BattleNews

မောင်တော၌ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို ရွှေတုံးများနှင့်အတူ အသေဖမ်းမိ

ညီညီခိုင်

မောင်တော၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၄။

ရခိုင်ပြည်၊ မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲခွဲ (နခခ-၅) မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်သွားသည့် အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးအချို၊ ရွှေထည်အချိုအပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်ဟု အာရက္ခတပ်(အေအေ) ယနေ့ထုတ်ပြန်သည်။

၎င်းကို ဒီဇင်ဘာ ၁၇ ရက်တွင် မောင်တောမြိုနယ်၊ ရွှေဇားကပ္ပကောင်းချောင်းနားရှိ ပုစွန်ကန် တဲထဲ၌ အသေဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

တပ်မမှူးဗိုလ်မှူးကြီးအောင်နေမျိုးသည် စစ်ကောင်စီတပ်နှင့် ခေတ်အဆက်ဆက် ပူးပေါင်းလာခဲ့ကြသော ဒေသခံမွတ်ဆလင်များ၏ အကူအညီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲဝင်များနှင့် ကမ်းခြေစောင့်တပ်များ၏ အချိန်ပြည့် ဝိုင်းရံပိတ်ဆို့ ရှာဖွေမှုများ အောက်တွင် လွတ်မြောက်ရန် အခွင့်အရေးမရခဲ့ဘဲ ၎င်းတို့ကိုယ်တိုင်ထောင်ထားသော မိုင်းကို နင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အေအေက ဆိုသည်။

ဒီဇင်ဘာလ (၈) ရက်တွင် မောင်တောမြို့၌ တခုတည်းကျန်ရှိနေခဲ့သော နခခ (၅) စခန်းကြီးကို အာရက္ခတပ်တော်မှ အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။

အဆိုပါ စခန်းမှ လက်နက်ချအညံ့မခံဘဲ ကစဉ့်ကလျား ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲဝင်များနှင့် ၎င်းတို့နှင့်အပေါင်းအပါ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းခဲ့ရာ ဘူးသီးတောင်မြို၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့ကို ဒီဇင်ဘာလ ၈ ရက် မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်တွင် အရှင် လက်ရဖမ်းဆီးရမိခဲ့သည်။

Related Articles

One Comment

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button