
တောင်ကုတ်၊ ဩဂုတ် ၄၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ သံတွဲဘက်သို့အထွက် ဖုံညိုစစ်ဆေးရေးဂိတ်သို့ ဖြတ်သန်း သွားလာနေသော ဒေသခံပြည်သူများကို စစ်ကောင်စီက ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။
ယခုလ ၂ရက်နေ့ မွန်းလွဲ ၃နာရီဝန်းကျင်တွင် တောင်ကုတ်မြို့မှ ခရိုင်ကျေးရွာသို့သွားမည့် အသက် ၅၀ ကျော်အရွယ်လူကြီးပိုင်းတဦးနှင့် အသက် ၂၀ကျော် လူငယ် ၂ဦးကို အဆိုပါစစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီး ယနေ့တိုင် မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်တဦးက ပြောသည်။
သူက ”ဘာကြောင့်ဖမ်းသွားလဲဆိုတာ မသိရသေး၊ အမိသည်နဲ့ အစ်မတွေကလည်း အဝေးမှာ ဆိုတော့ အဆက်အသွယ်လည်းမရသေးတော့ စိတ်ပူနေကြတယ်” ဟု ဒွါရာဝတီသို့ ပြောသည်။
အဖမ်းခံရသူ ၃ဦးမှာ ဦးလှမြင့်၊ မောင်အောင်ချမ်းငြိမ်းထွန်းနှင့် ၎င်း၏ သူငယ်ချင်းတို့ဖြစ်ကာ၊ တပ်မ ၅၄၄တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု စစ်တပ်နှင့် နီးစပ်သူများထံမှတဆင့် သိရှိထားရကြောင်း သူက ပြောသည်။
အလားတူ ဇူလိုင် ၃၁ ရက်၊ ညနေ ၄နာရီဝန်းကျင်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သို့ လစာလာထုတ်သည့် သူနာပြု(သားဖွား)များဖြစ်သည့် မမိုးစန္ဒာနှင့် မသီသီလွင်၊ အမည်မသိသေးသည့် ပညာရေးဝန်ထမ်းဆရာမတဦးနှင့် သူ၏ ကလေးငယ် အဆိုပါ ဖုံညိုဂိတ်၌ပင် ဖမ်းဆီးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
၎င်းတို့အား ၅၄၄ တပ်ထဲတွင် ထိန်းသိမ်းထားပြီး ဖမ်းဆီးသည့် အကြောင်းအရင်းကို မသိရ သေးကြောင်း၊ မိသားစုနှင့်လည်း အဆက်အသွယ်မရသေးကြောင်း မိသားစုနှင့် နီးစပ်သူတဦးထံမှ သိရသည်။
ထို့ပြင် ဇူလိုင် ၆ရက်က တောင်ကုန်မြို့နယ်၊ သိမ်တောင်၊ ဒုံနှင့် ဝဲကြီးရပ်ကွက်များသို့ စစ်ကောင်စီ တပ်က ဝင်ရောက်ခဲ့ပြီး ဒေသခံ ၆ဦးကို အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ၎င်းတို့၏ နေအိမ်များတွင် ဖမ်းဆီးခဲ့သည်။ ယင်းအနက် အချို့ကို ပြန်လွှတ်ပေးခဲ့ပြီးအချို့ကို ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ကုတ်မြို့တွင် ယနေ့ ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးစခန်းများက တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ၊ မြို့တွင်းတွင် စစ်ကားဖြင့် ကင်းလှည့်ခြင်း၊ မြို့အနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသောကြောင့် စိုးရိမ်စိတ်များဖြစ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ပုံစာ-ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း တောင်ကုတ်မြို့လယ်ကောင်တွင် သွားလာနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
ဓာတ်ပုံ- CJ



Your point of view caught my eye and was very interesting. Thanks. I have a question for you.
Thanks for sharing. I read many of your blog posts, cool, your blog is very good.
Thanks for sharing. I read many of your blog posts, cool, your blog is very good. https://www.binance.bh/register?ref=IHJUI7TF