Editorial

မေတ္တာရပ်ခံချက်

ဒွါရာဝတီသည် ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ စတင်ချိန်ကတည်းက ယနေ့အချိန်အထိ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းစွာ ရပ်တည်ခဲ့ပါသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းအတွက် အကြီးမားဆုံးလိုအပ်ချက်ကွက်လပ်တွေထဲက တခုဖြစ်သည့် လူထုအခြေပြုသတင်းဌာနတခု ပေါ်ပေါက်လာရေး ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တောင်ဘက်ခြမ်းတွင်နေထိုင်ကြသည့် လူထုနှင့် ပြည်သူ့သတင်းသမားများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဒေသတွင်းသတင်းတွေကိုရေးသားခဲ့ကြသည်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်ဖော်ထုတ်ခဲ့ကြသည်။

ယနေ့အချိန်အထိ မည်သူတဦးတယောက်၊ တဖွဲ့ ထံကထောက်ပံ့မှုဖြင့်မျှ ရပ်တည်နေခြင်းမဟုတ်ဘဲ ဒေသအတွက် လိုအပ်ချက်ကွက်လပ်ကို
နိုင်ရာနေရာက လုပ်နိုင်စွမ်းရှိသလောက် ဝင်ရောက်ဖြည့်ဆည်းမည် ဆိုသည့် ခံယူချက်ဖြင့် အနှောင်အဖွဲ့ကင်းစွာ ခရီးဆက်လာခဲ့ကြခြင်းဖြစ်သည်။

ဒွါရာဝတီသတင်းဌာနမှ သတင်းများ၊ အချက်အလက်များကို နိုင်ငံတကာနှင့် ပြည်မ သတင်းမီဒီယာများက ကိုးကားခြင်း၊ ရယူအသုံးပြုခြင်းများကို တွေ့ရှိရသည့် အတွက်လည်း မိမိတို့ အယ်ဒီတာအဖွဲ့က ဝမ်းမြောက်ပါသည်။ ဒေသတွင်း ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လူမသိသူမသိ ပျောက်ကွယ်သွားခြင်းမရှိအောင်၊ သတင်းပျံ့နှံ့အားကောင်းမှု ပိုမို အားကောင်းအောင် မိမိတို့ဒေသကို ဝိုင်းဝန်းကူညီကြသည်ဟု သဘောပိုက်ပါသည်။

ထို့ပြင် ဒွါရာဝတီ ရခိုင်ပြည်နယ်တောင်ပိုင်းလူထုအခြေပြုသတင်းဌာန၏ သတင်းများအောက်တွင် အဆိုးမြင် မှတ်ချက်များ၊ ရင့်သီးရိုင်းစိုင်းသောအသုံးအနှုန်းမှတ်ချက်များကို စတင်ချိန်ကတည်းက ယနေ့အချိန်အထိ မကြာခဏ တွေ့မြင်ရပါသည်။

ယနေ့မှ စ၍ ဒွါရာဝတီသတင်းဌာန၏ သတင်းများအောက်တွင် အပြုသဘောမဆောင်သည့်

  • လူမျိုးနှင့် ဘာသာကို ခွဲခြားနှိမ်ချဆက်ဆံကာ ရင့်သီးရိုင်းပျခြင်းများ(မည်သည့် လူမျိုး/ မည်သည့်ဘာသာကိုမဆို)
  • တောင်ပိုင်းသား၊ မြောက်ပိုင်းသား ခွဲခြားသည့် ရိုင်းစိုင်းသော အရေးအသားများ
  • မအေနှမ မကြားဝံ့သည့် ဆဲဆိုညစ်ညမ်းခြင်းများ
  • အမျိုးသမီးများနှင့် လိင်စိတ်ခံယူမှု မတူကွဲပြားသူများအပေါ် ခွဲခြားနှိမ်ချရိုင်းပျခြင်းများ
  • အလားတူ လူမှု့အဖွဲ့အစည်းက လက်မခံနိုင်သည့် ညစ်ညမ်းစွာဆဲဆို၊ ရိုင်းစိုင်းသည့် မှတ်ချက်များကို လက်ခံမည်မဟုတ်သလို၊ ယင်းသို့ ပြုလုပ်ပါက
    ဒွါရာဝတီသတင်းဌာနစာမျက်နှာက ရေးသားသူအား ချက်ချင်း ထုတ်ပါယ်သွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။

ယင်းသို့ မှတ်ချက်များကို တွေ့ရှိပါကလည်း အဆိုပါ ကွန်မင့်အား Page Adminထံသို့ Report လုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အယ်ဒီတာအဖွဲ့
ဒွါရာဝတီ ရခိုင်ပြည်နယ်တောင်ပိုင်းလူထုအခြေပြု သတင်းဌာန

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button