည့် ဇလွန်-သပြုချိုင်လမ်းအပိုင်းမှ ဆင်ဒင်လေးတံတားနှင့် သရက်ပင်ကွင်းတံတားတို့ကို တွေ့ရစဉ်။

မြေပြင်တိုက်ပွဲများတွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် ပြည်သူပိုင်ပစ္စည်းများကို ဆက်တိုက် ဖျက်ဆီးနေပြီး ယခုတံတားများသည် ဒေသခံလူထုအတွက် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ဆက်သွယ်သွားလာရာတွင် အရေးပါသော ကျေးရွာချင်းဆက်လမ်းမပေါ်မှာ တံတားများဖြစ်သည်။

ဇူလိုင် ၁၉ ရက်နေ့က သရက်ပင်ကွင်းတံတားနှင့် ဆင်ဒင်လေးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သလို၊ ဇူလိုင် ၂၀ရက်နေ့က အုန်းပင်ဝတံတားကိုလည်းကောင်း၊ ဇူလိုင် ၂၄ ရက်နေ့က သံတွဲ-ဂွ ကတခုတည်းသော လမ်းမပေါ်ရှိ ချင်းကွင်းတံတားကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့သည်။

ရခိုင်ပြည်နယ်သည် မြန်မာတနိုင်ငံလုံးတွင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး ယခုကဲ့သို့ ပြည်သူပိုင် ကတ္တရာလမ်းများ၊ ချောင်းကူးတံတားများ ရရှိနိုင်ရန်အတွက် မျိုးဆက်နှင့်ချီကာ အချိန်ကာလ စောင့်ဆိုင်းခဲ့ရသည် ပြည်နယ်ဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးခြင်း သက်သေမှတ်တမ်းဓာတ်ပုံများကို ဒွါရာဝတီက ထပ်ဆင့်ဖော်ပြအပ်ပါသည်။

ဓာတ်ပုံ- ဒေသခံတဦး။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button