၅ရက်ကျော် သတိလစ်မေ့မျောနေသည့် ကလေးလူနာတဦး အကူအညီလိုအပ်နေ
ဒွါရာဝတီ
ဇူလိုင် ၁၈၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားတိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသည့် ကလေးလူနာတဦးသည် သတိလစ်မေ့မျောနေသည်မှာ ၅ရက်ကျော်ရှိပြီဖြစ်ကာ ဆေးဖိုးဝါးခ အကူအညီလိုအပ်လျှက်ရှိကြောင်း သိရသည်။
ကလေး၏ မိသားစုသည် ဂွမြို့နယ်၊ သိုင်းကျွန်းကျေးရွာမှ(လက်ရှိ ရတနာမြိုင်ကျေးရွာတွင်နေထိုင်) မိသားစု ဖြစ်ပြီး၊ ဆက်လက်ဆေးကုသနိုင်ရန် ငွေကြေးတကျပ်တပြားမှမရှိဘဲ၊ စားသောက်ရေးခက်ခဲနေသည့် မိသားစုဖြစ်ကြောင်း ဒေသခံတဦးထံမှ သိရသည်။
အဆိုပါ ကလေးလူနာမှာ ဖခင်မရှိတော့ဘဲ မိခင်တဦးသာရှိပြီး ဆက်လက်ဆေးကုသနိုင်ရန် ငွေကြေးမတတ်နိုင်သည့်အတွက် အကူအညီပေးကြရန် ကာယကံရှင်မိသားစုကိုယ်စား ဒေသခံတဦးက အကူအညီတောင်းခံထားသည်။
အဆိုပါကလေးငယ်အား ကူညီလိုပါက ဂွမြို့နယ်၊ ဆပ်သွားဆေးရုံတွင်လည်းကောင်း၊ ကမ်းသာယာလူမှုကူညီရေးအသင်းမှ တဆင့်လည်းကောင်း ကူညီနိုင်ကြောင်းသိရသည်။
ဆက်သွယ်ကူညီနိုင်သော တယ်လီဖုန်းနံပတ်မှာ ကိုစိုးလွင်၊ 09421755014 ဟု ဖော်ပြထားသည်။
ဓာတ်ပုံ- ဒေသခံတဦး၏ လူမှုကွန်ရက်မှ ကူးယူဖော်ပြပါသည်။