
စစ်ပွဲတွေတိုင်းမှာ စစ်ပွဲနဲ့ မဆိုင်တဲ့ လူမမယ် ကလေးငယ်တွေဟာ စိတ်ရောကိုယ်ပါ ထိခိုက်နစ်နာဆုံးရှုံးမှုတွေကို ခံစားရကြပါတယ်။

သူတို့မွေးဖွားကြီးပြင်းနေထိုင်ခဲ့တဲ့ အိမ်တွေကနေ ထွက်ပြေးရတာ၊ သူတို့ ပညာသင်နေတဲ့စာသင် ကျောင်းပေါ်ကို လေကြောင်းကနေဗုံးကြဲလို့ သူတို့မျက်စိရှေ့မှာ အရွယ်တူ သူငယ်ချင်းတွေ အစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးရတာ၊ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေနဲ့ သေကွဲ၊ ရှင်ကွဲ ခွဲခွာကြရတာ စတဲ့ စိတ်ထိခိုက်စရာ အတွေ့အကြုံ၊ စိတ်ဒဏ်ရာမျိုးစုံကို ခံစားကြရပါတယ်။

သူတို့ကြုံနေရတဲ့ စစ်ပွဲတွေ၊ အနိဌာရုံတွေ၊ စိုးရိမ်ထိတ်လန့်စရာတွေကို ဖြေလျော့စေနိုင်ဖို့ စိတ်ပညာရှင်တွေနဲ့ ကလေးသူငယ်ရေးရာ နှစ်သိမ့်ဆွေးနွေးပေးသူတွေရဲ့ နည်းလမ်း ၅သွယ်နဲ့ ကလေးတွေကို ကူညီပေးနိုင်ပါတယ်။

ဒီနည်းလမ်း ၅သွယ်ကို စိတ်ပိုင်းဆိုင်ရာ နှက်သိမ့်ဆွေးနွေးရေး ဝန်ဆောင်မှုတွေပေးနေတဲ့
https://m.facebook.com/serenitycounselingsupport
စာမျက်နှာကနေ ကူးယူကာ ထပ်ဆင့်ဖော်ပြအပ်ပါတယ်။

သံတွဲဒေသ၊ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအနှံ့အပြားက စစ်ဘေးသင့်ဒေသတွေက ကလေးငယ်တွေရဲ့ စိတ်ဒဏ်ရာတွေ ဖြေလျော့နိုင်ဖို့ အတူဝိုင်းဝန်းကူညီစောင့်ရှောက်နိုင်ကြပါစေ။

စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာတွေ/ အကြံပြုချက်တွေကို
https://m.facebook.com/serenitycounselingsupport/ မှာ ပိုမိုလေ့လာနိုင်ပါတယ်။