
သံတွဲ၊ ဇွန် ၂၃၊ ၂၀၂၄။
သံတွဲမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်ကာလ၌ ကျောင်းဆရာ၊ ဆရာမများကို ကျောင်းနှင့် ရုံးပြန် တက်ရန် အဓမ္မတိုက်တွန်း ညွန်ကြားခဲ့သည့် သံတွဲခရိုင်ပညာရေးမှူးသည် ဇွန် ၂၂ ရက် ယမန်နေ့က သံတွဲမြို့မှ ထွက်ပြေးသွားသည်ဟု သံတွဲမြို့နယ်ပညာရေးအသိုင်းအဝိုင်းက သိရသည်။
သံတွဲခရိုင်ပညာရေးမှူးသည် မေလအတွင်းက သံတွဲမြို့နယ်အတွင်းရှိ ကျောင်းဆရာ၊ ဆရာမများကို ရုံးပြန်တက် ရန်နှင့် ကျောင်းပြန်တက်ပြီး ကျောင်းအပ်လက်ခံခြင်းများ ပြုလုပ်ရန် အတင်းအဓမ္မတိုက်တွန်းခဲ့ကြောင်း၊ ထိုကဲ့သို့ မပြုလုပ်ပါက ကျောင်းဆရာ၊ ဆရာမများအား လစာထုတ်မပေးကြောင်းစသဖြင့် ခြိမ်းခြောက်ခဲ့ သူဖြစ်ကြောင်း သံတွဲပညာရေးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
“ဆရာမတွေကိုတော့ ကျောင်းတက်ခိုင်းပြီး သူကတော့ပြေးပြီ။ ပညာရေးရုံးက လူတွေ အဖွဲ့လိုက်ပြေးကြတာ၊ ဒီနေ့တော့ ဂွမြို့ရောက်နေပြီလို့ကြားတယ်” ဟု သူက ပြောသည်။
လက်ရှိအချိန်တွင် သံတွဲခရိုင်ပညာရေးရုံးအဖွဲ့နှင့်အတူ စိုက်ပျိုးရေ၊ ဆည်မြောင်း၊ လျှပ်စစ်စသည့်ဌာနများမှ ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်သွားကြခြင်းဖြစ်ပြီး အချို့သော အုပ်ချုပ်ရေးဌာနများမှ မေလအတွင်းက တည်းက သံတွဲမြို့မှ ထွက်ပြေးတိမ်းရှောင်သွားကြပြီးဖြစ်သည်။
မေလက သံတွဲမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့်အချိန် သံတွဲခရိုင်ပညာရေးမှူးသည် ကျောင်းအုပ် ကြီးများမှ တဆင့် ကျောင်းဆရာ၊ ဆရာမများအာ အတင်းအဓမ္မအစည်းအဝေးခေါ်ခိုင်းခြင်း၊ ကျောင်းဖွင့်ခိုင်း ခြင်း၊ ကျောင်းအပ်လက်ခံခြင်းများပြုလုပ်ခဲ့သေးသည်။
လက်ရှိ၌ သံတွဲမြို့နှင့်အနီးဆုံးနေရာတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်ဖွဲ့ ကြားတိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် အရပ်သားပြည်သူသေဆုံးမှု များလည်း ဖြစ်ပွားလျက်ရှိသည်။



Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? https://www.binance.bh/register?ref=MBLCVVZG