
ဒွါရာဝတီ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၄။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့် တနှစ်တာ ကာလအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်က ရခိုင်ပြည်နယ်ရှိ တံတားအကြီးအသေးစုစုပေါင်း ၂၈ စင်းကို ဖျက်ဆီးသလို ဘာသာရေးအဆောက်အအုံ ၇၃ ခုကိုလည်း ပျက်စီးခဲ့သည်ဟု နိုဝင်ဘာ ၁၃ ရက်၌ အေအေက ထုတ်ပြန်သည်။
၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ အေအေနှင့် စစ်ကောင်စီကြားတိုက်ပွဲများဖြစ်ပွားခဲ့ရာ၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်းလမ်းပန်းဆက်သွယ်ရေးအတွက် တည်ဆောက်ထားသည့် တံတားအကြီးအသေး စုစုပေါင်း ၂၈ စင်းကိုဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးရှုံးနိမ့်ခဲ့သည့် စစ်ကောင်စီသည် ၎င်းတို့ဆုတ်ခွာထွက်ပြေးခဲ့ရာလမ်းတလျှောက်ရှိ တံတားများကို ဆက်တိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်ရာ ယခုရက်ပိုင်းအတွင်းမှာလည်း ဆပ်သွားတံတားကို စစ်ကောင်စီက ထပ်မံမိုင်းခွဲဖျက်ဆီးခဲ့သည်ဟု သိရသည်။
ထို့အပြင် ဗုဒ္ဓဘာသာဝင်ဘုန်းကြီးကျောင်း ၇၀ ၊ ဗလီ ၂ ခု၊ ခရစ်ယာန်ဘုရားကျောင်း ၁ စုစုပေါင်း ဘာသာရေး အဆောက်အအုံ ၇၃ ခုတို့ကိုလည်း ပျက်ဆီးခဲ့သည်။
အလားတူ စစ်ကောင်စီသည် ဆေးရုံး ၁၂ လုံး၊ စာသင်ကျောင်း ၃၀၊ ဈေး ၂၁ ခု ဌာနဆိုင်ရာအဆောက်အအုံ ၁၇ ခုတို့ကိုလည်း ပျက်ဆီးခဲ့သည်ဟု အေအေက ထုတ်ပြန်ထားသည်။



I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://accounts.binance.com/register/person?ref=W49FLGDN
Your point of view caught my eye and was very interesting. Thanks. I have a question for you.