Video

“မှိုအလွမ်း၊ မျှစ်အလွမ်း၊ သံတွဲအလွမ်း”

မြန်မာပြည် တနံတလျားက တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံဟာ သူတို့နေရာ၊ သူတို့ဒေသက ရိုးရာအစားအစာ၊ ရာသီပေါ်အစားအစာတွေကို တခုံတမင် စားသောက်ကြသလိုပဲ ကျမတို့ သံတွဲဒေသမှာလည်း သံတွဲသူ၊ သံတွဲသားတွေ ကိုယ်နဲ့မကွာဆောင်ထားတတ်တဲ့ ဒေသ အစားအစာတွေရှိကြတယ်။

လူတိုင်းဟာ သူ့အရပ်၊ သူ့ဒေသနဲ့ဝေးကွာနေချိန်မှာ ကိုယ်စီဒေသအစားအစာကို လွမ်းဆွတ်တတ်ကြတယ်။ စစ်ဘေးစစ်ဒဏ်ကြောင့် ပြေးရလွှားရ၊ သူစိမ်းပြင်ပြင် အရပ်တွေမှာ အခြေချကြရတဲ့အခါ စိတ်ရောကိုယ်ပါ အရာရာ အထိုင်မကျကြတဲ့အထဲ အစားအသောက်ပြဿနာလည်း ပါဝင်ပါတယ်။

တော်လှန်ရေးကာလ၊ ကိုယ့်အရပ်၊ ကိုယ့်ဒေသကို မလွဲသာမရှောင်သာလို့ စွန့်ခွာကြရသူတွေမှာ အိမ်ကိုလွမ်းစိတ်၊ မြို့ကို လွမ်းစိတ်နဲ့အတူ မွေးကတည်းက စားသောက်နေထိုင်မှုပုံစံလေးတွေကို လွမ်းတဲ့စိတ်က ခွဲလို့ မရနိုင်တာ အဝေးရောက်နေသူတိုင်းရဲ့ ခံစားချက်ဖြစ်ပါလိမ့်မယ်။

ကျမတော့ အခုအချိန်မှာ အလွမ်းဆုံးက မျှစ်ပါပဲ။ မျှစ်ဆိုလို့ ဘယ်နေရာဝယ်စားစားရတာပဲလို့ ပြောကောင်းပြောနိုင်ပေမယ့် သံတွဲကထွက်တဲ့ ခရင်မျှစ်ဟာ တခြားဘယ်ဒေသမှာမှ မတွေ့ဖူးတဲ့ ထူးထူးခြားခြား အရသာရှိတဲ့ ရာသီစာတမျိုးလည်းဖြစ်ပါတယ်။

ဖော်ပြပါ အက်ဆေးကို အသံဖြင့် နားဆင်နိုင်ရန် ဓာတ်ပုံကို နှိပ်ပြီး YouTube တွင် ဝင်ရောက်နားဆင်နိုင်ပါတယ်။ သံတွဲဒေသ ပုံရိပ်များ၊ ဒေသရိုးရာစားစရာဓာတ်ပုံတွေ စုံစုံလင်လင်နဲ့ တင်ဆက်ထားပါတယ်။ အဝေးရောက် သံတွဲသူ၊ သံတွဲသားများ အလွမ်းပြေနိုင်ကြပါစေ။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button