Ngapali
-
Battle
သံတွဲရေတပ်သို့ သွားရာကားလမ်းကြောင်းပေါ်ရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်၊ အရပ်သားတဦးသေဆုံး
သံတွဲ၊ ဇူလိုင်၊ ၂၃။ သံတွဲမြို့နယ်၏ ကွမ်းဝိုင်းရေတပ်စခန်းသို့သွားသည့် လမ်းပေါ်ရှိ သရက်ပင်ကွင်းကျေးရွာအနီးသို့ မနေ့ညနေပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံတဦး သေဆုံးကာ၊ တဦးထိခိုင်ဒဏ်ရာရှိခဲ့ပြီး ဒေသခံများသည် လတ်တလောဘေးလွတ်ရာသို့ ညတွင်းချင်း တိမ်းရှောင် နေကြရကြောင်း ဒွါရာဝတီက…
Read More » -
Battle
ငပလီကမ်းခြေရပ်ကွက်တခုတွင် ပိတ်မိနေသူများ ရိက္ခာပြတ်နေ
သံတွဲ၊ ၂၃၊ ဇူလိုင်၊ ၂၀၂၄။ ငပလီကမ်းခြေတိုက်ပွဲများနှင့် ၁မိုင်ဝန်းကျင်အကွာရှိ ဂျိတ္တောရပ်ကွက်တွင် စစ်ဘေးမရှောင်နိုင်ဘဲ ပိတ်မိနေသူများသည် စားနပ်ရိက္ခာများပြတ်နေပြီဖြစ်ပြီး၊ အချို့နေရာများတွင် သက်ကြီးရွယ်အိုနှင့် ကလေး ငယ်များ အစာမစားရဘဲရှိနေကြောင်း ဒေသခံစစ်ဘေးရှောင်များထံမှ သတင်းရရှိသည်။ “ပိတ်မိနေတဲ့သူတွေကတော့ ငတ်ကုန်ပြီ၊ ဆန်ဝယ်လို့မရတော့ဘူး၊…
Read More » -
Battle
စစ်ကောင်စီရေတပ်၏ ပစ်ခတ်မှုကြောင့် အဘဲရွာက စစ်ရှောင် အရပ်သား ၂ ဦး သေဆုံးပြီး ကလေး ၁ ဦး ဒဏ်ရာရ
သံတွဲ၊ ဇူလိုင် ၁၉၊ ၂၀၂၄။ သံတွဲစစ်ဇုန်အတွင်းမှ တိမ်းရှောင်လာသည့်စစ်ဘေးရှောင်များ ယာယီခိုလှုံနေသော ကျေးရွာများအနက် သံတွဲမြို့တောင်ဘက် မဲနယ်ကွင်းကျေးရွာနှင့် အဘဲကျေးရွာများသို့ စစ်ကောင်စီရေတပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ပြီး၊ အဘဲကျေးရွာတွင် အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သည့်…
Read More » -
Battle
ငပလီကမ်းခြေ မြပြင်တွင် အရပ်သားအလောင်း ၇လောင်းတွေ့
သံတွဲ၊ ဇူလိုင် ၁၈၊ ၂၀၂၄။ အောရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့် ငပလီကမ်းခြေ မြပြင် ဟိုတယ်ဇုန်တွင် အရပ်သားအချို့ အလောင်း ၇လောင်း တွေ့ ရှိခဲ့ကြောင်း ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။ ယခုလက်ရှိ တိုက်ပွဲပြင်းထန်နေသည့်…
Read More » -
News
သံတွဲထောင်မှ လက်ကျန်အကျဉ်းသားများနှင့်အဆက်အသွယ်ရရန် မိသားစုဝင်များ မျှော်လင့်
သံတွဲ၊ ဇူလိုင် ၁၈၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ အကျဉ်းထောင်အတွင်း မလွတ်မြောက်သေးဘဲ ကျန်ရှိနေသည့် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အဆက်အသွယ်မရသေးသည့်အတွက် စိုးရိမ်ပူပင်မှုများဖြစ်နေကြောင်း မိသားစုဝင်အချို့ထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၂ရက်ညနေပိုင်းတွင် သံတွဲအကျဉ်းထောင်တွင်တပ်စွဲထားသည့်…
Read More » -
Battle
ငပလီကမ်းခြေတိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
သံတွဲ၊ ဇူလိုင် ၁၄၊ ၂၀၂၄။ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား ဇူလိုင် ၁၂ရက်မွန်းလွဲကတည်းက ငပလီကမ်းခြေမြို့၊ မြပြင်ရပ်ကွက် မြရတနာကွက်သစ်ရှိ မြရတနာ ဆုတောင်းပြည့် ဘုရားနောက်ဘက်ခြမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ “၁၂ရက် နေ့လည်…
Read More » -
Battle
ငပလီကမ်းခြေရှိ ဟိုတယ်အချို့ မီးလောင်
သံတွဲ၊ ဇူလိုင် ၁၄၊ ၂၀၂၄။ ကမ္ဘာကျော် ငပလီကမ်းခြေ၊ လင်းသာဟိုတယ်ဇုန်ရှိ ဟိုတယ်အချို့ကို လက်နက်ကြီး ထိမှန်ကာ ယနေ့မွန်းလွဲပိုင်းမှစတင်ကာ မီးလောင်နေကြောင်း ဒေသခံများထံမှ ယနေ့ညနေပိုင်းက သတင်းရရှိသည်။ “ဘာကြောင့်လောင်တာလဲ အတိအကျ မသိပေမယ့် သိလိုက်တဲ့တယောက်က လေယာဉ်ဗုးကြဲတာလို့ပြောတယ်”ဟု…
Read More » -
Crime
ငပလီကမ်းခြေမြို့ရှိ ရပ်ကွက်အချို့ ဖောက်ထွင်းလုယက်ခံရမှု အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရ
သံတွဲ၊ ၁၃၊ ဇူလိုင် ၊၂၀၂၄။ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲပြင်းထန်နေသည့် ငပလီကမ်းခြေ မြို့၏ တောင်ဘက်စွန်းရပ်ကွက်များဖြစ်သည့် မြပြင်နှင့် ဂျိတ္တောတွင် စစ်ကောင်စီတပ်သားများနှင့် ခိုးဆိုး လုယက်သူအချို့ က လူနေအိမ်များနှင့် ဈေးဆိုင်များကို ဖောက်ထွင်းယူငင်မှုများ အဆက်မပြတ်…
Read More » -
Business
စစ်ရှောင်များအတွက်ဆိုကာ လစာကောင်းကောင်းမက်လုံးပေးခေါ်နေသောအလုပ်အကိုင်များကို သတိထားရန်လို
သံတွဲ၊ ၁၁၊ ဇူလိုင်၊ ၂၀၂၄။ တိုက်ပွဲများပြင်းထန်နေသဖြင့် စစ်ဘေးရှောင်နေရသည့် သံတွဲသူ၊ သံတွဲသား လူငယ်များအား လစာကောင်းကောင်း ပေးမည့် အလုပ်ခေါ်စာများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး၊ ယင်းကြော်ငြာများသည် လူလိမ်ဂိုဏ်းများဖြစ်နိုင်သည့်အတွက် အထူး သတိထားရန်လိုအပ်ကြောင်း သံတွဲဒေသခံများအချင်းချင်း သတိပေးလျှက်ရှိကြသည်။…
Read More » -
Battle
ငပလီမြို့ ခလရ ၅၅ တပ်ရင်းနှင့် ခမရ ၅၆၆ တပ်ရင်းကို AA က အပြီးသတ်သိမ်းပိုက်
ငပလီ၊ ဇူလိုင် ၁၁၊ ၂၀၂၄။ သံတွဲခရိုင်၊ ငပလီမြို့ရှိ လက်ကျန်တပ်ရင်းတစ်ခုဖြစ်သည် ခလရ ၅၅ တပ်ရင်းကို အာရက္ခတပ်တော်(အေအေ) က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၁၁ ရက် ယနေ့ညတွင် ထုတ်ပြန်ကြေညာသည်။ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ…
Read More »