-
Battle
ကုလားပြင်တိုက်ပွဲတွင် ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး ဒဏ်ရာပြင်းထန်၊ဗိုလ်အဆင့်အပါ တပ်သား ၄၀ ကျော် ရိုးမကျော်ပြီး ထွက်ပြေး
ဂွ၊ အောက်တိုဘာ ၁၂၊ ၂၀၂၄။ ရခိုင်တောင်ပိုင်းဒေသ၊ ဂွမြို့နယ်၊ ကုလားပြင်(ရတနာမြိုင်)ကျေးရွာအနီး အာရက္ခတပ်တော် (အေအေ)နှင့် စစ်ကောင်စီတပ်များကြား ပြင်းထန်နေသည့် တိုက်ပွဲများအတွင်း ဂွအခြေစိုက် ခ.မ.ရ ၅၆၃ မှ ဗိုလ်ကြီးအဆင့်ရှိသူ ၂ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း စစ်တပ်နှင့်…
Read More » -
Battle
စစ်ကောင်စီက ဂွမြို့နယ်အတွင်း လူနေကျေးရွာအချို့ကို ကြည်း၊ ရေ၊ လေ မှ နေ့ရောညပါ အပြင်းအထန် တိုက်ခိုက်နေ
ဂွ၊ အောက်တိုဘာ ၁၂၊ ၂၀၂၄။ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့နယ် အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီက နေ့ရော ညပါ ကြည်း၊ ရေ တိုက်ခိုက်မှုများပြုလုပ်နေပြီး ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိ…
Read More » -
Battle
ဂွတောင်ကြားလမ်းတွင် ထောက်ပို့စစ်ကားတစီးမှောက်၊ ကျိန္တလီမြို့နယ်တိုက်ပွဲများဆက်လက်ပြင်းထန်နေ
ဂွ၊ အောက်တိုဘာ ၄၊ ၂၀၂၄။ ဧရာဝတီတိုင်းဘက်မှာ ရခိုင်တောင်ပိုင်းဒေသသို့လာသည့် စစ်ကောင်စီ၏ စစ်လက်နက်နှင့် ရိက္ခာ ထောက်ပံ့ရေး စစ်ကားတစီး ယနေ့မွန်းလွဲပိုင်းတွင် ဂွတောင်ကြားလမ်းပေါ်တွင် တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။ “ရိုးပေါ်က မိုင် ၂၀ မှာ စစ်တပ်ကို…
Read More » -
Battle
သံတွဲစစ်ရှောင်စခန်းဗုံးကြဲခံရမှု သေဆုံးသူ ၅ဦးထပ်တိုး၊ စုစုပေါင်း ၁၉ ဦးဖြစ်
သံတွဲ၊ စက်တင်ဘာ ၂၉၊ ၂၀၂၄။ ယခုလ ၂၆ရက်နံနက်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသည့် သံတွဲမြို့ အထွက်ရှိ စစ်ဘေးရှောင်စခန်းမှ သေဆုံးသူ ၅ဦးထပ်တိုးပြီး၊ စုစုပေါင်း သေဆုံးသူ ၁၉ဦး ထိရှိလာကြောင်း သံတွဲဒေသခံတဦးထံမှ သတင်းရရှိသည်။…
Read More » -
Battle
ကျိန္တလီတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ
စက်တင်ဘာ ၂၈၊ ၂၀၂၄။ ရခိုင်တောင်ပိုင်းဒေသ၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲအနီးတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း အေအေ၏ စက်တင်ဘာ ၂၇ ညသန်းခေါင် ထုတ်ပြန်ချက်အရသိရသည်။ ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ အရှေ့တောင်ဘက် မီတာ (၁၀၀၀)…
Read More » -
Battle
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုခံရ၍ သံတွဲမြို့အထွက်ဂိတ်အနီးရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံး စစ်ရှောင်ပြည်သူ ဒါဇင်နှင့်ချီ သေဆုံး
သံတွဲ၊ စက်တင်ဘာ ၂၆၊ ၂၀၂၄။ ယနေ့နံနက်ပိုင်းတွင် သံတွဲမြို့အထွက်၊ ယခင် ၆၈ သစ်စက်ကြီးဝန်းအတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဆောက်အအုံသစ်အား စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါရုံးတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူများသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့နံနက် ၈နာရီဝန်းကျင်အချိန်တွင်…
Read More » -
Battle
သံတွဲမြို့ပေါ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ကလေးငယ်များအပါအဝင် အရပ်သား ၁၃ ဦးထက်မနည်းသေဆုံး
ဒွါရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၄။ စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် သံတွဲမြို့ကို ယနေ့နံနက် ၈နာရီဝန်းကျင်အချိန်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ၁၃ ဦးထက်မနည်းသေဆုံးကာ ၂၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Arakan Princess Media(APM)တွင် ဓာတ်ပုံများနှင့်တကွ…
Read More » -
Article
သတင်းအမှောင်ကျနေသည့် ရခိုင်တောင်ပိုင်းမှာ ဘာတွေဖြစ်နေလဲ
//သတင်းဆောင်းပါး// လွတ်လပ်သူ၊ ဘုန်းလူ ရေးသည်။ ဒွါရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၄။ ရခိုင်တောင်ပိုင်းဒေသရှိ သံတွဲမြို့နယ်၊ ဂွမြို့နယ်များနှင့်ပတ်သက်သည့် သတင်းများကို လွတ်လပ်သောသတင်းမီဒီယာများတွင် ရေးသားတင်ပြနိုင်ခြင်း တဖြည်းဖြည်း အားနည်းလာခဲ့သည်မှာ ရက်ပေါင်း ၇၀ ခန့် ကြာမြင့်လာခဲ့ပြီဖြစ်သည်။ ထို ၂ လခွဲတာ ကာလအတွင်း အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်တပ်တို့ကြား ပြင်းထန်ခဲ့၊ ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် လူထုထိခိုက်နစ်နာမှု အခြေအနေများကို မှတ်တမ်းတင်နိုင်စွမ်း ခက်ခဲသည်ထက် ခက်ခဲလာသည်။ စက်တင်ဘာလအတွင်း ဂွမြို့ဒေသတဝိုက်ရှိ ဒေသခံများနှင့် ဒွါရာဝတီက ဆက်သွယ်မေးမြန်းနိုင်ခဲ့သည့် သတင်းအချက်အလက်များအရ ဒေသခံလူထုနှင့် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ ပြတ်တောက်သည့် ဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရသည်။ ကျိန္တလီမြို့နယ်အတွင်း အေအေနှင့် စစ်တပ်ကြား ထိတွေ့တိုက်ပွဲ စတင်ခဲ့သည့် ဩဂုတ်လ ၁၀ ရက် နောက်ပိုင်းက စတင်ကာ အများပြည်သူ တပိုင်တနိုင် ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီက တဖြည်းဖြည်း ကန့်သတ်ပိတ်ပင်လာခဲ့သည်။ …
Read More » -
Crime
AA ၏ အကျင့်ပျက်ဝန်ထမ်းများအား တိုင်ကြားနိုင်
ဒွါရာဝတီ၊ စက်တင်ဘာ ၁၄၊ ၂၀၂၄။ အာရက္ခတပ်တော်(အေအေ)၏ အမည်ကိုသုံးစွဲကာ အကျင့်ပျက်ချစားခြင်း၊ လုပ်ပိုင်ခွင့်နှင့် အာဏာကို အလွဲသုံးကာ အများပြည်သူကို မောက်မာရင့်သီးစွာ ပြောဆိုဆက်ဆံခြင်းကိစ္စများကြုံရပါက ကျူးလွန် သူ၏အမည်၊ နေ့ရက်၊ နေ့ရာတို့ကို အသေးစိတ်တိုင်ကြားပါက စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ လိုအပ်သည့်…
Read More » -
Battle
ယခုလဒုတိယပတ်အတွင်း ဂွမြို့နယ်သို့ စစ်ကောင်စီက စစ်အင်အားထပ်မံဖြည့်တင်း
ဒွါရာဝတီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၄။ ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်တောင်ဘက်ခြမ်းသို့ ငါးသိုင်းချောင်း-ဂွ တောင်ကြားလမ်းကို အသုံးပြုကာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်အင်အားများ ဖြည့်တင်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ “ဂွရိုးပေါ်မှာ စစ်ကား ၇ စီး (ရခိုင်ဘက်)ဆင်းလာတာတွေ့တယ်၊…
Read More »