
သံတွဲ၊ ၂၄၊ ဇွန်၊ ၂၀၂၄။
အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း သံတွဲမြို့ပေါ်ဆန္ဒပြပွဲများပြုလုပ်စဉ်က ပြည်သူကို ကျည်ဆန်အစစ်ဖြင့် ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် သံတွဲရဲစခန်းမှ ရဲများ အရပ်ဝတ်များဝတ်ဆင်ကာ ဇွန် ၂၄ ရက် ယနေ့မှာ စခန်းကို စွန့်ခွာ ထွက်ပြေးသွားကြသည်ဟု သတင်းရသည်။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့တွင် ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်မှစတင်ကာ သေနတ်ပစ်ဖောက်သံအချို့ ကြားရပြီးနောက် ရဲများ အရပ်ဝတ်များ ဖြင့် စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ဒေသခံများထံမှ သတင်းရရှိသည်။
“ရဲစခန်းမျက်စောင်းထိုးနားက မွေး/ရေဘဏ်ကို ငွေထုတ်ဖို့ရက်ချိန်ကြောင့်သွားတာ၊ အံတော်တံတား ထိပ်နားလောက်ရောက်တော့ ပစ်သံတွေကြားလို့ ပြန်လှည့်ပြေးလာခဲ့တယ်” ဟု သံတွဲမြို့မှ ဒေသခံ တဦးက ဒွါရာဝတီသို့ပြောသည်။

မြို့မှ မစွန့်ခွာနိုင်သေးသည့် ဒေသခံများကြား မြို့ပေါ်တွင် တိုက်ပွဲဖြစ်နေဟုထင်ကာ ထိတ်လန့်နေကြ သော်လည်း ၂ ဘက်တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်သေးဘဲ၊ သံတွဲရဲစခန်းမှ ရဲများ စခန်းစွန့်ခွာထွက်ပြေးခါနီး သေနတ်များ ပစ်ဖောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သူတဦးထံမှ စုံစမ်းသိရှိရသည်။
ထို့ပြင် သံတွဲမြို့၏ တောင်ဘက်သို့ ထွက်ခွာရာလမ်းတလျှောက်တွင်လည်း အရပ်ဝတ်နှင့် လက်နက်ကိုင်ထားသည့် ရဲများက ကား၊ ဆိုင်ကယ်များဖြင့် သံတွဲမြို့မှ ထွက်ခွာလာကြသည်ကို မြင်တွေ့ရကြောင်း စစ်ရှောင်အမျိုးသမီးတဦးက ပြောသည်။
“လမ်းတလျှောက်မှာ အများကြီးပဲ၊ သူတို့အသိတွေနဲ့ အချင်းချင်းစကားပြောနေတာကြားခဲ့တယ်၊ ရှောင်လာခဲ့ကြပြီလို့ ပြောတယ်” ဟု အဆိုပါ စစ်ဘေးရှောင် အမျိုးသမီးတဦးက ဒွါရာဝတီသို့ ပြောသည်။
သံတွဲမြို့၏ အပြင်ဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် မြို့နှင့် တဖြည်းဖြည်းနီးကပ်လာနေပြီး ဒေသခံများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသည်။
ယနေ့ နံနက်ပိုင်းတွင် သံတွဲမြို့ပေါ်၊ အနော်ရထာလမ်းရှိ လူနေအိမ်တလုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ခဲ့သည်။
ဓာတ်ပုံ- မြို့ပေါ်ဆန္ဒပြစဉ်က ပြည်သူလူထုအား သေနတ်အစစ်ဖြင့် ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် သံတွဲရဲများ။



I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://www.binance.bh/register?ref=MBLCVVZG
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://accounts.binance.bh/si-LK/register-person?ref=LBF8F65G