Battle
-
သံတွဲနှင့် ဂွ ပတ်ဝန်းကျင် ပင်လယ်ပြင်တွင် စက်လှေများ သွားလာခွင့်အား စစ်ရေးလိုအပ်ချက်အရ အရေးပေါ် ပိတ်လိုက် ကြောင်း ULA/AA ထုတ်ပြန်
သံတွဲ၊ ဩဂုတ် ၁၊ ၂၀၂၄။ စစ်ကောင်စီသည် အရပ်သားစက်လှေများကို အသုံးချကာ တပ်အင်အား ဖြည့်တင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက် ခဲယမ်းများကို သယ်ယူပို့ဆောင်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် သံတွဲမြို့နှင့် ဂွမြို့ ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်တွင် စက်လှေများ သွားလာခွင့်ကို…
Read More » -
ချင်းကွင်းတံတားကို မိုင်းခွဲဖျက်ဆီးပြီးနောက် အေအေဖျက်ဆီးခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်
ဂွ၊ ဇူလိုင် ၃၀၊ ၂၀၂၄။ ဇူလိုင် ၂၄ရက် ညပိုင်းက စစ်ကောင်စီက မိုင်း ၃လုံးခွဲကာဖျက်ဆီးခဲ့သည့် သံတွဲ-ဂွအဝေးပြေး လမ်းမပေါ်ရှိ ချင်းကွင်းတံတားကို အာရက္ခတပ်တော်(အေအေ)က ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ၎င်းတို့၏ “ရဲဝံ့စွန့်စား ပြည်ချစ်သား”ဆိုသည့် မီဒီယာမှတဆင့်…
Read More » -
ချင်းကွင်းတံတားကို မိုင်းခွဲအပြီး စစ်ကောင်စီဆုတ်ခွာနေ
သံတွဲ၊ ဇူလိုင် ၂၇၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ သံတွဲ-ဂွလမ်းပေါ်ရှိ ချင်းကွင်းတံတားကို မိုင်းခွဲဖျက်ဆီးအပြီး စစ်ကောင်စီတပ်သားများ ယနေ့နံနက်ပိုင်းတွင် ချင်းကွင်းကျေးရွာမှတပ်ဆုတ်သွားပြီး ဂွမြို့နယ်ဘက်သို့ ထွက်ခွာသွားကြောင်း ဒေသခံများထံမှသတင်း ရရှိသည်။ “အင်အား ၇၀ လောက်ရှိမယ်၊ ဂွဘက်ကို တက်သွားတယ်”…
Read More » -
ငပလီကမ်းခြေရှိ ဂျိတ္တောရပ်ကွက်၌အထိုင်ချထားသည့် စစ်ကောင်စီတပ်သားအချို့ လှေနှင့်ထွက်ပြေး
သံတွဲ၊ ဇူလိုင် ၂၆၊ ၂၀၂၄။ ငပလီကမ်းခြေတောင်ဘက်စွန်းရှိ စစ်ကောင်စီတပ်အထိုင်ချထားရာ ဂျိတ္တောရပ်ကွက်မှ စစ်ကောင်စီ တပ်သားအချို့ မနေ့ညပိုင်းတွင် လှေနှင့်ထွက်ပြေးသွားကြပြီး၊ ယနေ့နေ့လည် ၂နာရီဝန်ကျင်တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်ကာ လေကြောင်းဗုံးကြဲမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ “မနေ့ညကမှောင်ခါနီးမှာ ကမ်းနားက စစ်သားအစိတ်လောက်…
Read More » -
ကျိန္တလီမြို့အနီးက ချင်းကွင်းတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီး
ကျိန္တလီ၊ ဇူလိုင် ၂၄၊ ၂၀၂၄။ ရခိုင်ပြည်တောင်ပိုင်း၊ ကျိန္တလီမြို့အနီးရှိ ချောင်းကူးတံတားတစ်စင်းဖြစ်သော ချင်းကွင်းတံတားကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက မိုင်းခွဲဖျက်ဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။ သံတွဲမြို့၊ ငပလီမြို့များကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီဖြစ်သော စစ်ကောင်စီလက်အောက်ခံတပ်များသည် သံတွဲမြို့တောင်ဘက်ရှိ ကျိန္တလီနှင့် ဂွမြို့နယ်များဘက်သို့ ဆုတ်ခွာပြီး…
Read More » -
စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ကျိန္တလီမြို့တွင် အရပ်သားတဦးသေဆုံးပြန်
ကျိန္တလီ၊ ဇူလိုင် ၂၄၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲရှိ သဖန်းကွင်းကျေးရွာအနီးတောင်ကြောသို့ ဒညင်းသီးခူးရန်သွားသည့် အရပ်သားတဦး စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသည့်ဖြစ်စဉ်တခု ယနေ့ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ သေဆုံးသူသည့် အသက် ၂၈နှစ်အရွယ်၊…
Read More » -
သံတွဲရေတပ်သို့ သွားရာကားလမ်းကြောင်းပေါ်ရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်၊ အရပ်သားတဦးသေဆုံး
သံတွဲ၊ ဇူလိုင်၊ ၂၃။ သံတွဲမြို့နယ်၏ ကွမ်းဝိုင်းရေတပ်စခန်းသို့သွားသည့် လမ်းပေါ်ရှိ သရက်ပင်ကွင်းကျေးရွာအနီးသို့ မနေ့ညနေပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံတဦး သေဆုံးကာ၊ တဦးထိခိုင်ဒဏ်ရာရှိခဲ့ပြီး ဒေသခံများသည် လတ်တလောဘေးလွတ်ရာသို့ ညတွင်းချင်း တိမ်းရှောင် နေကြရကြောင်း ဒွါရာဝတီက…
Read More » -
ငပလီကမ်းခြေရပ်ကွက်တခုတွင် ပိတ်မိနေသူများ ရိက္ခာပြတ်နေ
သံတွဲ၊ ၂၃၊ ဇူလိုင်၊ ၂၀၂၄။ ငပလီကမ်းခြေတိုက်ပွဲများနှင့် ၁မိုင်ဝန်းကျင်အကွာရှိ ဂျိတ္တောရပ်ကွက်တွင် စစ်ဘေးမရှောင်နိုင်ဘဲ ပိတ်မိနေသူများသည် စားနပ်ရိက္ခာများပြတ်နေပြီဖြစ်ပြီး၊ အချို့နေရာများတွင် သက်ကြီးရွယ်အိုနှင့် ကလေး ငယ်များ အစာမစားရဘဲရှိနေကြောင်း ဒေသခံစစ်ဘေးရှောင်များထံမှ သတင်းရရှိသည်။ “ပိတ်မိနေတဲ့သူတွေကတော့ ငတ်ကုန်ပြီ၊ ဆန်ဝယ်လို့မရတော့ဘူး၊…
Read More » -
သံတွဲမြို့နယ် စစ်ရှောင်ပြည်သူများအသုံးပြုနေသည့် တံတားငယ်များ စစ်ကောင်စီကမိုင်းခွဲချိုးဖျက်
သံတွဲ၊ ဇူလိုင် ၂၀၊ ၂၀၂၄။ မနေ့ညနေကစတင်ကာ စစ်ကောင်စီတပ်က သံတွဲမြို့တောင်ဘက် ဇလွန်-သပြုချိုင်ဆိပ်ကမ်း ကားလမ်းပေါ်ရှိ ကျေးရွာချင်းဆက်တံတားများကို ချိုးဖျက်လိုက်ကြောင်း အမည်မဖော်လိုသည့် ဒေသခံများထံမှ သတင်း ရရှိသည်။ ဇလွန်-သပြုချိုင်ဆိပ်ကမ်း ကားလမ်းမပေါ်ရှိ ဆင်ဒင်ကြီးကျေးရွာနှင့် ဆင်ဒင်လေးကျေးရွာကြားရှိ သာယာကုန်းတံတားနှင့်…
Read More » -
စစ်ကောင်စီရေတပ်၏ ပစ်ခတ်မှုကြောင့် အဘဲရွာက စစ်ရှောင် အရပ်သား ၂ ဦး သေဆုံးပြီး ကလေး ၁ ဦး ဒဏ်ရာရ
သံတွဲ၊ ဇူလိုင် ၁၉၊ ၂၀၂၄။ သံတွဲစစ်ဇုန်အတွင်းမှ တိမ်းရှောင်လာသည့်စစ်ဘေးရှောင်များ ယာယီခိုလှုံနေသော ကျေးရွာများအနက် သံတွဲမြို့တောင်ဘက် မဲနယ်ကွင်းကျေးရွာနှင့် အဘဲကျေးရွာများသို့ စစ်ကောင်စီရေတပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ပြီး၊ အဘဲကျေးရွာတွင် အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သည့်…
Read More »