BattleNews

ဂွနှင့် ကျိန္တလီကြားရှိ ကုလားပြင်တံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးပြီး ထွက်ပြေး

ကျိန္တလီ၊ အောက်တိုဘာ ၇၊ ၂၀၂၄။

မြေပြင်တွင် စစ်ရေး အရေးနိမ့်နေသည့် စစ်ကောင်စီသည် အောက်တိုဘာ ၇ ရက် ယနေ့ မနက် ၂ နာရီခွဲအချိန်က ကျိန္တလီမြို့နှင့် ဂွမြို့နယ်သို့ ဆက်သွယ်ထားသည့် ကုလားပြင်တံတားကို မိုင်းခွဲဖျက်ဆီးပြီး ဆုတ်ခွာထွက်ပြေး သွားသည်ဟု  အာရက္ခတပ်တော်(အေအေ) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က ပြောကြာသည်ဟု Arakan Princess Media တွင် ဖော်ပြထားသည်။

ကုလားပြင်တန်းထားထိပ်ရှိ ကိုင်းခုံနှင့် ကံ့ကော်တောင်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကုလားပြင်တံတားကို မိုင်းခွဲဖျက်ဆီးပြီး ဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်သည်။

ဒွါရာဝတီသတင်းဌာနက တိုက်ပွဲဇုံးအတွင်းရှိ ဒေသခံတဦးကို ဆက်သွယ်မေးမြန်းရာမှာ ၎င်းက “ရတနာမြိုင်တံတား (ကုလားပြင် တံတား)ကို ချိုးလိုက်ပြီ၊ ရတနာမြိုင်ရွာထွက်မှာလည်း နှစ်ဘက် တိုက်ပွဲဖြစ်နေလို့ စစ်သားတွေ ရတနာမြိုင်မှာ ပိတ်မိပြီ” ဟု အတည်ပြုသည်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းများ ပစ်ခတ်ခြင်းများဆက်တိုက်ပြုလုပ် နေပြီး အာရက္ခတပ်တော်ကလည်း ရတနာမြိုင်ကိုသိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

စစ်ကောင်စီတပ်သည် ကျိန္တလီမြို့အဝင် ချင်းကွင်းတံတား၊ ဇလွန်-မောင်ရွှေလေးကြားရှိ သရက်ပင်ကွင်းတံတား၊ ဆင်ဒင်လေးတံတား၊ ကျောက်ဖြူ-တောင်ကုတ်လမ်းပေါ်ရှိ မအီတံတား၊ ကျောက်ကြီးပေါက်တံတားများကို အသီးသီး မိုင်းခွဲဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ပုံစာ- စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့သည့် ကုလားပြင်တံတား။  ဓာတ်ပုံ-Arakan Bay News-ABN

Related Articles

One Comment

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button