စစ်ဘေးထဲက အိမ်ကလေး

ကိုယ့်ခွန် ကိုယ့်အားနဲ့ အိမ်တလုံး မပိုင်ဆိုင်ဖူး၊ အိမ်တလုံးမဆောက်ဖူး၊ အိမ်တလုံးရဲ့ တန်ဖိုးကိုလည်း နားမလည်တဲ့ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ နောက်လိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရက်စက်မှု၊ ရမ်းကားမှုတွေကြောင့် မြန်မာပြည်အနှံ့ လူနေအိမ်တွေ မီးလောင်ပြာကျပျက်စီးခဲ့ရတယ်။
ရခိုင်ပြည် သံတွဲမြို့မှာလည်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် လူတွေရဲ့ ဘဝတွေမျိုးစုံပျက်စီးခဲ့ရတယ်။ လူနေအိမ်တွေ ပြာကျပျက်စီးခဲ့ရတယ်။ ဒီအကြောင်းကို သံတွဲဒေသခံ စာရေးသူ လင်းမြရည် က “စစ်ဘေးထဲက အိမ်ကလေး” ဆိုတဲ့ ရသအက်ဆေးတပုဒ်ကို ကိုယ်တွေ့ ခံစားရေးသားထားတယ်။
ခြတောင်ပို့တခုလို တဖြည်းဖြည်းချင်း စုပြီး တည်ဆောက်ထားတဲ့အိမ်လေး၊ အိမ်တလုံးရဲ့ တန်ဖိုးဆိုတာ မြင်နိုင်တဲ့ ရုပ်ဝထ္ထုတွေရှိသလို မမြင်နိုင်၊ ကိုယ်တွယ်မပြနိုင်တဲ့ အမှတ်တရတန်ဖိုးတွေလည်းရှိနေတဲ့အကြောင်း စာရေးသူရဲ့ ခံစားရေးဖွဲ့ထားမှုကို နားသောတဆင်ရမှာဖြစ်ပါတယ်။