Editorial
စစ်ကြီးကို အတူတကွ ကျော်ဖြတ်ကြမည်

ဒွါရာဝတီ ဇွန် ၂၄၊ ၂၀၂၄။
ဒွါရာဝတီသတင်းဌာနသည် ရခိုင်ပြည်သူလူထုနှင့် ရခိုင်ပြည်တောင်ပိုင်းကို အထူးပြုရေးသားဖော်ပြသည့် သတင်းဌာနတစ်ခုဖြစ်သည်။ ယခုအခါ ရခိုင်ပြည်နယ်တောင်ပိုင်း ငပလီနှင့် သံတွဲမြို့၌ တိုက်ပွဲများဖြစ်ပွားနေ ခြင်းကြောင့် စစ်ဘေးရှောင်ပြေးရသူများ ရှိနေကြသည်။ ၎င်းတို့၏ ဒုက္ခအဝဝကို ဒွါရာဝတီသတင်းဌာန အနေဖြင့်လည်း ထပ်တူထပ်မျှ ခံစားရပါသည်။
သို့ဖြင့်ပါ၍ ရခိုင်ပြည်သူနှင့် ရခိုင်ပြည်နယ်တောင်ပိုင်း စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မီဒီယာမှတဆင့်ပြော ကြာလိုသည့် အရေးကိစ္စများရှိပါက ဒွါရာဝတီသတင်းဌာနမှတဆင့် ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းနှင့် ဒွါရာဝတီသတင်းဌာနအနေဖြင့် ရခိုင်ပြည်သူ၊ သံတွဲမြို့ခံများ၏ ကြုံတွေ့နေရသည့် အရေးကိစ္စများကို အတူတကွ ဖြတ်ကျော်ဖြေရှင်းမည်ဖြစ်ကြောင်း ပြောကြားလိုပါသည်။
ဒွါရာဝတီလူထုအခြေပြုသတင်းဌာန




Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.