
ညီညီခိုင်
သံတွဲ၊ စက်တင်ဘာ ၈ ၊ ၂၀၂၄။
ရခိုင်တောင်ပိုင်းဒေသ၊ သံတွဲမြို့၊ ဒွါရာဝတီမြို့သစ်သို့ မနေ့က( စက်တင်ဘာ ၇ ရက်) ညအချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချခဲ့၍ ကျောင်းဆရာတဦး သေဆုံးခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။
တိုက်ပွဲများမရှိတော့ဘဲ ပုံမှန်အတိုင်းပြန်လည် နေထိုင်ရန် ကြိုးပမ်းနေကြသည့် သံတွဲမြို့ပေါ်ကို စစ်ကောင်စီ တပ်က စက်တင်ဘာ ၇ ရက် ညဘက်မှာ ဗုံးကြဲခဲ့ခြင်းကြောင့် ဒွါရာဝတီမြို့သစ် အမှတ် (၈) ရပ်ကွက်၊ စိုက်ပျိုးမွေးမြူရေးကျောင်း အနောက်ဘက်နေထိုင်သူ အ.ထ.က (၂) မှ ကျောင်းဆရာ ဦးသိန်းဇံ သေဆုံးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီကြဲချခဲ့သည့် လေကြောင်းဗုံးသည် ဒွါရာဝတီမြို့သစ်၊ လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး တခြားထိခိုက် သေဆုံးဒဏ်ရာရ အခြေအနေများကို မသိရသေးကြောင်း အထက်ပါ သံတွဲမြို့ခံက ပြောသည်။
သံတွဲဒေသတွင် ဧပြီ ၁၃ ရက်ကစတင်ကာ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား တိုက်ပွဲများ စတင်ခဲ့ပြီး၊ ၅လနီးပါးအကြာ စက်တင်ဘာ ၅ရက်နေ့တွင် စစ်ကောင်စီ၏ တပ်စခန်းများကို အေအေက အပြီးသတ်အနိုင်ရရှိခဲ့သည်။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်ကြား မြို့ပေါ်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ မြို့ပေါ်ကို လေကြောင်းဗုံးကြဲမှုကြောင့် ဇူလိုင် ၁၄ရက်မှစတင်ကာ တာဝါတိုင် ထိခိုက်ပျက်စီးပြီး အင်တာနက် လိုင်း၊ တယ်လီဖုန်းလိုင်းများ ပြတ်တောက်ခဲ့သည်မှာ ယနေ့အထိအဖြစ်ရာ ဒေသတွင်းသတင်းများကို ရရှိနိုင်ရန်ခက်ခဲလျှက်ရှိသည်။
စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများရှိ အရပ်သားပြည်သူများကို လေကြောင်းမှ ပစ်ခတ်ထားတိုက်ခိုက်နေမှုများသည် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် ဆက်တိုက်ဖြစ်ပျက်နေသည်။
စက်တင်ဘာ ၆ရက်နေ့က ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းမှ စာသင်ကျောင်း၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မြိုင်မြို့နယ်သို့
စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်၊ကလေးငယ်နှင့် အရပ်သား အများအပြားသေဆုံးခဲ့သည်။
ဓာတ်ပုံ- သံတွဲဒေသခံတဦး။
ပုံစာ- သံတွဲမြို့ပေါ်တွင် တိုက်ပွဲများမရှိခင် ဇူလိုင်လဆန်းအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သည့် သံတွဲ အ.ထ.က (၂) ကျောင်း။



Your article helped me a lot, is there any more related content? Thanks! https://www.binance.info/es-AR/register?ref=UT2YTZSU
Your point of view caught my eye and was very interesting. Thanks. I have a question for you.