EnvironmentNews

ကျိန္တလီမြို့ နှင့် ဂွမြို့နယ်အတွင်း၌ ရေကြီးမှုများဖြစ်ပေါ်

ဂွ ၊ ဇူလိုင် ၂၅၊ ၂၀၂၄။

မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိတာကြောင့် ကျိန္တလီမြို့ နယ်နှင့် ဂွမြို့နယ်တွင်လည်း ရေကြီး၊ ရေလျံမှုများဖြစ် ပေါ်လျက်ရှိသည်ဟု သိရသည်။

ဂွမြို့နယ်၊ နံ့သာမြိုင်ကျေးရွာအုပ်စု၊ ဘဝင်ကျေးရွာတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသကဲ့သို့ ကျိန္တလီမြို့ နယ်၊ ကုလားပြင်ရွာမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

သံတွဲမြို့တွင်လည်း သံတွဲချောင်းရေကြီးနေခြင်းကြောင့် သံတွဲမြို့ရှိ ရပ်ကွက်တချို့တွင် ရေကြီးလျက်ရှိသည်။

ပုံ-ဂွမြို့နယ်၊ ဘဝင်ရွာနှင့် ကျိန္တလီမြို့ နယ်၊ ကုလားပြင်ရွာ ရေကြီးနေသည်ကို တွေ့ရစဉ်။

ဓာတ်ပုံ-ဒေသခံများ ရိုက်ကူးထားသည့် ပုံများကို ပြန်လည်ဖော်ပြသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button