Thandwe
-
Battle
တောင်ကုတ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဗုံးကြဲ၍ အမျိုးသမီးတဦးသေဆုံး
တောင်ကုတ်၊ ဩဂုတ် ၂၂ ရက်၊ ၂၀၂၄။ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ တောင်ကုတ်မြို့နယ် အနီးဝန်းကျင် ကျေးရွာ ၄ရွာထက်မနည်းကို စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့ရာ တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာရှိ လူနေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီးတဦး…
Read More » -
Letter
“စစ်ရှောင်ဘေးရှောင်တဦးရဲ့ အတိုဆုံးဝတ္ထု”
စစ်ရှောင်တွေအတွက် တိုက်ခန်းအငှား/ အိမ်အငှားတွေမှာ လူကြီး မပါရ၊ ကလေး မပါရ၊ ၃ ယောက်ထက်မပိုရ၊ ကန့်သတ်လူဦးရေထက်မပိုရတို့တွေ့ရင် ဝမ်းနည်းစိတ်၊ နာကျင်စိတ်၊ ခံပြင်းစိတ်တွေသိပ်ဖြစ်ရတယ်။ ရှောင်လာရတဲ့သူတွေဟာ ကိုယ့်အိမ် ကိုယ်ယာ အိမ်ကြီးရက်သာနဲ့ လူတွေချည်းပါပဲ။ အခြေမဲ့ အနေမဲ့သူတွေမဟုတ်ပါဘူး။…
Read More » -
Press Photo
ကျိန္တလီမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်ဥပဒေချိုးဖောက်မှု မှတ်တမ်းဓာတ်ပုံများ
ကျိန္တလီ၊ ဩဂုတ် ၁၆၊ ၂၀၂၄။ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား ယခုလ ၁၀ ရက်နေ့ကစတင်ခဲ့သည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ တိုက်ပွဲအတွင်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ မြို့ရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။…
Read More » -
Battle
မောင်ရွှေလေးရေတပ်အနီး သစ်ကောက်ရွာဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား ၆ ဦးသေဆုံး၊ အလောင်း မကောက်နိုင်သေး
သံတွဲ၊ ဩဂုတ် ၁၁၊ ၂၀၂၄။ သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်းနှင့် ၁ မိုင်ကျော်ဝေးသော သစ်ကောက်ကျေးရွာ ဘုန်းကြီး ကျောင်းသို့ ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သဖြင့် အရပ်သား ပြည်သူ…
Read More » -
Battle
သံတွဲအကျဉ်းထောင်မှ နိုင်ကျဉ်းအပါအဝင် အကျဉ်းသား ၃၇၀ ကျော်ကို AA ကယ်ထုတ်၊ စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးထိမှန်ပြီး အကျဉ်းသား ၇ ဦးသေဆုံးခဲ့
သံတွဲ၊ ဩဂုတ် ၈၊ ၂၀၂၄။ စစ်ကောင်စီက နိုင်ငံရေးပုဒ်မဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် သံတွဲအကျဉ်းထောင်မှ အကျဉ်သား ၃၇၂ ဦးကို အာရက္ခတပ်တော်က ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများကိုလည်း ၎င်းတို့၏ မိသားစုထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။…
Read More » -
Battle
စစ်ကောင်စီက သံတွဲမှတ်ပုံတင်ကိုင်ဆောင်ထားသူများအား ရခိုင်သို့ ဝင်ခွင့်ကန့်သတ်နေ
သံတွဲ၊ ဩဂုတ် ၆၊ ၂၀၂၄။ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာ စစ်ဘေးရှောင်နေကြသည့် သံတွဲသူ၊ သံတွဲသားများကို စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ရခိုင်ပြည်နယ်သို့ ပြန်ဝင်ခွင့် ကန့်သတ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများထံမှ စုံစမ်းသိရှိရသည်။ ဧရာဝတီတိုင်းမှာ…
Read More » -
Press Photo
//Photo News//
သံတွဲမြို့ကနေ စစ်ရှောင်လာတဲ့ မိသားစုပါ။ ကလေး ၂ ယောက်ပါလာတယ်။ တွန်းလှည်းလေးကို ပလပ်စတစ်မိုး အိမ်ပုံစံလုပ်ပြီး ခရီးနှင်လာခဲ့ကြတာပါ။ အဲဒီတွန်းလှည်းလေးပေါ်မှာ ပစ္စည်းတွေလည်းပါတယ်၊ ကလေးတွေလည်း သယ်လာတယ်။ လမ်းမှာ ၉ ညအိပ်ခဲ့ပြီး ခရီးနှင်လာခဲ့ရတယ်လို့ သိရတယ်။ သူတို့မိသားစု…
Read More » -
Health
တပတ်ကြာသတိမေ့မျောနေသည့် ကလေးငယ် ပြန်လည်သတိရသက်သာလာပြီးမှ ဆုံးပါး
ဂွ၊ ဩဂုတ် ၃၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားဆေးရုံတွင် ဥဏှောက်ပိုးဝင်ကာ တပတ်ကြာသတိလစ်မေ့မျော ဆေးကုသ ခံနေရသည့် ကလေးလူနာအား ရန်ကင်းကလေးဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ကာ ကုသနေစဉ် ရက်အတန်ကြာသက်သာလာခဲ့သော်လည်း ယနေ့ မွန်းလွဲ ၃နာရီဝန်းကျင်တွင် ဆုံးပါးသွားခဲ့ကြောင်း…
Read More » -
Battle
စစ်ရှောင်ပြည်သူများခိုလှုံနေသည့် ကျောက်ကြီးကျေးရွာကို ရေတပ်က လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ခတ်
သံတွဲ၊ ဩဂုတ် ၂၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ငပလီကမ်းခြေမြို့များမှ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်ကောင်စီရေတပ်က ယနေ့ညနေပိုင်းတွင် လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ကြောင်း မိသားစုနှင့် အဆက်အသွယ်ရရှိခဲ့သည့် သံတွဲဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။…
Read More » -
Crime
သံတွဲတိုက်ပွဲအတွင်း အဆက်အသွယ်ပြတ်နေသူများ၏ မိသားစုဝင်များအား တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ငွေညှစ်မှု ဆက်တိုက်ဖြစ်ပွားနေ
သံတွဲ၊ ဩဂုတ် ၁၊ ၂၀၂၄။ စစ်တပ်က ဖမ်းဆီးထောင်ချခြင်းခံထားရသည့် မိသားစုဝင်တဦးနှင့် သံတွဲတိုက်ပွဲ ပြင်းထန်ပြီးနောက်အဆက်အသွယ်ပြတ်တောက်နေ၍ တွေ့ရှိပါက ဆက်သွယ်နိုင်ရန် လူမှုကွန်ရက်တွင် အကူအညီ တောင်းခဲ့ရာ အမည်မသိသူများက တယ်လီဖုန်းနှင့်ဆက်သွယ်ကာ ငွေညှစ်ခြိမ်းခြောက်ခြင်းများ ကြုံနေရကြောင်း သိရသည်။ “ည…
Read More »