BattleNews

တောင်ကုတ်တက္ကသိုလ်အနီး ဒုံရွာမှ အရပ်သားများ မိုင်းနင်းမိ၍ ခြေပြတ်ဒဏ်ရာရ

တောင်ကုတ်၊ ဇွန် ၂၅၊ ၂၀၂၄။

တောင်ကုတ်မြို့၊ တောင်ကုတ်တက္ကသိုလ်မှ ၃ ဖာလုံအကွာရှိ ဒုံရွာမှ ဒေသခံရွာသားအချို့ သည် တက္ကသိုလ်နောက် တောတန်းတွင် ဟင်းသီးဟင်းရွက်ရှာဖွေရန် သွားစဉ် ဇွန် ၂၅ ရက် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က မိုင်းနင်းမိ၍ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ မိုင်းနင်းမိ၍ ခြေပြတ်ဒဏ်ရာရရှိခဲ့ကြသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကို လူမှုကူညီရေး အသင်းများက တောင်ကုတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

မိုင်းထိသည့် အမျိုးသား။

မိုင်းနင်းမိရာမှာ အမျိုသား ၂ ဦး၊ အမျိုးသမီး ၁ ဦး မိုင်းနင်းမိခဲ့ခြင်းဖြစ်သော်လည်း အမျိုးသားတစ်ဦးက တော့ ပျောက်ဆုံးနေသည်ဟု အခင်းဖြစ်စဉ်ကို ပါဝင်ကူညီပေးခဲ့သူများထံက သိရသည်။

ဘာကြောင့်ပျောက်ဆုံးသွားသည်ကို ဒွါရာဝတီသတင်းဌာနက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်က တောင်ကုတ်မြို့ပေါ်ရှိ တက္ကသိုလ်တခုလုံးကို တပ်စွဲထားပြီး တက္ကသိုလ်မှ ၂ ဖာလုံ အကွာအထိ ကာကင်းစခန်းများချထားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဒုံကျေးရွာမှာ ယင်းတက္ကသိုလ်နှင့်် ၃ ဖာလုံအကွာတွင်ရှိပြီး ရွာအပြင်ဘက် လယ်တဲများအနီးတွင် မိုင်းနင်းမိ ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ အတွင်းကလည်း တောင်ကုတ်မြို့၊ နာရေးကူညီမှုရုံးအနီး တောစပ်တွင် အိမ်တွင်ချက်စားရင် ကတတ်ရိုးသွားချိုးသည့် အမျိုးသမီးတဦး စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိကာ ခြေတဖက် ဖြတ်တောက်ခဲ့ရဖူးသည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းများကို နင်းမိ၍ ယခုကဲ့သို့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးလိုက်ရသည့် အရပ်သား စုစုပေါင်း ၄ဦးအထိ ရှိလာပြီဖြစ်သည်။

ပုံ-မိုင်းနင်းမိသည့် ပြည်သူ ၂ ဦးကို တောင်ကုတ်မြို့လူမှုကူညီရေးအသင်းများက ကယ်တင်နေကြစဉ်။ (ဓာတ်ပုံ-တောင်ကုတ်လူမှုကူညီရေးအသင်း)

Related Articles

One Comment

Leave a Reply to Tài khon binance Cancel reply

Your email address will not be published. Required fields are marked *

Back to top button