“သံတွဲ သို့မဟုတ် ဒွါရာဝတီရဲ့ တန်ဆောင်တိုင် မီးမျှောပွဲတော်”
ရခိုင်ဟာ မိုးများတဲ့ဒေသဖြစ်လို့ သီတင်းကျွတ်မီးထွန်းပွဲလထက် တိမ်ကင်းစင်ပြီး မိုးလေကင်းလွတ်တဲ့ လရာသီဖြစ်လို့ တန်ဆောင်တိုင်ပွဲတော်လဟာ ပိုပြီး စည်ကားတတ်ပါတယ်။ သံတွဲမြို့ရဲ့ အစည်ကားဆုံး ပွဲတော်တွေထဲက တခုက တန်ဆောင်တိုင် မီးမျှောပွဲတော်ပါ။
မြို့ကို ရစ်ခွေစီးဆင်းတဲ့ သံတွဲချောင်းနံဘေးက ကျောက်ပန်းတောင်းစေတီတော်ခြေရင်းကနေ တန်ဆောင်တိုင်မီးမျှောပွဲကို စည်စည်ကားကားပြုလုပ်ကြတယ်။
မြို့ဘက်ကမ်း၊ ဝါးပိုးတန်းကနေ မြို့တဖက်ကမ်း၊ အံတော်ဘက်ခြမ်းမှာရှိတဲ့ ကျောက်ပန်းတောင်းစေတီနားကို တချို့က လှေတွေနဲ့ သွားကြတယ်။ တချို့က အံတော်တံတားကနေ ကူးပြီး ဆိုင်ကယ်နဲ့သွားကြတယ်။
လေးမျက်နှာကုန်းက ဝင်္ကဘာလှည့်ပွဲ၊ ကျောက်ပန်းတောင်းစေတီက မီးမျှောပွဲနဲ့ မြို့ရဲ့ရပ်ကွက်အနှံ့ မီးထွန်းပွဲနဲ့ စတုဒီသာပွဲတွေနဲ့ တိုးမပေါက်အောင် စည်ကားတတ်တဲ့ အတိတ်က သံတွဲဒေသရဲ့ အထင်ကရ ဓာတ်ပုံလေးတချို့ကို ပြန်လည်လွမ်းဆွတ်စွာနဲ့ ဒွါရာဝတီက ဖော်ပြအပ်ပါတယ်။
မကြာခင်ကာလမှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ နေရာဒေသတိုင်း၊ တန်တူညီမျှစွာ လွတ်လပ်တဲ့ အနှစ်သာရ၊ ဘေးကင်းပျော်ရွှင်ရတဲ့ ဘဝတွေကို အမြန်ဆုံးပိုင်ဆိုင်ခွင့်ရကြပါစေကြောင်း ဒွါရာဝတီဝိုင်းတော်သားများက ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
(၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း ဓာတ်ပုံဆရာတဦးရိုက်ကူးထားသည့် သံတွဲမြို့တန်ဆောင်တိုင် မီးမျှောပွဲအမှတ်တရပုံရိပ်များကို ဖော်ပြထားခြင်းဖြစ်သည်။)