
သံတွဲ၊ ဇွန် ၂၃၊ ၂၀၂၄။
သံတွဲမြို့အနီး ရွှေကျောင်းပြင်ကျေးရွာတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားလာသည့်အတွက် သံတွဲမြို့ခံများစစ်ဘေးရှောင်နိုင်ရန် သံတွဲမြို့ဝင် စာနီတောင် မောင်းတံ ဂိတ်ကို ဖွင့်ပေးလိုက်သည်ဟု သံတွဲမြို့ခံများက ပြောသည်။
“ဒီနေ့ဖွင့်ပေးလိုက်တဲ့သဘောဖြစ်သွားတယ်၊ မှတ်ပုံတင်ပြရုံနဲ့သွားလို့ရတယ်၊ လူတွေကတော့ ပြုံတိုးနေကြ တယ်” ဟု သံတွဲမြို့ခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်များအကျအဆုံးများနေသဖြင့် ဂိတ်တွင်စောင့်နေသည့် ပြည်သူ့စစ်များလည်း ထွက်ပြေးသွားကြသည့်အတွက် ယခုလို မောင်းတံဂိတ်ကို ဖွင့်ပေးလိုက်သည်ဟု ကြားသိရကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
လက်နက်ငယ်ပစ်ခတ်သံများဖြင့် နှစ်ဘက်တိုက်ပွဲများဖြစ်ပွားနေခြင်းမျိုးမဟုတ်ဘဲ စစ်ကောင်စီ၏ လက်နက် ကြီးပစ်သံများ ဆက်တိုက်ဆူညံလျက်ရှိကြောင်း သိရသည်။
ယခင်က အဆိုပါမောင်းတံဂိတ်ကို ဖြတ်သန်းခွင့်ရရန် ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ဆရာဝန်ဆေး ထောက်ခံစာများပြသနိုင်မှသာ ဖြတ်သန်းခွင့်ရခြင်းဖြစ်သည်။
“မြို့ထဲက ထွက်တဲ့သူတွေကတာ့ အများကြီး၊ မြို့ထဲမှာတော့ အားလုံးတိတ်ဆိတ်နေတယ်။ ဈေးဆိုင်တွေလည်း မဖွင့်ကြတော့ဘူး” သံတွဲမြို့တစ်ဦးက ပြောပြသည်။
အဆိုပါ သံတွဲမြို့အဝင်အထွက် ဂိတ်များကို ၂၀၂၃ နိုဝင်ဘာ ၁၃ ရက် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တကျော့ပြန် တိုက်ပွဲများ စတင်ဖြစ်
ပွားသည့်အချိန်မှစ၍ စစ်ကောင်စီက ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ-သံတွဲမြို့ဝင်စာနီတောင်မောင်းတံဂိတ်၌ စစ်ရှောင်မည့်သံတွဲမြို့ခံများ တန်းစီနေကြစဉ်။



Your point of view caught my eye and was very interesting. Thanks. I have a question for you.
Your article helped me a lot, is there any more related content? Thanks!