Gwa
-
Article
သတင်းအမှောင်ကျနေသည့် ရခိုင်တောင်ပိုင်းမှာ ဘာတွေဖြစ်နေလဲ
//သတင်းဆောင်းပါး// လွတ်လပ်သူ၊ ဘုန်းလူ ရေးသည်။ ဒွါရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၄။ ရခိုင်တောင်ပိုင်းဒေသရှိ သံတွဲမြို့နယ်၊ ဂွမြို့နယ်များနှင့်ပတ်သက်သည့် သတင်းများကို လွတ်လပ်သောသတင်းမီဒီယာများတွင် ရေးသားတင်ပြနိုင်ခြင်း တဖြည်းဖြည်း အားနည်းလာခဲ့သည်မှာ ရက်ပေါင်း ၇၀ ခန့် ကြာမြင့်လာခဲ့ပြီဖြစ်သည်။ ထို ၂ လခွဲတာ ကာလအတွင်း အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်တပ်တို့ကြား ပြင်းထန်ခဲ့၊ ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် လူထုထိခိုက်နစ်နာမှု အခြေအနေများကို မှတ်တမ်းတင်နိုင်စွမ်း ခက်ခဲသည်ထက် ခက်ခဲလာသည်။ စက်တင်ဘာလအတွင်း ဂွမြို့ဒေသတဝိုက်ရှိ ဒေသခံများနှင့် ဒွါရာဝတီက ဆက်သွယ်မေးမြန်းနိုင်ခဲ့သည့် သတင်းအချက်အလက်များအရ ဒေသခံလူထုနှင့် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ ပြတ်တောက်သည့် ဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရသည်။ ကျိန္တလီမြို့နယ်အတွင်း အေအေနှင့် စစ်တပ်ကြား ထိတွေ့တိုက်ပွဲ စတင်ခဲ့သည့် ဩဂုတ်လ ၁၀ ရက် နောက်ပိုင်းက စတင်ကာ အများပြည်သူ တပိုင်တနိုင် ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီက တဖြည်းဖြည်း ကန့်သတ်ပိတ်ပင်လာခဲ့သည်။ …
Read More » -
Business
ဧရာဝတီတိုင်းနှင့် ရခိုင်ပြည် နယ်စပ်ရှိ ဗေဒါဂိတ်မှ ကုန်စည်ရောလူပါ ဖြတ်သန်းသွားလာခွင့်ပိတ်ထား
ဂွ၊ စက်တင်ဘာ ၁၅၊ ၂၀၂၄။ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်စပ် ဂွတောင်ကြားလမ်းရိုးမပေါ်ရှိ ဗေဒါစစ်ဆေးရေးဂိတ်မှ ကုန်စည်နှင့် ပြည်သူများ ဖြတ်သန်းသွားလာခွင့်ကို ယနေ့ စစ်ကောင်စီက စတင်ပိတ်လိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဂွမြို့မှ ငါးသိုင်းချောင်းသို့ ဆက်သွယ်ထားသည့် ရခိုင်ရိုးမလမ်းပေါ်ရှိ…
Read More » -
Battle
ယခုလဒုတိယပတ်အတွင်း ဂွမြို့နယ်သို့ စစ်ကောင်စီက စစ်အင်အားထပ်မံဖြည့်တင်း
ဒွါရာဝတီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၄။ ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်တောင်ဘက်ခြမ်းသို့ ငါးသိုင်းချောင်း-ဂွ တောင်ကြားလမ်းကို အသုံးပြုကာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်အင်အားများ ဖြည့်တင်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ “ဂွရိုးပေါ်မှာ စစ်ကား ၇ စီး (ရခိုင်ဘက်)ဆင်းလာတာတွေ့တယ်၊…
Read More » -
Battle
ဂွမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များ ထွက်ပြေးနေ
ဂွ၊ စက်တင်ဘာ၊ ၉၊ ၂၀၂၄။ ရခိုင်ပြည်တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ဂွမြို့နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ စစ်ကောင်စီတပ်သားများ လက်နက်စွန့်ကာ ထွက်ပြေးနေကြကြောင်း စုံစမ်းသိရှိရသည်။ ကျိန္တလီမြို့နယ်၊ ရတနာမြိုင်ကျေးရွာမှ ၉ဦးနှင့် ဂွမြို့၊ မင်းတောင် ဘုရားကုန်းပေါ်တွင်…
Read More » -
Battle
ဂွမြို့နယ်အတွင်း တရွာနှင့်တရွာ ကူးလူးသွားလာခွင့်ကို စစ်တပ်က ပိတ်ဆို့ပြီး ရိက္ခာများဖြတ်တောက်
ဂွ၊ စက်တင်ဘာ ၆၊ ၂၀၂၄။ စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ ကျေးရွာတချို့ကို ယမန်နေ့က စတင်ကာ တရွာနှင့် တရွာ ကူးလူးသွားလာခွင့် ကန့်သတ်လိုက်ပြီး၊ ဆန်သယ်ယူခွင့်လည်း ပိတ်ထားခြင်းကြောင့် ဒေသခံများ ဆန်ပြတ်လတ်ကာ စားသောက်ရေးအခက်အခဲများ ကြုံတွေနေရကြောင်း…
Read More » -
Crime
ဂွမြို့နယ်၊ ရေကျော်ရွာတွင် စစ်ကောင်စီက သက်လတ်ပိုင်းအမျိုးသား ၁၂ ဦးကို ဖမ်းဆီး
ကျိန္တလီ၊ ဩဂုတ် ၃၁၊ ၂၀၂၄။ ငပလီကမ်းခြေမြို့၊ ဂျိတ္တောရပ်ကွက်မှ ဂွမြို့နယ်၊ ရေကျော်ကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် သက်လတ်ပိုင်း အမျိုးသား ၁၂ ဦးကို စစ်ကောင်စီက ယခုလ ၂၉ ရက် ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး၊…
Read More » -
Business
စစ်တပ်က ဆန်သယ်ယူခွင့်ပိတ်ပင်ထား၍ ကျိန္တလီမြို့နယ်ရှိ ဒေသခံနှင့် စစ်ဘေးရှောင်အချို့ အငတ်ဘေးဆိုက်လာဟုဆို
ကျိန္တလီ၊ ဩဂုတ် ၃၁၊ ၂၀၂၄။ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့် ရခိုင်တောင်ပိုင်း ဒေသ၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲအတွင်း ပြည်သူများ ဆန်သယ်ယူခြင်းကို စစ်တပ်က ပိတ်ဆို့ထား၍ ဒေသခံအချို့နှင့် စစ်ရှောင်ပြည်သူများ အငတ်ဘေးနှင့် ရင်ဆိုင်လာရကြောင်း ဒေသခံများထံမှ…
Read More » -
Battle
ဂွ-ငါးသိုင်းချောင်း ရိုးမလမ်းတွင် စစ်တပ်က လက်နက်ကြီးအထိုင်ချပြီး စမ်းသပ်ပစ်ခတ်
ဒွါရာဝတီ၊ ဩဂုတ် ၂၇၊ ၂၀၂၄။ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ထားသည့် ဂွ-ငသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းပေါ်တွင် စစ်ကောင်စီက လက်နက်ကြီးအထိုင်ချထားပြီး ပစ်ခတ်နေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦးထံမှ သတင်းရရှိသည်။ လွန်ခဲ့သည့် ၄ ရက်ဝန်းကျင်ခန့်ကစတင်ကာ လက်နက်ကြီးတွဲထားသည့် စစ်ကားတစီးကို ဂွ-ငသိုင်းချောင်း…
Read More » -
Battle
မောင်ရွှေလေးရေတပ်နှင့် ကျောက်ပါးစပ်ကျေးရွာအနီး တိုက်ပွဲများဆက်လက်ပြင်းထန်နေ
ဒွါရာဝတီ ဩဂုတ် ၂၇၊ ၂၀၂၄။ ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ကျောက်ပါးစပ်ကျေးရွာအနီးဝန်းကျင်၌ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်ဟု သိရ သည်။ အာရက္ခတပ်တော်(အေအေ)၏ သတင်းနှင့်ပြန်ကြားရေးမှ ဩဂုတ်လ ၂၆…
Read More » -
Environment
ကျိန္တလီမြို့ နှင့် ဂွမြို့နယ်အတွင်း၌ ရေကြီးမှုများဖြစ်ပေါ်
ဂွ ၊ ဇူလိုင် ၂၅၊ ၂၀၂၄။ မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိတာကြောင့် ကျိန္တလီမြို့ နယ်နှင့် ဂွမြို့နယ်တွင်လည်း ရေကြီး၊ ရေလျံမှုများဖြစ် ပေါ်လျက်ရှိသည်ဟု သိရသည်။ ဂွမြို့နယ်၊ နံ့သာမြိုင်ကျေးရွာအုပ်စု၊ ဘဝင်ကျေးရွာတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသကဲ့သို့ ကျိန္တလီမြို့ နယ်၊…
Read More »