Press Photo
ဂွတောင်ကြားလမ်း ထပ်မံပြို
ဇူလိုင် ၂၈၊ ၂၀၂၄။
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ထားသည့် ဂွတောင်ကြားလမ်း ၄မိုင်နှင့် ၅မိုင်ကြားတွင် ယနေ့ တောင်ပြိုကျသည့် ဖြစ်စဉ်ဖြစ်ပွားနေခြင်းကြောင့် ကားများ ဖြတ်သန်းသွားလာနိုင်ရန် အခက်ကြုံလျှက်ရှိသည်။
မနေ့ကလည်း ရိုးမပေါ်ရှိ ၁၇ မိုင်ဝန်းကျင်တွင် လမ်းမြေသားနိမ့်ဆင်းကာ ပြတ်ရွှေ့ခဲ့ပြီး ဒေသခံများက ယာယီပြုပြင် အသုံးပြုနေကြသည်။
ယနေ့ထပ်မံ၍ တောင်ပြိုကျသည့် ဖြစ်စဉ်ကို ဂွမြို့ဒေသခံတဦးက မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး၊ ဒွါရာဝတီက ထပ်ဆင့် ကူးယူဖော်ပြအပ်ပါသည်။
Photo – KGKGwa