‘’အခွင့်အလမ်း”

ဒွါရာဝတီ၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၄။
ရခိုင်ပြည်နယ်ကနေ စစ်ရှောင်ပြီး ရန်ကုန်ကိုရောက်နေကြတဲ့ လူငယ်လူရွယ်တွေအတွက် Balasadda (ဗလသဒ္ဒ powerful voice) လို့ အမည်ပေးထားတဲ့ အစီအစဉ်ရဲ့ ပန်းချီကာတွန်းသရုပ်ဖော် အနုပညာ သက်မွေးဝမ်းကျောင်းပညာရပ် သင်တန်းအခွင့်အလမ်းတခုကို ဒွါရာဝတီက မျှဝေချင်ပါတယ်။
Third Story Children’s Books က ဦးဆောင်စီစဉ်တဲ့ ဒီသင်တန်းဟာ ဗဟုသုတရရုံ သင်တန်းသက်သက်မဟုတ်ဘဲ ဒီပညာနဲ့ အသက်မွေး ဝမ်းကျောင်းပြုနိုင်မယ့် အခွင့်အလမ်းရှိတဲ့အတွက် တကယ်တတ်မြောက်ချင်သလို၊ ဒီအတတ်ပညာနဲ့ တကယ်အသက်မွေးလိုသူတွေသာ လျှောက်သင့်ပါတယ်။
အိမ်ပြင်ထွက်ဖို့အရေး အန္တရာယ်တွေနဲ့ ဝိုင်းနေတဲ့ တိုင်းပြည်မှာ အိမ်ထဲမှာနေရင်း သင်ယူနိုင်မယ့် ပညာသင်ခွင့်ဖြစ်လို့ ကြိုးစားလျှောက်ကြည့်စေချင်ပါတယ်။
ဘာအစီအစဉ်လဲ?
ပန်းချီအခြေခံ
ကာတွန်းဇာတ်ကောင်များဖန်တီးခြင်း
ဇာတ်လမ်းပုံပြင် ဖန်တီးရေးသားခြင်း၊ ကာတွန်းဇာတ်လမ်း ဇာတ်ညွှန်းရေးသားခြင်း စတဲ့ ခေါင်းစဉ်တစ်ခုကို အနည်းဆုံး ၁၆ နာရီစီ သင်ယူရမှာဖြစ်ပါတယ်။ သင်တန်းပြီးရင် ဆရာကြီး ဖြစ်သွားပြီလို့ အာမ မခံ ပေမယ့် မိမိတစ်သက်တာ ဆက်လက် လေ့လာရမယ့် လမ်းကြောင်းမှန်ပေါ် ရောက်သွားပါမယ်။ သင်တန်းပြီးရင် လက်တွေ့ Picture Book သုံးအုပ်ကို စုပေါင်းဖန်တီးရမှာ ဖြစ်ပါတယ်။ ပါဝင်ဆောင်ရွက်ကြတဲ့ လူငယ်များ အနုပညာကြေး စာမူခရရှိမှာပါ။
သင်တန်းကာလ-
January ဒုတိယပတ် မှ February ဒုတိယပတ် အထိ (တစ်လ)
သင်တန်းချိန်-
အလုပ်လုပ်နေရသူ လူငယ်များအဆင်ပြေအောင် သင်တန်းချိန်များကို ညဘက် စီစဉ်ထားပါတယ်။
ဘယ်သူတွေ သင်မှာလဲ-
ဝါရင့်ပန်းချီပညာရှင် Art Educator တစ်ဦး
Cartoon Illustrator တစ်ဦး
ကလေးစာပေ ရေးသားတည်းဖြတ်သူတစ်ဦး
တို့က ခေါင်းစဉ်တစ်ခုချင်းစီကို သင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းပြီးရင်လည်း တခြားဝါရင့် Professionals များနဲ့ လမ်းပြကူညီပေးမယ့် အစီအစဉ်တွေရှိပါတယ်။
ဘာတွေလိုမလဲ-
Zoom app ကို ကြည့်လို့ရတဲ့ Device နဲ့ အင်တာနက်တော့လိုပါတယ်။ Zoom က နေသင်မှာပါ။ သင်တန်းအတွက် ရွေးချယ်ခံရသူများကို ပန်းချီနဲ့ကာတွန်း ရေးဆွဲရာမှာ အသုံးပြုရမယ့် ပစ္စည်းပစ္စယများ အခမဲ့ပေးပို့သွားမှာဖြစ်ပါတယ်။ ဝယ်စရာမလိုပါ။ အရွေးခံရဖို့တော့ လိုပါတယ်။ ဒါကြောင့် Form ကို သေချာဖြည့်ပေးပါနော။
ဘယ်သူတွေလျှောက်ရမလဲ-
အသက် (၁၈)နှစ်ကနေ (၃၀) ကြား ရန်ကုန်က လူငယ်တွေ လျှောက်ထားနိုင်ပါတယ်။ ဘာဖြစ်လို့ ရန်ကုန်လဲ ဆိုတော့ ဒီအစီအစဉ်ကို ပံ့ပိုးပေးသူတွေဟာ ရန်ကုန်က လူငယ်တွေ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတိုးတက်အောင် ကူညီပေးနေတဲ့ အဖွဲ့ဖြစ်တာမို့ပါ။ ရန်ကုန်ကို လာရောက် ရွှေ့ပြောင်းနေထိုင်သူများလည်း လျှောက်နိုင်ပါတယ်။
အထူးသဖြင့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ (အရှေ့၊ ဆိပ်ကမ်း၊ တောင်၊ မြောက်) မြို့သစ်တွေ က လူငယ်တွေကို လျှောက်ထားဖို့ အားပေးချင်ပါတယ်။
“ငါများပုံဆွဲတာဝါသနာပါမလား မသိဘူး စမ်းကြည့်ဦးမှ” ဆိုတဲ့
လူငယ်များ မလျှောက်ကြဖို့ မေတ္တာရပ်ခံပါတယ်။
တစ်ပတ်ကို အနည်းဆုံး သင်တန်းတက်ချိန် ၁၂ နာရီ မပေးနိုင်သူများလည်း
မလျှောက်ကြဖို့ သတိပေးချင်ပါတယ်။
“ငါတော့ဖြင့် ပုံဆွဲတာ တော်တယ်လို့ သူများတွေကပြောကြတယ်
ဒီလမ်းကြောင်းပေါ် တက်ကြည့်ချင်တယ်” ဆိုတဲ့ လူငယ်များပဲ လျှောက်ကြပါ။
ပုံဆွဲထူးချွန်တဲ့ မသန်စွမ်းလူငယ်မောင်မယ်များလည်း လျှောက်ကြဖို့ အားပေးချင်ပါတယ်။
သင်တန်းကြေး-
ငွေဖြင့် ရှင်းစရာမလိုပါ။
အိမ်စာများ သေချာလုပ်ခြင်း
သင်တန်းမပျက်ကွက်ခြင်း
သင်တန်းမှာလုပ်ကြတဲ့ Art Project များကို ပါဝင်ဆောင်ရွက်ခြင်း
စတာတွေနဲ့ပဲ သင်တန်းကြေးရှင်းရပါမယ်။ သင်တန်းကြေးမရှင်းနိုင်ရင် သင်တန်းတက်ရောက်ခွင့်ကို ရပ်စဲပစ်မယ်နော်။
ဘာအခွင့်အလမ်းတွေရှိလဲ-
သင်တန်းပြီးရင် စုပေါင်းဖန်တီးကြမယ့် Art Workshop တွေ၊ Publication တွေ ရှိပါမယ်။ ရွေးချယ်ခံရသူများကို စာမူခချီးမြှင့်ပါမယ်။
အောက်ပါ သင်တန်းလျှောက်လွှာ Google Form ကို ဖြည့်ရမယ်။
ကိုယ့်သူငယ်ချင်းထဲမှာ သင့်လျော် တဲ့သူ ရှိရင်လည်း ပို့ပေးလို့ ရပါတယ်။
ဖောင်ပိတ်ရက် က ဇန်နဝါရီ ၄ ရက် ဖြစ်ပါတယ်။



Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? https://www.binance.bh/register?ref=JW3W4Y3A
Your point of view caught my eye and was very interesting. Thanks. I have a question for you. https://www.binance.com/register?ref=GGYHGRE