News Feature
-
မွေးကင်းစကလေးတွေကို နို့မတိုက်နိုင်တဲ့ မိခင်တွေရဲ့ ဒုက္ခ
ဒွါရာဝတီ၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၅။ အာဟာရအဖြစ် အဓိက စားသုံးရမယ့်ဆန် နဲ့ စားနပ်ရိက္ခာတွေ ရှားပါးပြတ်တောက်နေတဲ့အခါ ကိုယ်တိုင် ဗိုက်ဆာတဲ့ဒဏ်ကို ခံစားနေရသလို ရင်ခွင်ထဲက ဆာလောင်မွတ်သိပ်နေတဲ့ ရင်သွေးငယ်ကို ဘာတတ်နိုင်စွမ်းမှ မရှိဘဲ ငုံံ့ကြည့်နေရတဲ့ အမေတယောက်ရဲ့…
Read More » -
ပုသိမ်လေယာဉ်ကွင်းကို အသုံးပြုပြီး ရခိုင်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်နေသည့် စစ်တပ်
ဒွါရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၄။ စစ်ကောင်စီက ပုသိမ်လေယာဉ်ကွင်းကို ပြန်လည်ပြုပြင်နေပြီး မကြာမီ ခရီးသည်တင် လေကြောင်း လိုင်းများ ပြေးဆွဲမည်ဟု သတင်းထုတ်ပြန်ထားသည်။ သို့သော် အာဏာသိမ်းစစ်တပ်သည် အဆိုပါလေယာဉ်ကွင်းကို အသုံးပြုပြီး ရခိုင်ပြည်နယ်တောင်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေကြသည်ဟု…
Read More » -
သတင်းအမှောင်ကျနေသည့် ရခိုင်တောင်ပိုင်းမှာ ဘာတွေဖြစ်နေလဲ
//သတင်းဆောင်းပါး// လွတ်လပ်သူ၊ ဘုန်းလူ ရေးသည်။ ဒွါရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၄။ ရခိုင်တောင်ပိုင်းဒေသရှိ သံတွဲမြို့နယ်၊ ဂွမြို့နယ်များနှင့်ပတ်သက်သည့် သတင်းများကို လွတ်လပ်သောသတင်းမီဒီယာများတွင် ရေးသားတင်ပြနိုင်ခြင်း တဖြည်းဖြည်း အားနည်းလာခဲ့သည်မှာ ရက်ပေါင်း ၇၀ ခန့် ကြာမြင့်လာခဲ့ပြီဖြစ်သည်။ ထို ၂ လခွဲတာ ကာလအတွင်း အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်တပ်တို့ကြား ပြင်းထန်ခဲ့၊ ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် လူထုထိခိုက်နစ်နာမှု အခြေအနေများကို မှတ်တမ်းတင်နိုင်စွမ်း ခက်ခဲသည်ထက် ခက်ခဲလာသည်။ စက်တင်ဘာလအတွင်း ဂွမြို့ဒေသတဝိုက်ရှိ ဒေသခံများနှင့် ဒွါရာဝတီက ဆက်သွယ်မေးမြန်းနိုင်ခဲ့သည့် သတင်းအချက်အလက်များအရ ဒေသခံလူထုနှင့် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ ပြတ်တောက်သည့် ဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရသည်။ ကျိန္တလီမြို့နယ်အတွင်း အေအေနှင့် စစ်တပ်ကြား ထိတွေ့တိုက်ပွဲ စတင်ခဲ့သည့် ဩဂုတ်လ ၁၀ ရက် နောက်ပိုင်းက စတင်ကာ အများပြည်သူ တပိုင်တနိုင် ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီက တဖြည်းဖြည်း ကန့်သတ်ပိတ်ပင်လာခဲ့သည်။ …
Read More » -
ဂွမြို့နယ်အတွင်း စစ်ရေးတင်းမာလာ၍ ဒေသခံပြည်သူများ စစ်ရှောင်ကြလေပြီ
ဂွ၊ ဩဂုတ် ၁၀၊ ၂၀၂၄။ သံတွဲမြို့နယ်အတွင်းမှ ဆုတ်ခွာထွက်ပြေးသွားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံတွဲမြို့တောင်ဘက်ရှိ ဂွမြို့နယ်အတွင်း၌ ထပ်မံ၍ အထိုင်ချစခန်းများတည်ဆောက်ပြီး ခံစစ်များပြင်ဆင်ထားလျက်ရှိရာ၌ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဩဂုတ်လ ပထမပတ်အတွင်း လက်နက်ကြီးပစ်ခတ်မှု၊ ပင်လယ်ပြင် စစ်သင်္ဘော များ၏…
Read More » -
“ပျက်စီးဆုံးရှုံးမှုများခဲ့သည့် တောင်ကုတ်ရေဘေး”
တောင်ကုတ်၊ ဩဂုတ် ၁၊ ၂၀၂၄။ ဇူလိုင်နောက်ဆုံးပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုများကြောင့်တောင်ကုတ်မြို့နယ်အတွင်း တွေ့ကြုံခဲ့ကြရသည့် ရေဘေးသည် နှစ်တိုင်းထက် ပို၍ ဆုံးရှုံးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဇူလိုင် ၂၅နှင့် ၂၆ ရက်များတွင် မိုးကြီး ရေလျှံခဲ့ခြင်းများကြောင့်…
Read More » -
စစ်ကောင်စီကင်းစင်သွားသည့် မြို့သံတွဲ
လွတ်လပ်သူ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲဒေသကို ထိုးစစ်ဆင်နေသည့် အာရက္ခတပ်တော် (အေအေ)သည် မြို့ကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပြီး၊ မြေပြင်တွင် စစ်ကောင်စီ အုပ်ချုပ်မှုယန္တယား လုံးဝကင်းစင်သွားပြီဖြစ်ကြောင်း ဒွါရာဝတီ၏ သတင်းရင်းမြစ်များက တညီတညွတ်တည်းပြောသည်။ အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲများ စတင်ခဲ့သည့် ဧပြီ…
Read More » -
သံတွဲဒေသတစ်ဝိုက် စစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်ပြီး အရေးပေါ်အကူအညီ လိုအပ်နေကြ
သံတွဲ၊ ၈၊ ၇၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ သံတွဲဒေသတဝိုက်တွင် ဇူလိုင်လဆန်းမှစတင်ကာ ဆန် ပြတ်တောက်လု နီးပါးဖြစ်နေပြီး ဝယ်ယူရခက်ခဲနေကြောင်း ဒေသခံစစ်ဘေးရှောင်များထံမှ စုံစမ်းသိရှိရသည်။ “ဆန်ပြတ်နေပြီ၊ ဆန်ရနိုင်တယ် သတင်းကြားတဲ့ ရွာတွေကို လိုက်ရှာဝယ်နေရတယ်၊ ဆန်ရဖို့ မလွယ်…
Read More » -
သံတွဲ၌ ကုန်ဈေးနူန်း အဆမတန်မြင့်တက်ပြီး ဆေးဝါးပြတ်လပ်နေ
တိုက်ပွဲများပြင်းထန်လာသည့် ဇွန်လဆန်းမှာစတင်ကာ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများ ဆတိုးမြင့်တက်လာပြီး အချို့ကုန်စည်များမှာ ပြတ်တောက်လု နီးပါးဖြစ်နေသလို၊ ကျန်းမာရေးအတွက် ဆေးဝါးများ အလွယ်တကူ ဝယ်ယူမရသည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သံတွဲမြို့နယ်အတွင်းရှိ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ အလားတူ…
Read More » -
နေ့ရောညပါ ဗုံးကြဲခံရပြီး အဆက်အသွယ်ပြတ်တောက်နေသည့် ဆင်ခေါင်းရွာ
သံတွဲ၊ ၅၊ ဇွန်၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းငါးဖမ်းဇုန်ကို တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီက ၂ ရက်ဆက်တိုက် နေ့ရောညပါ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ များပြားကြောင်း သိရသော်လည်း အတိအကျ အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။…
Read More » -
ရခိုင်ပြည်သူများအပေါ် ရက်စက်ခဲ့သည့် စစ်သင်္ဘောသုံးစီး၏ နိဂုံး
ညီညီခိုင် ရခိုင်ပြည်နယ်တွင် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစ၍ ရက္ခိုင့်တပ်တော် (အေအေ) နှင့် အာဏာသိမ်းစစ်ကောင်စီကြား တိုက်ပွဲများ ပြန်ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီသည် ကြည်၊ ရေ၊ လေ အင်အားကို တက်ကုန်၊ ရွက်ကုန်လွတ်ကာ ရက္ခိုင့်တပ်တော်…
Read More »