Battle
-
မောင်ရွှေလေးရေတပ်အနီး သစ်ကောက်ရွာဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား ၆ ဦးသေဆုံး၊ အလောင်း မကောက်နိုင်သေး
သံတွဲ၊ ဩဂုတ် ၁၁၊ ၂၀၂၄။ သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်းနှင့် ၁ မိုင်ကျော်ဝေးသော သစ်ကောက်ကျေးရွာ ဘုန်းကြီး ကျောင်းသို့ ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သဖြင့် အရပ်သား ပြည်သူ…
Read More » -
စစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် မြောက်ဦးမြို့ရှိ အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ
မြောက်ဦး၊ ဩဂုတ် ၁၀၊ ၂၀၂၄။ ရခိုင်ပြည်၊ မြောက်ဦးမြို့ပေါ်လူနေရပ်ကွက်ပေါ်သို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦး၏ စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဩဂုတ် ၁၀ ရက်၊ ယနေ့…
Read More » -
မောင်တောမြို့ရှိ စစ်တပ်၏ လက်ကျန်စခန်း ၂ ခုသည် မြို့ခံပြည်သူများကို လူသားဒိုင်းလုပ်ပြီး ခံစစ်ကို အခိုင်အမာပြင်ဆင်နေ
မောင်တော၊ ဇူလိုင် ၈ ရက်၊ ၂၀၂၄။ မောင်တောမြို့တွင် နယ်ခြားစောင့်အမှတ်(၅) စခန်းနှင့် ခံစစ်အထပ်ထပ်ဖြင့်ခုခံနေသည့် မောင်တောမြို့တွင်းစခန်း ဟူ၍ စခန်း ၂ ခုသာကျန်ရှိရာ အဆိုပါ စစ်ကောင်စီစခန်း ၂ ခုသည် မြို့ခံပြည်သူများကို မြို့တွင်းမှ…
Read More » -
သံတွဲအကျဉ်းထောင်မှ နိုင်ကျဉ်းအပါအဝင် အကျဉ်းသား ၃၇၀ ကျော်ကို AA ကယ်ထုတ်၊ စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးထိမှန်ပြီး အကျဉ်းသား ၇ ဦးသေဆုံးခဲ့
သံတွဲ၊ ဩဂုတ် ၈၊ ၂၀၂၄။ စစ်ကောင်စီက နိုင်ငံရေးပုဒ်မဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် သံတွဲအကျဉ်းထောင်မှ အကျဉ်သား ၃၇၂ ဦးကို အာရက္ခတပ်တော်က ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများကိုလည်း ၎င်းတို့၏ မိသားစုထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။…
Read More » -
ကျိန္တလီမြို့နယ်အတွင်း စစ်တပ်၏ နေဗီနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ စတင်ပြုလုပ်နေ
သံတွဲ၊ ဩဂုတ် ၇၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့နယ်အတွင်း ယနေ့ညနေပိုင်းတွင် ၂ ဘက်တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီ၏ လက်နက်ကြီး အထိုင်စခန်းများနှင့် ဘင်္ဂလားပင်လယ်ပြင်တွင် အထိုင်ချထားသည့် နေဗီစစ်သင်္ဘောတို့မှ ရမ်းသမ်းပစ်ခတ်မှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ကျိန္တလီမြို့နယ်၊ လယ်တီတောင်ပေါ်ကျောင်း၊…
Read More » -
စစ်ကောင်စီက သံတွဲမှတ်ပုံတင်ကိုင်ဆောင်ထားသူများအား ရခိုင်သို့ ဝင်ခွင့်ကန့်သတ်နေ
သံတွဲ၊ ဩဂုတ် ၆၊ ၂၀၂၄။ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာ စစ်ဘေးရှောင်နေကြသည့် သံတွဲသူ၊ သံတွဲသားများကို စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ရခိုင်ပြည်နယ်သို့ ပြန်ဝင်ခွင့် ကန့်သတ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများထံမှ စုံစမ်းသိရှိရသည်။ ဧရာဝတီတိုင်းမှာ…
Read More » -
ကျိန္တလီမြို့နှင့် ကုလားပြင်တွင် သေနတ်ပစ်ခတ်သံများကြားရပြီး ဒေသခံများ ထိတ်လန့်နေ
ကျိန္တလီ၊ ဩဂုတ် ၄၊ ၂၀၂၄။ ကျိန္တလီမြို့နှင့် ကုလားပြင်ကျေးရွာ(ရတနာမြိုင်)အနီး၌ ဩဂုတ် ၃ ရက် ည ၁၁ နာရီကျော်ခန့်က သေနတ်ပစ်ခတ် သံများကြား ရသဖြင့် ဒေသခံများ ထိတ်လန့်နေကြသည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ အထိုင်ချတပ်စွဲထားသည့်…
Read More » -
တောင်ကုတ်မြို့တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ကာ မြို့အနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုး
တောင်ကုတ်၊ ဩဂုတ် ၄၊ ၂၀၂၄။ တောင်ကုတ်မြို့တွင် ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးစခန်းများက တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ၊ မြို့တွင်းတွင် စစ်ကားဖြင့် ကင်းလှည့်ခြင်း၊ မြို့အနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်းများ…
Read More » -
တောင်ကုတ်မြို့အထွက် ဖုံညိုဂိတ်တွင် ဒေသခံပြည်သူများကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေ
တောင်ကုတ်၊ ဩဂုတ် ၄၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ သံတွဲဘက်သို့အထွက် ဖုံညိုစစ်ဆေးရေးဂိတ်သို့ ဖြတ်သန်း သွားလာနေသော ဒေသခံပြည်သူများကို စစ်ကောင်စီက ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။ ယခုလ ၂ရက်နေ့ မွန်းလွဲ ၃နာရီဝန်းကျင်တွင်…
Read More » -
စစ်ရှောင်ပြည်သူများခိုလှုံနေသည့် ကျောက်ကြီးကျေးရွာကို ရေတပ်က လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ခတ်
သံတွဲ၊ ဩဂုတ် ၂၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ငပလီကမ်းခြေမြို့များမှ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်ကောင်စီရေတပ်က ယနေ့ညနေပိုင်းတွင် လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ကြောင်း မိသားစုနှင့် အဆက်အသွယ်ရရှိခဲ့သည့် သံတွဲဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။…
Read More »