“အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးအကူအညီ”

ဒွါရာဝတီ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၅။
ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ကလေးသူငယ်တွေနဲ့ အသက်ကြီးရွယ်အိုတွေမှာ အရေပြား ရောဂါတွေဖြစ်နေကြတာကို တွေ့ရပါတယ်။ ကလေးတွေရဲ့ မျက်နှာ၊ ကျောပြင်၊ ဗိုက်၊ ဂျိုင်း၊ လက်၊ ခြေထောက် စတဲ့ ခန္ဓာကိုယ်အနှံ့မှာ ယားနာတွေက ပေါက်နေတာပါ။

ရောဂါဖြစ်နေတဲ့သူတွေကို ဒေသက ပရဟိတအဖွဲ့တွေကလည်း တတ်အားသလောက် ဝိုင်းဝန်းကူညီပေးနေတာ တွေ့ရပါတယ်။ ဒီလိုကူညီပေးနေရာမှာ ဆေးဝါးဝယ်ယူနိုင်ရေးအတွက် ငွေကြေးလိုအပ်နေကြတာကို တွေ့ရပါ တယ်။ ဝေဒနာခံစားနေရတဲ့ ဒေသခံတွေအတွက် လိုအပ်နေတဲ့ ဆေးဝါးနဲ့ အလှူငွေကို ဝိုင်းဝန်းကူညီပေးကြဖို့ကို လည်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ က တိုက်တွန်းနိုးဆော်ထားပါတယ်။

ဒါကြောင့် သဒ္ဓါပေါက်လို့ လှူဒါန်းချင်တယ်ဆိုရင် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ထံ https://www.facebook.com/profile.php?id=100083059852722 ဆက်သွယ်လှူဒါန်းနိုင်ကြောင်းကို ဒွါရာဝတီက ဖော်ပြလိုက်ပါတယ်။

ရခိုင်ပြည်သူတွေနဲ့ မြန်မာပြည်သူအပေါင်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာကိုယ်ကျန်းမာတဲ့ဘဝတွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။

(ဓာတ်ပုံတွေကို ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ကူးယူဖော်ပြထားတာဖြစ်ပါတယ်)
#သံတွဲ #ဒွါရာဝတီ #ဂွ #ယားနာ #ဆေးဝါး



Your point of view caught my eye and was very interesting. Thanks. I have a question for you. https://www.binance.bh/en-ZA/register?ref=B4EPR6J0
Thanks for sharing. I read many of your blog posts, cool, your blog is very good.