
အမ်း၊ အောက်တိုဘာ ၈၊ ၂၀၂၄။
အမ်းမြိုနယ်အတွင်း လက်ကျန်စခန်းများထဲမှ တခုဖြစ်သော မဲတောင်ဗျူဟာစခန်းတခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏စခန်းများအားလုံးကို အောက်တိုဘာလ ၇ ရက်၊ ညနေ ၄ နာရီခန့်တွင် အာရက္ခတပ်တော်(အေအေ)က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်ဟု အေအေက ထုတ်ပြသည်။
မဲတောင်ဗျုဟာကုန်းသည် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ အဖြောင့်တိုင်းလျှင် (၁၄) ကီလိုမီတာခန့်( ၈ မိုင်)သာ ကွာဝေးသည်။

မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်း အချို နှင့် စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများ ပါဝင်ပြီး မဲတောင်နှင့် အမ်းဌာနချုပ်ပတ်ဝန်းကျင်၌ လှုပ်ရှားကြသည်ဟု အေအေက ဆိုသည်။
မဲတောင်ဗျုဟာ ကုန်းသိမ်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို အေအေက သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

မဲတောင်ဗျူဟာစခန်းကုန်းနှင့် ၎င်းနှင့်ဆက်စပ်စခန်းကုန်းများအား အာရက္ခတပ်တော်မှ ဝိုင်းရံပိတ်ဆို ဖြတ် တောက်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီးဖြစ်ပြီး အမ်းမြိုနယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ (၄၀၀) ခန့်အကွာအဝေး၌ စက်တင်ဘာလ (၂၆) ရက် နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲဟာဗျူဟာကုန်း၏ စခန်းများအား တခုပြီးတခုကို အာရက္ခတပ်တော် အေအေက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ရေးအရ အရေးနိမ့်နေသော စစ်ကောင်စီသည် အရပ်သားပြည်သူ လူထုကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက် ခြင်းကို ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်ဟု အေအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာရက္ခတပ်တော်သည် ရခိုင်ပြည်အတွင်း၌ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စစ်ကောင်စီ၏ တပ်စခန်းများ အားလုံးကို တခုမကျန်ဆက်လက်သိမ်းပိုက်ရယူရန် ကြိုးပမ်းလျက်ရှိသောကြောင့် မောင်တော၊ ကျိန္တလီနှင့် အမ်းစသည့်ဒေသများအတွင်း၌ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွား လျက်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲ၏ တစ်ခုတည်းသောစခန်းဖြစ်သည့် စစ်ကောင်စီ၏ နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး တပြိုင်နက်တည်းတွင် ARSO၊ RSO မွတ်ဆလင် လက်နက်ကိုင်အဖွဲအစည်းများ၏ မောင်တော၊ ဘူးသီးတောင်ဒေသများ၌ အတင့်ရဲစွာ ပြုလုပ် လျက်ရှိသောအကြမ်းဖက် လုပ်ငန်းများကို အေအေက တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။
စစ်ကောင်စီ၏ တောင်ကုတ်၊ စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆/၅၄၄) တပ်စခန်းများနှင့် အခြားသော စခန်းများကိုလည်း ဝိုင်းရံပိတ်ဆိုထားပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင် ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု အေအေက ပြောသည်။
#ရခိုင် #အေအေ #အမ်း #မဲတောင်




Heard whispers about 9kbossgame. Graphics are sharp, gameplay is interesting. Feels like it’s got potential. Maybe you’ll become the boss! Give 9kbossgame a shot and let me know what you think.
Alright, spun a few rounds on casinocalupoh. The games looked pretty standard, nothing to write home about BUT the payout! I think I like this one… Try for yourself: casinocalupoh
Heard good things about jilifishcasino. The selection is huge. It feels safe to play – Give it a look: jilifishcasino, and let me know what you think!