စစ်ရှုံးနေသည့် စစ်ကောင်စီ၏ ထင်တိုင်းကြဲဖျက်ဆီးမှုကို ခံနေရသော သံတွဲမြို့

//Photo News//
ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်ရှိ စစ်စခန်းတွေတခုခုပြီးတခု ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများမရှိသေးသော သံတွဲမြို့ပေါ်နှင့် အနီးတဝိုက်နယ်မြေများကို လေကြောင်းဗုံးကြဲခြင်းများ အဆက်မပြတ်ပြုလုပ်နေပြီး အရပ်သားများ သေဆုံးမှုနှင့် ထိခိုက် ဒဏ်ရာရခြင်းများ မြင့်တက်လျှက်ရှိသည်။

အလားတူ လူနေအိမ်များ၊ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးနေရသည်။

ယခုရက်ပိုင်းအတွင်း အဆက်မပြတ်ပြုလုပ်နေသည့် လေကြောင်းဗုံးကြဲမှုများကြောင့် ဖြစ်ပျက်ခဲ့သည့်အပျက်အစီးများ၊ မြင်ကွင်းများကို သံတွဲသူ၊ သံတွဲသားများက ၎င်းတို့ရောက်ရှိရာ နေရာအသီးသီးတွင် သက်သေအဖြစ် မှတ်တမ်းများ ရယူထားခြင်းဖြစ်သည်။

ဒေသခံများ၏ မှတ်တမ်းဓာတ်ပုံများကို ဒွါရာဝတီက ထပ်ဆင့် မှတ်တမ်းယူဖော်ပြအပ်ပါသည်။

ယခု ပုံများသည် အာဏာရှင် စစ်ကောင်စီက အရပ်သားများအပေါ် ကျူးလွန်ခဲ့သည့် သက်သေမှတ်တမ်းများစွာအနက် အချို့ဖြစ်သည်။ မှတ်တမ်းရယူနိုင်ခြင်းမရှိသေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာ မြေပြင်တွင် ဖြစ်ပျက်လျှက်ရှိနေသည်။






Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://accounts.binance.info/register/person?ref=QCGZMHR6