
သံတွဲ ဇူလိုင် ၁၃၊ ၂၀၂၄။
ဇူလိုင်လ (၁၂) ရက်တွင် သံတွဲမြို့၊ နံတော်တောင်တံတား(ရွှေကျောင်းပြင်တံတား)ပေါ်တွင် စစ်ကောင်စီသည် အဆိုပါတံတားအား ဖောက်ခွဲဖျက်ဆီးရန် တံတားပေါ် ၌ မိုင်းများထောင်ထားခဲ့သည်ဟု အေအေက ဇူလိုင် ၁၃ ရက် ယနေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ထို့အပြင် ၎င်းတို့ဆုတ်ခွာထွက်ပြေးသွားသည့်လမ်းများ၊ ၎င်းတို့စခန်းချရာ အနီးပတ်ဝန်းကျင်များ၌ စွန့်လွှတ်မိုင်းများစွာကို ထောင်ထားသည်များကို တွေ့ရှိရသည်။

ထို့ကြောင့် အရပ်သားပြည်သူလူထုအနေဖြင့် မိုင်းနှင့်ပတ်သက်သော ဗဟုသုတ၊ အသိပညာများကို သိရှိအောင် ပြုလုပ်ထားခြင်း၊ စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ်ကောင်စီ (ယာယီ)စခန်းချခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းများကို လတ်တလောအခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေထိုင်ကြရန် အသိပေးထုတ်ပြန်သည်။



Your point of view caught my eye and was very interesting. Thanks. I have a question for you. https://www.binance.com/register?ref=IHJUI7TF