
သံတွဲ၊ ဇူလိုင် ၁၀၊ ၂၀၂၄။
သံတွဲမြို့နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်စွာဖြစ် ပွားလျက်ရှိရာ စစ်ရေး အရေးနိမ့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်မြေပြင်မှ အသက်လုကာထွက်ပြေး ကြသူများ ပိုမိုများပြား လာနေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်တပ်နှင့်နီးစပ်သူများ၏ အဆိုရ အာရက္ခတပ်တော်(အေအေ)၏ တိုက်ခိုက်မှုကို ခံနေရသည် ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်ဆုတ်ခွာရန် အမိန့်တောင်းသော်လည်း ကွင်းဝိုင်းရေတပ် တပ်ရင်းမှူးမှ ခွင့်မပြုသည့်အတွက် အချို့သော တပ်ဖွဲ့ဝင်များသည် အသက်မသေရေးအတွက် ကိုယ့်အစီအစဉ်ဖြင့် ကိုယ် ထွက်ပြေးကြခြင်းဖြစ်သည်ဟု ဆိုသည်။
“ကွင်းဝိုင်းရေတပ်စခန်းက တပ်ဖွဲ့ဝင်တချို့ကို (ခလရ) ၅၅ ကိုပို့ထားတယ်။ ၅၅ ကလည်း ဖရိုဖရဲဖြစ်နေတော့ ရဲဘော်တွေက တပ်မှူး ကျနော်တို့ကို အမိန့်နဲ့ ပြန်ခေါ်ပါလို့ ပြောတာကို ငါနဲ့မဆိုင်ဘူး။ အထက်က ခိုင်းတာဆိုပြီး ပြောလို့ ရဲဘော်တွေ ဒေါသထွက်နေကြတယ်” ဟု စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပြသည်။
ကွင်းဝိုင်းရေတပ်မှ တပ်ဖွဲ့ဝင်မိသားစုများကို ယခင်ကတည်းက ရန်ကုန်မြို့သို့ ရွေ့ပြောင်းထားခဲ့တာကြောင့် မိသားစုဝင်အားလုံးမှာ စစ်ကောင်စီလက်ထဲရောက်နေခြင်းကြောင့် မည်သည့်စစ်သားမျှ လက်နက်ချ၊ အလံဖြူထောင်ခြင်းများ မလုပ်နိုင်ဘဲဖြစ်နေကြသည်ဟု သူက ဆက်ပြောသည်။
“ကွင်းဝိုင်းရေတပ်က မိသားစုဝင်တွေက အဲဒီအနီးဝန်းကျင်ရွာက လူတွေပဲဆိုတော့ တခုခုဆိုရင် သူတို့က အလံဖြူပဲထောင်ကြမှာလေ၊ အဲဒါကို ကြိုသိတဲ့အတွက် စစ်တပ်က မိသာစုဝင်တွေကို ကားနဲ့ ရန်ကုန်ကို ကြိုပို့ထားတာ၊ အဲဒီနေ့ကဆိုရင် ခွေးတွေပါခေါ်ပြီးပြောင်းကြတော့ ကျန်ခဲ့တဲ့ အမျိုးတွေက ငိုကြတာပေါ့” ဟု ကွင်းဝိုင်းရေတပ်စခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အထက်အရာရှိများက အသေခံတိုက်ခိုင်းသည့်သဘောမျိုးဖြစ်နေခြင်းကြောင့် အချို့သော အောက်ခြေ တပ်ဖွဲ့ဝင် များသည် အသက်မသေရေးအတွက် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု သိရသည်။
ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးများဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်နေသည့် အာဏာသိမ်း မင်းအောင်လှိုင်၏စစ်တပ်ကို အာရက္ခတပ်တော်(အေအေ)က ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသောကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံး အနေအထားဖြစ်သည်ဟု ဇူလိုင် ၇ ရက်တွင် အေအေက ထုတ်ပြန်ထားသည်။
သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်အချိန် တွင် တပ်တော်က သိမ်းပိုက်ရရှိခဲ့သည်။
ထို့အပြင် သံတွဲလေဆိပ်အပါအဝင် သံတွဲမြို့အနီးပတ်ဝန်းကျင်ရှိ အခြားသော စစ်ကောင်စီတပ်စွဲထားသော စခန်းအချို့ကိုလည်း အေအေက သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သားအလောင်း ၄၀၀ ကျော်ကိုလည်း တပ်တော်အေအေက ကောင်းမွန်စွာသင်္ဂြိုဟ်ပေးထားခဲ့သည်။
လက်ရှိတွင် တပ်တော်အေအေသည် ခလရ ၅၅ တပ်ရင်းကို သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း လျက်ရှိနေစဉ်အတွင်း စစ်ကောင်စီ၏ လက်အောက်ခံတပ်ဖွဲ့ဝင်များ စစ်မြေပြင်မှ ထွက်ပြေးမှု ပိုမိုများပြား နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ထွက်ပြေးလာတဲ့သူတွေ တွေ့တယ်။ တချို့က ဒဏ်ရာတွေနဲ့။ ဒီဘက်ရောက်မှ အရပ်ဝတ်တွေလဲပြီး ထွက် ပြေးကြတာ” ဟု ဇလွန်ကျေးရွာဘက်မှ ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်းမှာ ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာရှိ နေအိမ်များထံမှ အရပ်ဝတ်များတောင်းကာ အဝတ်အစားလဲပြီး ထွက်ပြေးနေကြခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း တိုက်ပွဲများပြင်းထန်နေသည့် ငပလီကမ်းခြေဘက်မှ ဒဏ်ရာရ စစ်သား အချို့နှင့် မိသားစုဝင်အချို့ သံတွဲမြို့တွင်းသို့ ပြေးလာသည်ကို တွေ့ရကြောင်း သံတွဲမြို့ပေါ်ရပ်ကွက်ရှိ ဒေသခံများက ပြောသည်။
စစ်ကောင်စီအထိုင်ချထားပြီး တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိသေးသည့် သံတွဲမြို့ပေါ်သို့ ပြေးလာကြသည့် စစ်ကောင်စီစစ်သားများသည် ခလရ ၅၅ တပ်ရင်းအနီး သံတွဲနှင့် ငပလီကြားရှိ နန်းချောင်းကျေးရွာ တောတောင်များထဲမှ ထွက်လာခြင်းဖြစ်ကြောင်း မျက်မြင်ကြုံတွေ့ခဲ့သူ တဦးက ပြောသည်။
“ကလေးတွေနဲ့ မိန်းမတွေလည်းပါတယ်၊ ၅၅ က လက်ကျန်တွေ တောထဲက ပြေးလာတယ်လို့ ကြားတယ်” ဟု သူက ပြောသည်။
အလားတူ လက်နက်ကိုင်ဆောင်လာသည့် ဒဏ်ရာရ စစ်ကောင်စီအရာရှိနှင့် တပ်သားအချို့လည်း သံတွဲမြို့ တွင်းသို့ ဝင်လာနေကြသည်ဟု သိရသည်။
“ထောက်ပို့ ပို့ပေးမယ်ဆိုပြီး စောင့်ရင်းနဲ့ တောထဲမှာနေပြီး မစားရ မသောက်ရဘဲ စောင့်နေရတာ ၁၅ ရက်လောက်ကြာပြီတဲ့၊ ရမ်းသမ်းပစ်နေရတာ၊ ကိုယ့်လူကိုယ်ပစ်မိမှန်း၊ ဘယ်သူ့ ပစ်မိမှန်း မသိတဲ့” ဟု ထွက်ပြေးလာကြသူများ၏ ပြောကြားချက်ကို ကိုးကားပြီး သံတွဲမြို့ဒေသခံတစ်ဦးက ဒွါရာဝတီသို့ ပြောသည်။
ယင်းသို့ တောထဲမှ ထွက်လာကာ သံတွဲမြို့ပေါ်သို့ တက်လာသည့် ဒဏ်ရာရ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များကို သံတွဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် သံတွဲအကျဉ်းထောင်က ချောဆွဲထားသည့် ကားဖြင့် ခေါက်တိုကြိုပို့ပေးနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။
ယခုရက်ပိုင်းအတွင်း ငပလီကမ်းခြေတောင်ဘက်ပိုင်းရှိ ငပလီမြို့ရှောင်လမ်း၊ စန်းတောင်ကြီးနောက်ကျော ဘက်၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
အာရက္ခတပ်တော်(အေအေ)သည် သံတွဲဒေသအတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများဖြစ် ကြသော ခမရ (၅၆၆) နှင့် ခလရ (၅၅) တပ်ရင်းတို့အပြင် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများဖြစ်ကြ သော ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) – လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) – နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့နှင့် ရင်ဆိုင် တိုက်ခိုက်နေရခြင်းဖြစ်သည်။
သံတွဲဒေသမြို့သိမ်းတိုက်ပွဲသည် အာရက္ခဒေသမြို့သိမ်းတိုက်ပွဲများအတွင်း အာရက္ခတပ်တော်အတွက် ခက်ခဲသော မြို့သိမ်းတိုက်ပွဲဖြစ်ကြောင်း အေအေက ဇူလိုင်လ ၇ ရက် ယနေ့မှာ ထုတ်ပြန်ကြေညာသည်။
စစ်ရေးအရေးနိမ့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ငပလီမြို့အနီးဝန်းကျင်နှင့် သံတွဲမြို့ပေါ်ရပ်ကွက် များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများဆက်တိုက်လုပ်နေပြီး အဆိုပါ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
ပုံစာ-ငပလီမြို့နှင့် သံတွဲမြို့တစ်ဝိုက် လိုက်လံဗုံးကြဲနေသည့် လေယာဉ်။




I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://accounts.binance.info/zh-TC/register-person?ref=DCKLL1YD
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? https://accounts.binance.com/tr/register?ref=MST5ZREF