၂၀၂၁ သံတွဲမြို့ရေမင်းကြီး

သံတွဲ၊ ဇူလိုင် ၂၆၊ ၂၀၂၄။
မိုးရာသီရောက်လျှင် သံတွဲမြို့သည် ရေကြီးလေ့ရှိသည်။ ချောင်းရေလျံလျှင် မြို့ပေါ်ရပ်ကွက်အတွင်းသို့ ရေရောက်ပြီး နာရီပိုင်းအတွင်း ပြန်ကျသွားတတ် သည်။ ထို့ကြောင့် ရေကြီးခြင်းနှင့် သံတွဲမြို့က စိမ်းလှသည်တော့မဟုတ်။

သံတွဲမြို့အထွက် စာနီတောင်ဂိတ်သို့ သွားသည့် သံတွဲ-ရန်ကုန်ကားလမ်း ရေကြီးနေမှုမြင်ကွင်း။
ယခုလည်း သံတွဲမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်ရေကြီးကာ မြို့ပေါ်ရပ်ကွက်များသို့ ရေဝင်ရောက် နေသည်။ မြို့ခံအများစု စစ်ရှောင်နေကြခြင်းကြောင့် မြို့ပေါ်တွင် လူသူကင်းမဲ့နေသည်။ ဖုန်းလိုင်း၊ အင်တာနက် လိုင်းများ ဖြတ်တောက်လျက်ရှိသည်။ ထို့ကြောင့် မြို့ပေါ်ရေကြီးမှုအခြေအနေကို သတင်းရရှိနိုင်ရန် ခက်ခဲလျက် ရှိသည်။

ရေကြီး၊ ရေလျှံနေသည့် သံတွဲချောင်းနှင့် ရွှေအံတော် စေတီတော်အား တွေ့မြင်ရစဉ်။
လွန်ခဲ့သည့် အနှစ် ၂၀ (၂၀၀၄ ခုနှစ်) ယခုလိုအချိန်၌ သံတွဲမြို့တွင် ရေမင်းကြီး ကြီးခဲ့ဖူးသည်။ တစ်မြို့လုံး ရေလွှမ်းမိုးခဲ့သည်။ စီးပွားပျက်သည်အထိ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

သံတွဲမြို့၊ ဒွါရာဝတီတံတားနှင့် သံတွဲချောင်းရေကြီးနေသည့် မြင်ကွင်း။
အလားတူ ၂၀၂၁ ခုနှစ် လွန်ခဲ့သည့် ၃ နှစ်ကလည်း ရေမင်းကြီး ကြီးခဲ့ဖူးသည်။ တစ်မြို့လုံး ရေကြီး၊ ရေလျှံခဲ့ခြင်းကြောင့် မော်တော်ယာဉ်၊ ဆိုင်ကယ်၊ တီဗီ၊ ရေခဲသေတ္တာ၊ ရေမော်တာအပါအဝင် အခြားသော အိမ်တွင်း ပရိဘောဂနှင့် ကုန်ပစ္စည်းများစွာ ပျက်စီးရှုံးခဲ့သည်။

သံတွဲမြို့အထွက် စာနီတောင်ဂိတ်သို့ သွားသည့် သံတွဲ-ရန်ကုန်ကားလမ်း ရေကြီးနေမှုမြင်ကွင်း။

ရေကြီး၊ ရေလျှံဖြစ်နေသည့် သံတွဲချောင်းနှင့် ရပ်ကွက်နေအိမ်များ။

ရေမြှုပ်နေသည့် ညောင်ပင်ဈေးရှိ ဓာတ်ဆီဆိုင်။

ရေကြီးနစ်မြှုပ်နေသည့် သံတွဲချောင်း။

သံတွဲမြို့အထွက် စာနီတောင်ဂိတ်သို့ သွားသည့် သံတွဲ-ရန်ကုန်ကားလမ်း ရေကြီးနေမှုမြင်ကွင်း။

သံတွဲမြို့အနီး ရေကြီးနစ်မြှုပ်နေသည့် ရပ်ကွက်နေအိမ်များ။

သံတွဲမြို့၊ ညောင်ပင်ဈေးပိုင်း ရေကြီးနေမှုအခြေအနေ။

သံတွဲမြို့၊ ညောင်ပင်ဈေးပိုင်း ရေကြီးနေမှုအခြေအနေ။
၂၀၂၁ ခုနှစ် ရေမင်းကြီး ကြီးခဲ့သည့်မှတ်တမ်းဓာတ်ပုံများကို ဒွါရာဝတီသတင်းဌာနက ပြန်လည်ဖော်ပြပေးလိုက်ပါသည်။