BattleNews

လူမရှိတော့သည့် စပါးကြီးရပ်ကွက်ကို စစ်တပ် မွှေနှောက်သောင်းကျန်း

ငပလီ၊ ဇွန် ၂၂၊ ၂၀၂၄။

ရွာခံများစစ်ဘေးရှောင်သွား၍ လူမရှိတော့သည့် ငပလီမြို့၊ စပါးကြီးရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်များအတွင်း ဝင်ရောက်ကာ ပစ္စည်းများယူငင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို ချက်ပြုတ်စားသောက်ခြင်း များ လုပ်နေကြသည်ဟု စပါးကြီးရပ်ကွက်နေထိုင်သူများက ပြောသည်။

ဇွန်လ ၃ ရက်က ငပလီကမ်းခြေမြောက်ဘက် ဂေါ့တောင်အနီးတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့်နောက် ဂေါ့ရပ် ကွက်နှင့် စပါးကြီးရပ်ကွက်မှ ဒေသခံများသည် ဘေးလွတ်ရာသို့ စစ်ရှောင်ခဲ့ကြရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဂေါ့ရပ်ကွက်နှင့် စပါးကြီးရပ်ကွက်သို့ ဝင်ထွက်နိုင်သည့် သံတွဲလေဆိပ် (မဇင်)အနီးဂိတ်ချထားပြီး ရပ်ကွက်နေပြည်သူများ၏ ရပ်ကွက်အတွင်း ဝင်ထွက်ခွင့်များကို ပိတ်ပင်ကန့်သတ် ခဲ့သည်။

ထို့ကြောင့် လူမရှိတော့သည့် စပါးကြီးရပ်ကွက်ရှိ နေအိမ်များမှ အများပြည်သူပိုင် ပစ္စည်းများကို စစ်ကောင်စီ တပ်ဖွဲ့များက စိတ်တိုင်းကျယူငင်အသုံးပြုနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“(စစ်သားတွေ)သောင်းကျန်းနေကြတယ်၊ အိမ်မှာရှိတဲ့ ဝက်တွေကို သေနတ်နဲ့ပစ်သတ်ပြီး ချက်စားကြတယ်၊ ညဘက်ဆို မူးမူးရူးရူးနဲ့ သေနတ်တွေ မိုးပေါ်ထောင်ပစ်ကြတယ်” ဟု စပါးကြီးရပ်ကွက်နေသူတစ်ဦးက ပြော သည်။

နေအိမ်သို့ပစ္စည်းပြန်ယူကြသူအချို့၏ ပြောကြားချက်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရပ်ကွက်လူနေအိမ်များ အတွင်းဝင်ရောက်ကာ မွှေနောက်ထားပြီး ပစ္စည်းများယူငင်ထားကြသည်ဟုဆိုသည်။

ဓာတ်ပုံ- စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်း။/ cincds

Related Articles

One Comment

Leave a Reply to create binance account Cancel reply

Your email address will not be published. Required fields are marked *

Back to top button