
မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇန်နဝါရီလတခုတည်း၌ပင် အမျိုးသမီးသေဆုံးသူ စုစုပေါင်း ၈၆ ဦးရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂသည် အထက်ပါစာရင်းများကို သတင်းမီဒီယာများကို စောင့်ကြည့်လေ့လာပြီး ပြုစုထား ခြင်းဖြစ်သည်ဟုဆိုသည်။
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ စစ်တပ်၏ မြေမြှုပ်မိုင်း ပေါက်ကွဲမှုများကြောင့် နိုင်ငံတဝှမ်း အမျိုးသမီးစုစုပေါင်း ၈၆ ဦး သေဆုံးခဲ့ပြီး ရခိုင်ပြည်သည် သေဆုံးသူ ၃၉ ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်သည်ကို တွေ့ရသည်။

ကျန်ပြည်နယ်နှင့်တိုင်းများတွင် ရှမ်းပြည် ၁၁ ဦး၊ စစ်ကိုင်းတိုင်း ၁၀ဦး၊ မန္တလေးတိုင်း ၇ ဦး၊ မကွေးတိုင်း ၅ ဦး၊ ကချင်ပြည် ၄ ဦး၊ ကရင်နီပြည် ၄ ဦး၊ ကရင်ပြည် ၂ ဦး၊ ပဲခူးတိုင်း ၂ ဦးနှင့် မွန်ပြည် ၂ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးရသည့်အကြောင်းအရင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၇၃ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၂ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ ဦး ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမှာလည်း စုစုပေါင်း ၇၇ ဦးရှိခဲ့သည်ဟု BWU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၃ ရက်ကလည်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ သည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ တိုင်ကျိုး ကျေးရွာတွင် စစ်လက်ကျန်လက်နက်ပစ္စည်းဖြစ်သည့် ဗုံးသီး ပေါက်ကွဲ၍ အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် လူကြီး၂ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ထို့အပြင် ဖေဖော်ဝါရီ ၄ ရက်မှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရခိုင်ပြည်၊ ကျိန္တလီမြို့နယ်၊ ကံ့ကော် တောင်(ကွက်သစ်)ကျေးရွာသို့ စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့ခြင်းကြောင့် အရပ်သားပြည်သူများ နေထိုင်သည့် သာသနိက အဆောက်အဦတလုံးနှင့် လူနေအိမ်တလုံး ပျက်စီးခဲ့သည်။
ရခိုင်ပြည်တွင် စစ်ရှုံးခဲ့သည့်နောက်ပိုင်း စစ်ကောင်စီသည် အရပ်သားပြည်သူများနေထိုင်ရာ ပစ်မှတ်များကို ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။



Your point of view caught my eye and was very interesting. Thanks. I have a question for you.
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://accounts.binance.bh/vi/register?ref=MFN0EVO1