LetterPeople Voice

သံတွဲမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများထံသို့

တာဝန်ရှိသူများခင်ဗျား

သံတွဲမြို့မှ စစ်ရှောင်လာသော အချိန်ကတည်းက လူကြီးမင်းတို့ ပညာရေးမှူးရုံးသည် သင်ကြားရေး ဆရာ ဆရာမများထက် ကြိုတင် စစ်ရှောင် သွားကြပါသည်။ လက်အောက်ငယ်သား ဆရာ ဆရာမများကို မည်သည့် ညွှန်ကြားချက်ကိုမှ မထုတ်ပြန်ဘဲ၊ ကိုယ့်အထုတ်ကိုဆွဲကာ သူများထက်ဦးအောင် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပါ သည်။

ဆရာ ဆရာမများ သံတွဲမြို့မှ စစ်ရှောင်(ထွက်ပြေး,)လာသည့်အချိန်တွင် လူကြီးမင်းတို့ သံတွဲ ပညာရေးမှူးရုံး သည် ဂွမြို့တွင် ယာယီရုံးစိုက်နေပြီး ဖြစ်ပါသည်။

ယခုပြောပြချင်သော အကြောင်းအရာများသည် သံတွဲမြို့နယ်ရှိ ပညာရေးဝန်ထမ်း(မြို့နယ်ပညာရေးမှူးရုံးမှအပ) အားလုံး၏ ရင်တွင်းတွင် ကြိတ်မှိတ် ခံစားနေရရှာသော အကြောင်းအရာ အဖြစ်အပျက်များပင်ဖြစ်သည်။

လူကြီးမင်းတို့သည် သံတွဲမြို့နယ်ရှိ ပညာရေးဝန်ထမ်း ၁၀၀၀ ကျော်၏ (ဇူလိုင်လ၊ ဩဂုတ်လ) လစာများကို မည်သို့စီစဉ်ပေးပါမည်နည်း။

လုပ်သက်ပေါင်းများစွာရင်းနှီး၍ လုပ်ကိုင်လာသော ဆရာ၊ ဆရာမ အလုပ်ကို မစွန့်လွှတ်လို၍၊ မိသားစု၏ ကျန်းမားရေး၊ ပညာရေးများကို ရှေးရှု၍ ကိုယ်ပိုင်ဆိုင်သော အရာများကို စွန့်လွှတ်ပြီး စစ်ရှောင်(ထွက်ပြေး) လာကြရပါသည်။

၆လပိုင်း ဇွန်လကို နောက်ဆုံးအချိန်ထိ တတ်နိုင်သမျှ ကျောင်းတက်ရောက်ခဲ့သော ဆရာ ဆရာမ များကို လူကြီးမင်းတို့သည် ဇွန်လ ‌အတွက် ပေးအပ်ရမည့် လစာငွေကို ဇူလိုင်လ လကုန်ရက်မှ ပေးအပ်ခဲ့ပါသည်။

ပေးအပ်သည့် လစာများကိုလည်း အကြောင်းအမျိုးမျိုးပြကာ သောင်းဂဏန်းထက် မနည်း ဖြတ်တောက်ခဲ့ ပါသည်။

ခြွင်းချက်အနေဖြင့် လူကြီးမင်းတို့ပတ်သက်သော အမျိုးအဆွေများ၊ လူကြီးမင်းတို့နှင့် အကြောင်း အမျိုးမျိုး ကြောင့် ပတ်သက်သူများကိုတော့ ဖြတ်တောက်ခြင်း မရှိဟု ကြားသိရပါသည်။

ယခုအချိန်တွင် ဆရာ ဆရာမ များသည် အိုးပစ်၊ အိမ်ပစ်ကာ လက်ရှိရာထူးနှင့် ကင်းကွား မဖြစ်လို၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အသနားခံ တင်ပြကာ ယာယီတွဲခြင်း ကိစ္စများကို ဆောင်ရွက်ပြုလုပ်ကြရပါသည်။

အထက်ပါ ယာယီတွဲခြင်းကိစ္စများတွင်လည်း သံတွဲပညာရေးမှူးရုံးသည် မည်သို့လုပ်ဆောင်ရမည်၊ မည်သို့လုပ် ဆောင်သင့်သည်ဟု အကူအညီ ညွှန်ကြားခြင်းများ မပြုလုပ်ပေးခဲ့ပါ။

လက်ရှိတိုင်းဒေသကြီး၊ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်နေသော ဆရာ ဆရာမ များသည် ဩဂုတ်လ၊ စက်တင်ဘာလ များမှ စတင်ကာ သက်ဆိုင်ရာကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ပါသည်။

စက်တင်ဘာလအတွက် လစာများကို သက်ဆိုင်ရာ မြို့နယ်များမှ တဆင့် ရရှိသူများရှိသလို မရရှိသေးသူများ လည်း ရှိကြပါသေးသည်။

ဇူလိုင်လ နှင့် ဩဂုတ်လများ အတွက် လစာငွေများကို သံတွဲမြို့နယ်ပညာရေးမှူးရုံးမှ မည်သို့ စီစဉ်ပေးရန် စဉ်းစား နေကြသည်ကို သိရှိလိုပါသည်။

ကျန်ပြည်နယ် စစ်ဘေးရှောင်များတွင် အဖြတ်အတောက်ကင်းစွာ လစာများကို လစဉ် ရရှိနေသည်ဟု ကြားသိ ထားရပါသည်။

ဇူလိုင်လ နှင် ဩဂုတ်လများအတွက် သံတွဲမြို့နယ်ပညာရေးမှူးရုံးနှင့် ပတ်သက်သော အမျိုးအ‌ဆွေများ ၊ တူ၊ တူမ များ၊ မီးဖွားခွင့်ယူထားသူများ ရရှိသိဟု ကြားသိထားပြီး ဖြစ်ပါသည်။

လူကြီးမင်းတို့ကိုယ်တိုင် ရခိုင်သူ၊ ရခိုင်သားများဖြစ်သည့်အတွက် ယခုလို ဒုက္ခရောက်ချိန်တွင် တစ်ပူပေါ် နှစ်ပူ မဆင့်အောင်၊ လဲနေသူကို ဖိထိုင် သကဲ့သို့ အပြုအမှုမျိုးများကို မပြုလုပ်သင့်ကြောင်းနှင့် လူသားခြင်း ကိုယ်ချင်း စာစိတ်များရှိပြီး အမြန်ဆုံးပြေလည် ရန်ကူညီလုပ်ဆောင်ပေးသင့်ကြောင်း တင်ပြလိုက်ရပါသည်။

ပညာရေးဝန်ထမ်းတစ်ဦး(သံတွဲမြို့နယ်)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button