LetterPeople Voice

ငပလီ ခ.လ.ရ ၅၅ထဲမှာ ဖမ်းခံထားရတဲ့လူတွေ ဘာဖြစ်သွားလဲဆိုတာလေး သိရင်ပြောပြပါ

//အယ်ဒီတာ့ထံ ပေးစာ//

သို့

အယ်ဒီတာ

ကျနော့အစ်ကိုက သင်္ကြန်မတိုင်ခင်ကတည်းက စစ်တပ်က ဖမ်းဆီးတာခံရပြီး ခ.လ.ရ (၅၅)ထဲမှာ အချုပ်ကျခဲ့တဲ့ ကိုပိုင်မင်းသူပါ။ သံတွဲမြို့နယ်၊ ဆင်ဒင်ကြီးကျေးရွာကပါ။ ရခိုင်လမ်းတွေ မပိတ်ခင်က ကားမောင်းပါတယ်။ လမ်းတွေ ပိတ်ဆို့ထားတော့ ကားမောင်းလည်းနားနေရတယ်။

ဗိုက်ခွဲထားပြီး ဆေးရုံဆင်းတာမကြာသေးခင်မှာပဲ အေအေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်တပ်က လာဖမ်းသွားတာပါ။ ၃လပိုင်း ၂၃ ရက်နေ့မှာ ဆေးရုံကဆင်းပြီး ၂၆ ရက်နေ့မှာ ရဲက လာခေါ်သွား တာပါ။ ၄လပိုင်း ၂၅ ရက်နေ့မှာ စစ်တပ်က လာခေါ်သွားတယ်လို့သိရတယ်။

ဧပြီ ၂၅ရက်နေ့မှာ ကိုကိုက ကျနော့ဆီ ဖုန်းဆက်ခဲ့ပါတယ်။ သူ့ကိုစစ်တပ်က လာပြီး ရိုက်တယ်၊ ပြီးတော့ သူကိုလဲစစ်တပ်ထဲကို ခေါ်သွားမယ်လို့ပြောတယ်။ ဘယ်တပ်ကမှန်းလဲသူမသိ၊ ဘယ်ကိုခေါ်သွားမယ်ဆိုတာလဲသူမသိလို့ ပြောပါတယ်။ အဒီနေ့ကပဲစပြီးခုထိလဲအဆက်သွယ်မရသေးဘူးဗျ။ ပိုပြီးဆိုးတာက သူ့မှာ ဗိုက်ခွဲထားရတာလပိုင်းလောက်ပဲရှိပါသေးတယ်။

မျက်မြင်တွေပြောပြလို့ ၅၅ထဲမှာ ဖမ်းထားတယ်ဆိုတာ သိရပါတယ်။ အဲဒီတုန်းက အခြေအနေတွေက ဘာမှန်းလည်းမသိတော့ လိုက်ရှာရင် ရှာတဲ့လူပါ အစရှာမမှာကြောက်လို့၊ လိုက်ရှာဖို့အတွက် ဆိုင်ကယ်ဆီဖိုးတောင် ငွေကြေးလည်း မတတ်နိုင်လို့ လိုက်မရှာနိုင်ခဲ့ပါ။

အခု အေအေက ၅၅ကို သိမ်းလိုက်ပြီဆိုတော့ အဲဒီမှာ ဖမ်းခံထားရတဲ့လူတွေရော ဘာဖြစ်သွား ပြီလဲ။ အကုန်လွတ်သွားလား၊ သေတဲ့လူတွေကော ကြားမိသေးလား။

ကျနော့်အစ်ကို သေတယ်လိုလို၊ ဘာလိုလိုလည်းကြားတယ်၊ လိုက်ကြည့်လို့လဲမရ၊ သတင်းကလည်း မသေချာ၊ သံတွဲနဲ့လည်း အဆက်အသွယ်မရဘူး။ မိသားစုတွေကလည်း အကုန်လုံးစစ်ရှောင်နေကြရလို့ လိုက်မရှာနိုင်ကြဘူး။

ကြားတဲ့သတင်းက ၅၅ကို သိမ်းတာမှာ သေတယ်ဆိုလားပဲ။ ဘယ်သူပြောတာမှန်းလည်းမသိ၊ သေတယ်ဆိုတဲ့အသံပဲပြန့်လာတာ။ နောက်ကနေ သေနတ်နဲ့ပစ်လိုက်တာလို့လည်း ကြားရတယ်။ ဘယ်သူကပစ်လို့၊ ဘယ်သူက မြင်မှန်းလည်းမသိ၊ အလောင်းလည်းမတွေ့ရ၊ အဲ့ကတည်းက နောက်ထပ်ဘာမှလည်း စုံစမ်းလို့မရဘူး။

မသေသေးဘူးလို့လည်း အသိတယောက်ကပြောတယ်။ သူကားမောင်းသွားတာတွေ့တယ်ဆိုပြီး လူတယောက်က ဖုန်းခေါ်လာတယ်။ သူလူမှားတယ်လို့ထင်တယ်။

၅၅ကိုသိမ်းတုန်းက ဖမ်းခံထားရတဲ့လူတွေ ဘာဖြစ်သွားလဲဆိုတာလေး သိရင်ပြောပြ ပါလားခင်ဗျ။ ကျွန်တော်တို့မှာဆက်ပဲရှာရမလိုလို၊ အမျှပဲဝေရမလိုလို ဖြစ်နေလို့ပါ။

ကျနော်ကလည်း အဝေးမှာပါ။ ကျနော့အစ်ကို အသက်ရှင်နေသေးလို့ ဒီစာကိုမြင်ရင် ကျနော့ ဒီဖုန်းနံပတ်ကို ဆက်သွယ်ပေးဖို့ ထည့်ပြောပေးပါ။ ကျနော့်အစ်ကို ဆက်သွယ်လာတာကို စောင့်မျှော်နေပါ့မယ်။

ဆက်သွယ်ရမည့်နံပတ်- 09670855246

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button