Press Photo

စစ်ကောင်စီ၏ မိုင်းခွဲဖျက်ဆီးခြင်းခံထားရသည့် ချင်းကွင်းတံတား

ဩဂုတ် ၂၈၊ ၂၀၂၄။

ဇူလိုင် ၂၄ ရက်နေ့က သံတွဲ-ဂွ တခုတည်းသော ကား လမ်းမပေါ်ရှိ ချင်းကွင်းတံတားကို မိုင်း ၃လုံးခွဲကာ ဖျက်ဆီးခဲ့သည်။ တံတားမှာ အလုံးစုံမပျက်စီးဟုဆိုကာ ၂၆ရက်နေ့တွင် ထပ်မံ၍ အင်အားပြင်းမိုင်းများသုံးကာ ထပ်မံဖျက်ဆီးခဲ့ရာ သံတွဲဘက်အခြမ်း တံတားအကန့်မှာ ပြိုကျပျက်စီးသွားခဲ့ပြီဖြစ်သည်။

ချင်းကွင်းတံတားသည် သံတွဲ-ဂွ-ရန်ကုန် အဝေးပြေးကားလမ်းပေါ်တွင်တည်ရှိပြီး သံတွဲတောင်ဘက် ၃၅မိုင်ခန့်အကွာတွင်ရှိသည်။ စစ်ဘေးရှောင်ပြည်သူများမဖြစ်မနေအသုံးပြရသည့် တခုတည်းသော ထွက်ပေါက်တွင်တည်ရှိသည်။

ယခုကဲ့သို့ ဖျက်ဆီးလိုက်ခြင်းကြောင့် ဒေသတွင်းပြည်သူများ ကုန်စည်စီးဆင်းမှုနှင့် စားနပ်ရိက္ခာ ပြတ်တောက်မှု၊ အရေးပေါ်လူနာများ သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲပေါင်းများနှင့် ရင်ဆိုင်နေရသည်။

ဇူလိုင် တတိယပတ်အတွင်းကလည်း စစ်ကောင်စီသည် သံတွဲမြို့နယ်၊ ဇလွန်-မေရိုးဘေးလမ်းအပိုင်းရှိ ဆင်ဒင်လေးတံတား၊ သရက်ပင်ကွင်းတံတား၊ အုန်းပင်ဝတံတားနှင့် မြို့ချောင်း တံတားတို့ကို အသီးသီး မိုင်းခွဲဖျက်ဆီးခဲ့သည်။

ရခိုင်ပြည်နယ်သည် မြန်မာတနိုင်ငံလုံးတွင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး ယခုကဲ့သို့ ပြည်သူပိုင် ကတ္တရာလမ်းများ၊ ချောင်းကူးတံတားများ ရရှိနိုင်ရန်အတွက် မျိုးဆက်နှင့်ချီကာ အချိန်ကာလ စောင့်ဆိုင်းခဲ့ရသည် ပြည်နယ်ဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးခြင်း သက်သေမှတ်တမ်းဓာတ်ပုံများအဖြစ် ဒွါရာဝတီက ပြုစုဖော်ပြအပ်ပါသည်။

Related Articles

One Comment

  1. Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button