People VoiceSharing & Charity
သံတွဲ့မြို့ရွှေကျောင်းပြင်ရွာ နံတော်တောင်ဘုန်းကြီး ကျောင်း၌ စစ်ရှောင်များ ဆန်လိုအပ်လျက်ရှိ

သံတွဲ၊ ဇွန် ၂၃၊ ၂၀၂၄။
သံတွဲမြို့ နံတော်တောင်ဘုန်းကြီးကျောင်း၌ ရွှေကျောင်းပြင်ကျေးရွာမှ လာရောက်ခိုလုံစစ်ရှောင်နေသူများအတွက် ဆန်အိတ်လိုအပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ၌ ဆန်အိတ်တစ်အိတ်သာရှိပြီး ရေရှည်မှာ စစ်ရှောင်လာသူများစားသောက်နိုင်ရန် ဆန်အိတ်လိုအပ်လျက်ရှိနေခြင်းဖြစ်သည်ဟုသိရသည်။

စေတနာရှင်မြို့ခံပြည်သူများအနေဖြင့် ဒေသခံစစ်ရှောင်များကို လှူဒါန်းလိုပါက နံတော်တောင်ကျောင်းထိုင်ဆရာတော် ဖုန်းနံပါတ်-09421753799 နှင့် ဦးဉာဏ်ထွန်း ဖုန်းနံပါတ် -09428154033 သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သံတွဲသူ သံတွဲသားများဖေ့ဘွတ်စာမျက်မှာတွင် ဖော်ပြထားသည်။
ဓာတ်ပုံ- ဒေသခံတစ်ဦးထံမှ ကူးယူဖော်ပြပါသည်။