Editorial

“ဘာကြောင့် ဒွါရာဝတီ”

ဒွါရာဝတီ၊ ဧပြီ ၃၊ ၂၀၂၄။

ဒွါရာဝတီကို စတင်ခဲ့ကြသည်မှာ ၅နှစ်တင်းတင်းပြည့်ခဲ့ပြီးဖြစ်သည်။

မြန်မာပြည်တွင် နေ့စဉ်ထုတ်၊ အပတ်စဉ်ထုတ် သတင်းစာများ၊ သတင်းဂျာနယ်များ၊ ရေဒီယိုနှင့် ရုပ်သံလွှင့် မီဒီယာများ မရေမတွက်နိုင်အောင်ရှိကြသည်။

နိုင်ငံတဝှမ်းက စာဖတ်သူ၊ နားသောတဆင်သူ ပရိတ်သတ်များထံ သတင်းများ တင်ဆက်ရာတွင် တနိုင်ငံလုံးနှင့် သက်ဆိုင်သည့် သတင်းနှင့် အကြောင်းအရာများကိုသာ အလေးပေးဖော်ပြကြသည်။ တနိုင်ငံလုံးက အများပြည်သူအပေါ် သက်ရောက်မှုရှိသည့်သတင်းများကိုသာ ထိုသို့ ပင်မသတင်းဌာနကြီး များက ရေးသားဖော်ပြကြသည်။

သာမာန် မြို့ငယ်ငယ်တခု၊ ဒေသငယ်တခုက သာမာန်သတင်းမျိုးများက အဆိုပါဒေသခံများအဖို့ အရေးကြီးနိုင်သော်လည်း တနိုင်ငံလုံးက ပြည်သူများအတွက် သက်ရောက်မှုမရှိပါက ပင်မသတင်း မီဒီယာကြီးများတွင် စာမျက်နှာနေရာပေးဖော်ပြခံရရန် ခဲယဉ်းသည်။

ထိုအခါ ဒေသတွင်းသတင်းအတိုအထွာများ၊ ဒေသခံပြည်သူများအပေါ် အာဏာရှိလူတစုက လူ့အခွင့်အရေး ချိုးဖောက်ခြင်းများနှင့် ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည့် အကြောင်းအရာများနှင့် ဒေသခံပြည်သူများ၏ အသံများမှာ မှတ်တမ်းမှတ်ရာအဖြစ် မကျန်တော့ဘဲ လူမသိသူမသိ လေ၌လွင့်သလို ပျောက်ဆုံးကုန်ကြ ရသည်။

ယင်းအချက်က သံတွဲဒေသတဝိုက်နှင့် ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေက လူထုအသံများကို မှတ်တမ်းအဖြစ် ကျန်နေစေရန် လိုအပ်ချက်ကွက်လပ်တခုဖြစ်နေလေသည်။ ထိုကွက်လပ်ကို ဖြည့်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်သည် ဒွါရာဝတီစတင်ပေါ်ပေါက်လာခဲ့သည့် အဓိက အကြောင်းအရင်းပင် ဖြစ်လေသည်။

မိမိတို့အရပ်၊ မိမိတို့ ဒေသက ပြည်သူများ ရင်ဆိုင်နေကြရသည့် ပြုပြင်ပြောင်းလဲရန်လိုအပ်နေသည့် အရာများအကြောင်းကို တာဝန်ရှိသူ၊ တာဝန်သိသူများ မြင်အောင် ဆန္ဒထုတ်ဖော်ထုတ်ရာ “လူထုဟစ်တိုင်” နေရာတခု အဖြစ် ဖန်တီးရန်ရည်ရွယ်ချက်ဖြင့် ဒေသချစ်စိတ်ရှိသည့် လူငယ်တချို့က ဒွါရာဝတီကို ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် စတင်ခဲ့ကြသည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းချိန်တွင် ဒွါရာဝတီသည် သံတွဲမြို့က အာဏာရှင်တော်လှန်ရေးသတင်းများကို စုစည်းတင်ဆက်နိုင်ခဲ့ပြီး၊ ပင်မမီဒီယာကြီးများ၏ သတင်းစာမျက်နှာတွေမှာ ဖော်ပြနိုင်ခွင့်ရရရေး အင်တိုက် အားတိုက် ကြိုးစားနိုင်ခဲ့ကြသည်။ အာဏာရှင်တော်လှန်ရေးသမိုင်း၌ သံတွဲသူ၊ သံတွဲသားများကလည်း အစွမ်းကုန် ပူးပေါင်းပါဝင်ခဲ့ကြသည်ဆိုသည့် အချက်ကို ဒွါရာဝတီက မှတ်တမ်းတင်နိုင်ခဲ့သလို၊ အာဏာရှင်လက်ပါးစေ‌များက လူထုကို မည်သို့ဆက်ဆံခဲ့သည်ကို မပျောက်ပျက်အောင် မှတ်တမ်းတင်နိုင်ခဲ့ကြသည်။

ထိုသို့ သတင်းများ၊ ရုပ်သံများကို လူထုသတင်းသမား(Citizen Journalist)တွေက ဝိုင်းဝန်း မှတ်တမ်းတင်ပြီး ဖော်ပြခဲ့ခြင်းအတွက် သူတို့ကိုယ်သူတို့ အုပ်ချုပ်သူလူတန်းစားအဖြစ် အထင်ရောက်နေသည့် အာဏာရှင်လူ တစ်စု အတွက် မျက်မုန်းကျိုးစရာဖြစ်ခဲ့သည်။ လူထု အသံတွေကို ဖော်ထုတ်ရာ လူထုဟစ်တိုင်ဆိုသည့် သဘောကို နားခါးခဲ့ကြသည်။

အာဏာရှင်အစွယ်အပွားများနှင့် အာဏာရှင်ကို မှီခိုနေရသည့် လက်ညှိုးထောင်၊ ခေါင်းငြိမ့် စစ်တပ်ထောက်ခံ ကပ်ပါးကောင်များကလည်း ဒေသတွင်းဖြစ်ပျက်နေသည့် အခြေအနေများကို သူတို့ ပုံစံချထားသလို “အားလုံးကောင်းပါသည် ခင်ဗျား” ဆိုသည့် ခေါင်းစဉ်အောက်ကို သွင်းလိုကြသည်။

သတင်းအချက်အလက်များ လူထုထံ လွယ်ကူလွတ်လပ်စွာစီးဆင်းနိုင်မှုကို အဟန့်အတားဖြစ်စေမည့် အရာမှန်သမျှ လုပ်ဆောင်ရန် ကြိုးစားကြသည်။ လူထုကြား ဖြစ်ပျက်နေသည့်အသံများနှင့် သူတို့၏ မတရားမှု၊ ဖိနှိပ်မှုများကို ဖော်ထုတ်မည့် ယခုလို စာမျက်နှာမျိုးက သူတို့အတွက်တော့ မရှိလေ ကောင်းလေပင်။

ဒွါရာတီသည် ၂၀၁၈ခုနှစ်စတင်ချိန်မှ ယနေ့အထိတိုင် လူပုဂ္ဂိုလ်တဦးတယောက်ထံကဖြစ်စေ၊ အဖွဲ့အစည်းတခုခုထံကဖြစ်စေ အကျိုးအမြတ် တစုံတရာ ရယူကာ လည်ပတ်ခဲ့ခြင်းမဟုတ်ဘဲ လူထုကြားက အသံများ၊ လူထုသတင်း သမားတွေထံမှ ပေးပို့ခဲ့သည့် သတင်းအချက်အလက်နှင့် ရင်းမြစ်များကို သုံးစွဲကာ လူထုအခြေပြု သတင်းစာမျက်နှာတခု အဖြစ် အနှောင်အဖွဲ့ကင်းစွာ၊ လွတ်လပ်စွာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာတွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ရခိုင်တပ်တော်(အေအေ)တို့ ကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းမှ လူထုအသံများအား အပြင်ကမ္ဘာမှ ပိုမိုကျယ်လောင်စွာ မြင်တွေ့ကြားသိနိုင်စေရန် အရေးကြီးသည့် လိုအပ်ချက် ဖြစ်လာခဲ့သည်။

ဒွါရာဝတီသတင်းဌာနသည် ရခိုင်ပြည်နယ်တောင်ပိုင်းလူထုအခြေပြု သတင်းဌာနတခုဖြစ်ပြီး၊ မိမိတို့ဒေသ အတွင်း ရင်ဆိုင်ဖြတ်သန်းနေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် မြောက်များစွာသော အကြပ်အတည်းများနှင့် လူထုအပေါ်ကျူးလွန်နေသည့် မတရားမှုများ၊ အများပြည်သူ နှင့် သက်ဆိုင်သည့် လူထုအော်သံများကို စဉ်ဆက်မပြတ် စုစည်းတင်ဆက် ပေးသွားမည်ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများအား အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ သတ်ဖြတ်ခြင်းများ အဆက်မပြတ်ကျူးလွန်ခဲ့ပြီး၊ လူထုအား သတင်းအမှောင်ချရန်၊ မျက်စိပိတ်နားပိတ် ဖြစ်စေရန် အဘက်ဘက်က ကြိုးစား နေချိန်တွင် ဒွါရာဝတီက ဒေသခံလူထုအတွက် သတင်းအချက်အလက် များကို တတ်စွမ်းသမျှ ပေးနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်သည်။

ဒွါရာဝတီသည် မည်သည့် အစိုးရတက်သည်ဖြစ်စေ၊ မည်သူက အုပ်ချုပ်သည်ဖြစ်စေ အာဏာရှင်စိတ်ဓာတ် ဆိုးမွေများကို လက်ဆင့်ကမ်းသယ်ဆောင်သူမှန်သမျှ၊ ကျင့်သုံးကျူးလွန်သူမှန်သမျှကို စောင့်ကြည့်ဝေဖန် ထောက်ပြသွားမည်ဖြစ်သည်။

မိမိအရပ်၊ မိမိဒေသအတွက် မဖြစ်မနေလိုအပ်သော သတင်းမီဒီယာပလက်ဖောင်းတခု ရေရှည်တည်မြဲရေး ဆိုသည့် စေတနာကိုလက်ကိုင်ပြုကာ အပြုသဘောဆောင်သော ထောက်ပြအကြံပေးမှုများ ပေးကြဖို့လည်း ဒွါရာဝတီသတင်းဌာန မေတ္တာရပ်ခံအပ်ပါသည်။

လူထုဟစ်တိုင်အနေဖြင့် စတင်ခဲ့ကြသည့် ဒွါရာဝတီကို ရေရှည်တည်တံ့ပြီး ရခိုင်ပြည်နယ်တောင်ပိုင်း ဒေသက လူထုအတွက် အထောက်အကူဖြစ်စေမည့် လူထုအခြေပြု သတင်းစာမျက်နှာအဖြစ် ဆက်လက် ရပ်တည်ကာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ စုပေါင်းအားနှင့် အစွမ်းကုန်ကြိုးစား သွားပါမည့်အကြောင်း တင်ပြလိုက်ရပါသည်။

အယ်ဒီတာ

၃၊ ဧပြီ၊ ၂၀၂၄။

Related Articles

3 Comments

  1. Em Gates Of Olympus, símbolos como pedras preciosas, cálice, anel, temporizador de areia e coroa de ouro são trabalhados nos mínimos detalhes e projetados em cores brilhantes. Assim como a principal figura do jogo e da mitologia grega, Zeus! Embora os cassinos não possam mais oferecer bônus de boas-vindas com giros grátis no cadastro, a maioria ainda oferece promoções recorrentes com rodadas grátis sem depósito — como é o caso da Roda da Sorte da Betano, a Super Spin da Superbet e outras roletas promocionais. O RTP médio das slots Gates of Olympus Betclic é de 96,50%, com a versão Gates of Hades a chegar aos 96,52%. Uma verdadeira imersão à mitologia grega, Gates Of Olympus consegue impressionar seus jogadores logo no menu de entrada, por meio de seu design imponente. Além disso, o fator bônus também é um atrativo e tanto no jogo, com destaque para os multiplicadores entre 2x e 50x!
    https://linkoryx.com/2026/04/01/lucky-tiger-casino-legit-e-confiavel/
    O jogo Gates of Olympus, apelidado carinhosamente pelos brasileiros de jogo do velho do raio é um slot de 5×6 que promete uma experiência de jogo incrível em suas 20 linhas de pagamento. Nesse jogo você tem a oportunidade de desbloquear prêmios incríveis ao recebe presentes do personagem principal, Zeus! No Santa Monica Studio, um dos nossos lemas é “nós somos fãs dos nossos fãs”. Seja uma reação a um trailer, um vídeo detalhado sobre a história ou cosplays, saber que há um público que aprecia todos os detalhes do nosso trabalho nos motiva a criar algo digno dos fãs de God of War. Conhecido como o jogo do velho do raio, o Gates of Olympus é um dos caça-níqueis online mais conhecidos no Brasil. Saiba onde jogar com segurança Possibilidade de chuva é apenas na primeira semana do mês; umidade do ar pode chegar a 30%. Madrugadas têm dois graus a menos que em abril, diz meteorologista.

  2. This editing platform is only compatible with Windows at this time, but it offers an easily navigable interface for users of all experience levels. Also, this video editor boasts keyframe animation, masking, and color-correcting tools and supports 4k video projects. It’s worth noting that VSDC Free Editor can be somewhat resource-intensive and may not be quite as streamlined as some other platforms.   This app is really good for beginners as well as pro editors. Now I can grow my YouTube channel with the help of this app Canva is considered as the best free video editing software for beginners 2025 that helps you create engaging videos with a simple drag-and-drop interface. Whether you are editing personal or professional videos you can start creating and delivering videos in minutes that are compatible with all devices. You can also schedule your videos to go live using the content calendar and post them on Instagram Stories, Reels, Facebook Stories, and TikTok.
    https://carbuy.com.ua/plinko-app-echtgeld-bgaming-im-uberblick/
    You can navigate your way through the site easily via the various menus and search tool on either desktop or the mobile app, its the Lucky Lady herself. Its a specific hand in blackjack (valued at 21) and baccarat (8, best live casino promotions you can repeat it in a pinch. It is owned by Bellona N.V., then they both pass after the first two cards have been dealt. Then I contacted Libero explaining the problem, 22 cash prizes are randomly assigned to the 22 silver briefcases. Bigger Bass Bonanza To start playing free casino games online, simply click on your chosen game and it will then load up in your browser. Alternatively, head to an online casino and select the “Play for Free” option, which is nearly always offered. You’ll find that there’s a guide on how to play within every casino game, so read this to learn the exact intricacies of a specific game.

  3. YouCut – AI Video Editor Let’s take a look at the CapCut video editor. Whenever you’re choosing a new app or tool, features are key. In short, you want to know how an app can help you work better. Want to join the ranks of video creators? One easy way to begin is with the free CapCut video editor. In an age of bite-sized, short-form videos, CapCut is a leading tool for making clips of your own. Sadly, Non-linear Video Editors tend not to be particularly simple and have a bit of a learning curve attached. AI Video Editor – Text to Video Explicit songs and videos are easily accessible through CapCut’s “Templates” and there’s no way to control this. Videos using profanity and inappropriate media are prevalent and there aren’t any content settings. Whether logged into CapCut or not, there wasn’t any difference in content.
    https://www.octaviablues.com/?p=48979
    All you need to do to make a green screen video is film yourself in front of a physical green screen (a sheet made out of green fabric will do the job just fine). Flixier will then allow you to replace the background of your video with anything you want with a simple click! The Fotor Green Screen Editor gives you the freedom to create videos from anywhere. Whether you’re on the move or at home, you can edit videos right on your phone, making it the perfect on-the-go video editor app whenever inspiration strikes. It’s not just limited to your browser; the Fotor app works seamlessly on Mac, Windows, and mobile devices, ensuring you have all the tools you need to create stunning videos, no matter where you are or what device you’re using. Shadows can be the enemy of great green screens, so you want to be sure your background is as well-lit as possible. You should also use a flat green background, as the flatter the green screen is, the easier it will be to remove or replace when you’re editing.

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button