Press Photo
သံတွဲမြို့အထွက် ကားလမ်းတဝိုက်အပျက်အစီးအချို့

ဒွါရာဝတီ
သံတွဲမြို့မှ ဂွမြို့ဘက်သို့အထွက် ညောင်ပင်သာကျေးရွာရှိ လမ်းမပေါ်သို့လက်နက်ကြီးကျရောက်ပေါက်ကွဲထားခြင်းကြောင့် ပျက်စီးနေသော အများပြည်သူပိုင်လမ်းမ၊ သာသနိကအဆောက်အအုံနှင့် လျှပ်စစ်ဓာတ်ကြိုးများ။

လက်နက်ကိုင်အချင်းချင်း ၂ဖက်ထိပ်တိုက် တိုက်ပွဲဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အရှုံးနှင့်ရင်ဆိုင်နေရသော အာဏာသိမ်းစစ်တပ်သည် ဟောင်ဝှစ်ဇာအမြှောက်များ၊ နေဗီသင်္ဘောများနှင့် တိုက်လေယာဉ်များကို ကျင့်ဝတ်မဲ့အသုံးပြုကာ ပြည်သူပိုင်အိုးအိမ်များ၊ စာသင်ကျောင်းများနှင့် သာသနိကအဆောက် အအုံများကို ရမ်းသမ်းပစ်ခတ်ဖျက်ဆီးနေသည့် သက်သေအထောက်အထားများအနက် အချို့ဖြစ်သည်။



